အိမ်ခြေယာမဲ့ ဆင်းရဲသားဘ၀ကနေ အရှုံးမပေးပဲ ကြိုးစားခဲ့တာကြောင့် အောင်မြင်ကျော်ကြားလာသူများ

//s9.kh1.co/b8/b8df164744d44cfee78a563bb9dc033c6a885757.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

တချို့သောအနုပညာရှင်တွေဟာ တခြားသူတွေလိုမျိုး အဆင်ပြေပြေ ချောမွေ့စွာ အောင်မြင်ကျော်ကြားလာကြတဲ့သူတွေ မဟုတ်ပါဘူး။ အောင်မြင်ဖို့အတွက် သူတို့တွေလျှောက်ခဲ့ရတဲ့လမ်းဟာ ခက်ခဲလွန်းလှပါတယ်။ ဒါကြောင့်ပဲ ခုချိန်မှာတော့ ဆင်းရဲသားဘ၀ကနေ အောင်မြင်ကျော်ကြားလာကြတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Ed Sheeran

https://s9.kh1.co/__image/w=650,h=435,q=100/eb/eb3c934c1669b903871127e5190afe0df2af3df3.jpg

Ed Sheeran ဟာ ယခုအချိန်မှာတာ့ ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့သူဖြစ်နေပါပြီ။ ဒါပေမယ့် သူအဆိုတော်အဖြစ် စလုပ်တုန်းက London မြို့မှာ တော်တော်လေးရုန်းကန်းခဲ့ရပါတယ်။ သူဟာ ကျောင်းထွက်ခဲ့ပြီး မကြာခဏဆိုသလို ညဘက်တွေမှာ London မြိုရဲ့ မြေအောက်ရထားဘူတာမှာ အိပ်တက်သလို အပူပေးစက်များပေါ်တွင်လည်း အိပ်ခဲ့ရပါတယ်။ " ဘက်ကင်ဟမ်နန်းတော်ရဲ့အပြင်ဘက်မှာ အပူပေးစက်တွေရှိတ‌ာကြောင့် ကျွန်တော်အဲ့ဒီမှာ တစ်ညနှစ်ညလောက်နေခဲ့ပါတယ်။ အဲ့အချိန်တုန်းက ကျွန်တော်ဟာ " Homeless " ဆိုတဲ့သီချင်းစာသားကိုရေးခဲ့တာပါ " ဆိုပြီး Sheeran ဟာ သူ့ရဲ့စာအုပ်ဖြစ်တဲ့ " A Visual Journey " စာအုပ်ထဲမှာ ထည့်သွင်းရေးသား ဖော်ပြခဲ့ပါတယ်။ တခါက သူဟာ အိမ်ခြေမဲ့နေရာတစ်ခုမှာ ဖျော်ဖြေနေစဉ် သူဟာ Angel လို့ခေါ်ပြီး မူးယစ်ဆေးစွဲနေတဲ့ ပြည်တန်ဆာတစ်ဦးနဲ့ တွေ့ဆုံးခဲ့ပါသေးတယ်။ Sheeran ဟာလည်းသူမအကြောင်းကို စိတ်၀င်စားခဲ့ပြီး " The A Team " လို့အမည်ပေးကာ သီချင်းရေးခဲ့ပါတယ်။ ဒီသီချင်းဟာ သူရဲ့ပထမဆုံး အောင်မြင်လာတဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပြီး သူ့ကိုလူတွေ အသိအမှတ်ပြုစေခဲ့ပါတယ်။ Sheeran ဟာခုချိန်မှာတော့ ပရိသတ်ကြီးအားလုံးသိကြတဲ့အတိုင်း အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ကာ ပိုင်ဆိုင်မှု ဒေါ်လာ ၆၄ သန်းရှိပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/7c/7c2044a63923593ad6e34b22de9525fcbe15502c.jpg

Leonardo DiCaprio

https://s9.kh1.co/__image/w=650,h=366,q=100/57/57032357efe36bc1ac11a0661ef8c28fbacfdba5.jpg

Leonardo DiCaprio ဟာ Hollywood မှာနာမည်ကြီးတစ်ယောက်မဖြစ်ခင်က သူဟာ LA ( Los Angeles ) က ဆင်ခြင်ဖုံးရပ်ကွက်မှာ ကြီးပြင်းလာခဲ့တဲ့ ဆင်းရဲသားတစ်ယောက်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က မင်းသားကြီးဟာ ဆင်းရဲနွမ်းပါးမှု၊ မူးယစ်ဆေးဝါးသုံးဆွဲမှုနဲ့ အကြမ်းဖက်မှု‌တွေကို တွေ့ခဲ့ရတာကြောင့် လူသားတွေရဲ့ အမှောင်ဘက်ခြမ်းကို ကောင်းကောင်း သရုပ်ဆောင်နိုင်တာပါလို့ ပြောခဲ့ဖူးပါတယ်။ " The Wolf of Wall Street " ကားထဲက ဇာတ်ကောင်လိုမ‌ျိုးနဲ့ တခြားပုံစံတူ ဇာတ်ကောင်တွေဟာ သူရဲ့ငယ်ဘ၀အတွေ့အကြုံနဲ့ မခြားကြောင်း နှိုင်းယှဉ်ပြောဖူးပါတယ်။ The Times ရဲ့ အင်တာဗျူးမှာ သူဟာ " ငါကဒီအကြောင်းပြောဖို့ဘယ်သူလဲ၊ ဒီဟာက အဲ့ဒီရပ်ကွက်ကို ပြန်သွားတာပဲ၊ အဲ့ဒီအချက်ဟာ ငါဆင်းရဲစွာ ကြီးပြင်လာရာကနေ စခဲ့ပြီး ငါ့အနေနဲ့လည်း သက်တန့်ရဲ့တခြား တစ်ဖက်ကို မြင်နိုင်ဖို့ ကြိုစားခဲ့တယ် " လို့ငယ်ဘ၀အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ DiCaprio ဟာလက်ရှိအချိန်မှာ ခန့်မှန်းခြေအားဖြင့် ပိုင်ဆိုင်မှု ဒေါ်လာသန်း ၂၆၀ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/de/dee31e58427064c92269f3a92ca15cb8b7e9acdd.jpg

Celine Dion

https://s9.kh1.co/__image/w=650,h=650,q=100/fd/fdb370f0b58ec049d55628164214b0a55377e838.jpg

Celine Dion ဟာ မောင်နှမ ၁၄ ယောက်တွင်အငယ်ဆုံးအဖြစ် ကနေဒါမှာ ကြီးပြင်းခဲ့ပါတယ်။ သူမရဲ့မိသားစုဟာ သူမတို့မောင်နှမတွေကို ပြုစုပြိုးထောင်ဖို့အတွက် တော်တော်ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရပါတယ်။ တခါက Dion ဟာ CBS သတင်းဌာနကို " ကျွန်မတို့ဟာ အိပ်ရာတစ်ခုထဲမှာ သုံးလေးယောက်လောက် အတူတူအိပ်ရပါတယ်၊ ကျွန်မမှာ ကိုယ်ပိုင် အိပ်ခန်း မရှိပါဘူး၊ ကျွန်မအိပ်တဲ့နေရာကတော့ အပေါ်ထပ်က ဆင်ခြင်လျှောလမ်းလေးမှာပါ " ဆိုပြီး ပြောခဲ့ပါတယ်။ အချိန်ကြာလာတာ့ Dion ဟာသူမရဲ့ ဂီတစွမ်းရည်ကို သိရှိခဲ့ပြီး ဒေသခံပွဲတော်သေးသေးလေးတွေမှာ ဖျော်ဖြေရေးတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမဟာ " My Heart Will Go On " နဲ့ " It's All Coming Back To Me Now " လို အကောင်းဆုံးသီချင်းတွေကို ဆိုနိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ သူမရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၄၅၅ သန်း ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=375,q=100/e2/e24a5646f9a8dae34c626aee1457ecf927c670e8.jpg

Arnold Schwarzenegger

https://s9.kh1.co/__image/w=650,h=484,q=100/24/2424f15cbb3ce2ef29afe837a2ed2a9c71a4daee.jpg

" The Terminator " ကားထဲမှာ မပါမီ California ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှုဖြစ်မလာခင် Arnold Schwarzenegger ဟာ ဖုန်းတောင်မရှိတဲ့ဘ၀မှာ နေခဲ့တာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း Australia ကမြို့မှာ ကြီးပြင်းလာတဲ့ မင်းသားဟာ ပုံမှန်ဆိုသလို အစားရှားပါးမှုနဲ့ အဓိကရုန်များ ဖြစ်ပေါ်လေ့ရှိကြောင်း ပြောခဲ့ဖူးပါတယ်။ အဲ့ချိန်တုန်းကတော့ သူဟာ အစာငတ်မှုကို မကြာခဏဆိုသလို ကြုံနေခဲ့ရပါတယ်။ ခုချိန်မှာတော့ အချမ်းသားဆုံး Action မင်းသားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး သူရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာသန်း ၄၀၀ ရှိကြောင်းသိရှိရပါတယ်။

https://s9.kh1.co/__image/w=650,h=828,q=100/a5/a5489df869242e24032687bced74d659cb76fb41.jpg

ဖော်ပြပါအနုပညာရှင်တွေလိုမျိုး တခြား ဆင်းရဲသားအိမ်ခြေယာမဲဘ၀ကနေ ဘီလျံနာတွေဖြစ်ခဲ့ကြသူတွေလည်းရှိပါတယ်။ ဘ၀ကိုအရှုံးမပေးပဲ တိုက်တဲ့သူတွေကတော့ နောက်ဆုံးမှာ အောင်မြင်တဲ့နေရာကို ရောက်ရှိကြစမြဲပါပဲ။

သတင်း အရင်းအမြစ်Insider

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T