ကမ္ဘာ့အညစ်ပတ်ဆုံးကမ်းခြေကို အလှပဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့သူ အကြောင်း

//s9.kh1.co/04/04aa6a6ed12d6054c24bb2e392e13218de46241f.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ်းခြေဆိုတာ အဖိုးဖြတ်မရတဲ့ သဘာဝအမွေအနှစ်တစ်ခုပါ။ ကမ်းခြေတစ်ခုဟာ သန့်ရှင်းခြင်း၊သပ်ရပ်ခြင်း၊လှပခြင်း ဆိုတဲ့အနှစ်သာရတွေနဲ့ ပြည့်စုံနေဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ပဲ ညစ်ပတ်ခြင်း၊အမိှုက်သရိုက်များဖြင့် ပြည့်နှက်နေခြင်း၊အနံ့အသက်ဆိုးနေခြင်း တို့ရှိနေမယ်ဆို ကမ်းခြေတစ်ခုရဲ့ အင်္ဂါရပ်ကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုကမ်းခြေမျိုး အိန္ဒိယနိုင်ငံ မှာလဲရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ဘက် မွန်ဘိုင်းမြို့မှာရှိတဲ့ ဗာဆိုဗာကမ်းခြေလေးဟာ အများစုရဲ့စွန့်ပစ်ခြင်းကိုခံရတဲ့ ကမ်းခြေတစ်ခုပါ။

https://s9.kh1.co/__image/w=650,h=370,q=100/24/24c5b0f2002d3af011e98a52b5f8b4860b288b38.jpg
https://s9.kh1.co/__image/w=650,h=366,q=100/ed/ed211c67a44ba92336f7832a152983d428879701.jpg

ဒီကမ်းခြေလေးဟာ တချိန်ကသန်းရှင်းသပ်ရပ်တဲ့ ကမ်းခြေလေးတစ်ခုပါ နောက်ပိုင်းနှစ်တွေမှာ အမိှုက်တွေစွန့်ပစ်မှုများလာခဲ့တာဖြစ်ပါတယ်။ဒါကို မွန်ဘိုင်းမြို့နေထိုင်သူတစ်ဦးဖြစ်တဲ့ အဲဖရိုက်ရှာ(Afroz Shah) ဦးဆောင်တဲ့အဖွဲ့က ပြုလုပ်ခဲ့တာပါ။ သူရဲ့ရည်မှန်းချက်ကတော့ ကမ္ဘာ့အညစ်ပတ်ဆုံးဖြစ်နေတဲ့ ကမ်းခြေကို အလှဆုံးအဖြစ်ပြောင်းလဲချင်တာပါပဲ။ ကမ်းခြေဟာ သူရဲ့အိမ်နားမှာပဲရှိတဲ့ အတွက်ဘယ်သူ့မှ သတိမထားမခင်ထဲက သန့်ရှင်းရေးပြုလုပ်ခဲ့တာပါ။အဲဖရိုဇ် ရှာတို့အဖွဲ့ဟာ ကမ်းခြေကအမိှုက်တွေကို လက်ချည်းသက်သက်နဲ့ကောက်ခဲ့တာပါ။ အဲဖရိုဇ် ရှာတို့အဖွဲဟာ ဗာဆိုဗာကမ်းခြေ ၂.၅ ကီလီမီတာ တစ်လျှောက်မှာ ပြန့်ကျဲနေတဲ့ ပလတ်စတစ်အိတ်တွေ၊ဘိလပ်မြေအိတ်တွေ၊ဖန်ပုလင်းတွေ၊အဝတ်စုတ်တွေနဲ့ ဖိနပ်စုတ်တွေအာလုံးကို သိမ်းဆည်းခဲ့တာဖြစ်ပြီး အမှိုက်ပုံတွေဟာ တချို့နေရာမှာဆိုရင် ပေတော်တော်များများအထိ မြင့်နေတယ်လို့ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/2f/2f06e5f7d8958c588d8c2012b7ae8b32b976e32f.jpg
https://s9.kh1.co/__image/w=640,h=360,q=100/2a/2ad81d62db6e246edb17a7c96da0eab978858f77.jpg

ကမ်းခြေကို သန့်ရှင်းရေးလုပ်ရှားမှုဟာ ကျယ်ပြန့်လာခဲ့ပြီး အမှိုက်တန်၄၀၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဖရိုက်ဇ်ရှာရဲ့ ဦးဆောင်မှုကြောင့် ကုလသမ္မဂဆိုင်ရာ ပတ်ဝန်ကျင်သန့်ရှင်းရေးအစီအစဉ် (United Nations Environment Programme) က အဲဖရိုဇ်ရှာတို့ရဲ့ လှုပ်ရှားမှုကို သတိထားမိခဲ့ပါတယ်။အခုဆို သူ့ရဲ့အစပျိုးမှုဟာ ပန်းဝင်လှခဲ့ပြီး ကမ်းခြေသန့်ရှင်းရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီနေကြပါပြီ။

https://s9.kh1.co/__image/w=650,h=365,q=100/3e/3ed536f051319701bac1687c1b4eeef0a2c764dc.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/d9/d915e8a31c28e287d1ea537830bf1f0cf71b7d0c.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T