တရုတ်နိုင်ငံတောင်ပိုင်းက ထူးထူးဆန်းဆန်း မွေးဖွားလာတဲ့ ဆိတ်လေးတစ်ကောင်အကြောင်း

//s9.kh1.co/22/221923c5f24ffbe7f8b6ff8fcf7e60ddbe522e8a.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာဆိုရင်တော့ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ထူးထူးဆန်းဆန်း ဆိတ်လေးတစ်ကောင်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီဆိတ်လေးကိုတော့ တရုတ်နိုင်ငံအရှေ့ပိုင်း Fuyang မြို့တော်က ရွာလေးတစ်ရွာမှာရှိတဲ့ ဆိတ်ခြံလေးတစ်ခြံမှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=355,q=100/e4/e4885fac3511b2ee6c61dd242d44f44869be2a85.jpg

ဒီဆိတ်လေးဟာ အခြားသောဆိတ်တွေနဲ့ မတူပဲ သူ့မှာ ခေါင်းနှစ်လုံး ၊ မျက်လုံးလေးလုံးနဲ့ ပါးစပ်ပေါက်နှစ်ခုတောင်ပါလာခဲ့ပါတယ်။ ဒီဆိတ်လေးရဲ့ မျက်လုံးတွေအားလုံးကလည်း မြင်နိုင်ပြီး သူ့မှာပါတဲ့ ပါးစပ်နှစ်ပေါက်လုံးကလည်း အစားကောင်းကောင်းမွန်မွန်စားနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=275,h=183,q=100/8a/8afc70bda4e421ece828bf469bb78f99dd2fc3e5.jpeg
https://s9.kh1.co/__image/w=590,h=350,q=100/64/647d0f2c4d8cb72b7d1e0a051d60f562b00c7bef.jpg

ဒါပေမယ့် သူ့ကိုမွေးဖွားပေးခဲ့တဲ့ ဆိတ်မကြီးကတော့ မမွေးခင်ကနေ မွေးပြီးအချိန်တော်ကြာတဲ့အထိ ဆိုးဆိုးရွားရွား ဝေဒနါတွေကို ခံစားခဲ့ရပါတယ်။နောက်ထပ် ဆိုးရွားတာတစ်ခုကတော့ သဘာဝတရားကြီးကို ဖီဆန်ကာ ထူးဆန်းလှတဲ့ပုံစံနဲ့ မွေးဖွားလာတဲ့ ဒီဆိတ်ကလေးဟာ အသက်အကြာကြီး မရှင်နိုင်ခဲ့ပါဘူး။ သူ့ကိုမွေးဖွားပြီး လေးရက်အကြာမှာပဲ ဆိတ်ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/8b/8bfafee94cd0faaa0b32a495b2890d298ec57d21.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T