ယနေ့ခေတ်လို ရေဒီယိုအချက်ပြစနစ် မပေါ်သေးတဲ့အချိန်မှာ စစ်သင်္ဘောတွေဟာ Code Signalling လို့ခေါ်တဲ့ မီးလုံးလေးတွေကို မှိတ်တုတ်မှိတ်တုတ် လုပ်ပြီး အလံလေးတွေနဲ့ဆက်သွယ်ရတဲ့ သင်္ကေတကို အသုံးပြုကြပါတယ်။ အဓိကအားဖြင့် ဒုတိယကမ္ဘာစစ်အတွင်းမှာ လက်နက်ချပါကြောင်း ၊ ကယ်ကြပါ စတဲ့ သတိပေးစကားများကို မီးလုံးများ (သို့မဟုတ်) အလံများဖြင့် အချက်ပြပြီး ဆက်သွယ်ကြပါတယ်။
ဒါပေမယ့် ဒီလို အသက်အန္တရာယ်နဲ့ ကျရောက်တဲ့အခါ သတိပေးရတဲ့ အချက်ပြသင်္ကေတတွေကို ဂျပန်မှာ မသင်ခဲ့ရပါဘူး။ ဂျပန်ရေတပ်မှာ လက်နက်ချတဲ့ သင်္ကေတကို လုံးဝမသင်ပေးထားပါဘူး။ ဂျပန်စစ်သားတွေဟာ အဆိုပါ သင်္ကေတကို မြင်လည်းမမြင်ဘူးတဲ့အပြင် ရှိတယ်လို့တောင်မသိကြပါဘူး။ ဂျပန်တပ်မတော်အတွင်းမှာ လက်နက်ချတဲ့ သင်္ကေတကို အသုံးပြုရင် အသေသတ်ပါတယ်။
ဒါဟာဘာကြောင့်လဲဆိုရင် ဂျပန်လူမျိုးတွေဟာစိတ်ဓာတ်ပြင်းထန်တဲ့ လူမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ဘယ်တော့မှ လက်နက်မချဘူးလို့ ကြွေးကြော်ထားတဲ့သူတွေလည်း ဖြစ်ပါတယ်။ ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့ ဒုတိယကမ္ဘာစစ်အတွင်းက Tushimaဆိုတဲ့ စစ်ပွဲမှာ ရုရှားစစ်သင်္ဘောတစ်စီးဟာ လက်နက်ချတဲ့ သင်္ကေတကိုပြခဲ့ကြပါတယ်။ သို့သော်လည်း ဂျပန်တွေဟာ လက်နက်ချတဲ့ သင်္ကေတရဲ့ အဓိပ္ပါယ်ကို မသိတာကြောင့် ရုရှားစစ်သင်္ဘောကို ပစ်ခတ်နှစ်မြုပ်ခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ History