ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ ကျွန်းတွေထဲမှာတော့ Elephant Island (ဆင်ကျွန်း) လို့ခေါ်ကြတဲ့ ကျွန်းဟာလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။
ဒီကျွန်းဟာ Southern Ocean ထဲက South Shetland Islands တွေထဲမှာ တည်ရှိပြီး သွားလာရခက်ခဲတဲ့ ကျွန်းတွေထဲမှာ ပါဝင်ပါတယ်။
ဆင်ကျွန်းလို့ခေါ်ရတဲ့ အကြောင်းရင်းကတော့ ဒီကျွန်းတစ်ခုလုံးဟာ ဆင်တစ်ကောင်ရဲ့ ပုံစံနဲ့ တော်တော်လေးကို တူနေတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒီကျွန်းဟာ လူတွေရဲ့ဖန်တီးမှုတစ်ခုမှမပါပဲနဲ့ သဘာဝအလျောက်ကို ဆင်တစ်ကောင်ရဲ့ ပုံစံဖြစ်နေတာပဲ ဖြစ်ပါတယ်။
ဒီကျွန်းဟာ ရေထဲမှာ ဆင်ကြီးတစ်ကောင် လဲလျှောင်းနေသလို ပုံစံမျိုးနဲ့ တည်ရှိနေတာဖြစ်ပြီး ဘေးတိုက်ဆိုရင် မျက်လုံးနေရာတွေကအစ တော်တော်လေးကို တူပါတယ်။
ဒါပေမယ့် ဒီကျွန်းဟာ ရေပတ်လည်ဝိုင်းနေတာကြောင့်သွားလာရခက်ခဲပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia