မီးလောင်ထားတဲ့ ကင်းမကျေးရွာက ဒေသခံတွေကို ပြုံးပျော် ပီတိဖြစ်စေခဲ့တဲ့ ဝေဠုကျော်ရဲ့ အလှူလေး

//s9.kh1.co/4d/4d580bd77fd1ed24a274771f89ded7ed5ad70ab6.jpeg
အနုပညာရှင်များ

 ၀၃-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

......

ပရဟိတ မင်းသားကြီး ဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ခုလို ကာလတွေမှာ အဆင်မပြေကြတဲ့ ပြည်သူတွေ များပြားလွန်းလို့ လိုအပ်တဲ့နေရာတွေကို သေချာ စီစစ်ပြီး တတ်နိုင်သလောက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းကာ အစွမ်းကုန် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

ဖောင်ဒေးရှင်းတစ်ခုကိုလည်း တည်ထောင်ထားပြီး  အဖွဲ့သားများနဲ့အတူ အခက်အခဲကြုံတွေ့နေရတဲ့ အိမ်ထောင်စုတွေဆီ ကိုယ်တိုင် သွားရောက်ကာ  ကူညီလှူဒါန်းပေးနေတာတွေကို  မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ်နော်။ ဒီလို အနစ်နာခံကာ သူတစ်ပါးအပေါ် ကူညီတတ်တာတွေကြောင့်  ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာပါ။ ကိုယ်ကျိုးမကြည့်ဘဲ နေ့စဉ်တိုင်း မမောနိုင်မပန်းနိုင်အောင် အများအကျိုးကို ထမ်းဆောင်နေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

ဒီနေ့မှာလည်း မကြာခင်က တစ်ရွာလုံး မီးလောင်ကျွမ်းခဲ့ရတဲ့ ကင်းမကျေးရွာလေးကို သွားရောက်ကာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ် ။ စေတနာရှင်တွေရဲ့ စုပေါင်းငွေတွေနဲ့ တစ်အိမ်ထောင်ကို ငွေကျပ် (၃၀၀၀၀) အပြင် အဝတ်အထည်အသစ်များ၊ ကလေးများအတွက် ကစားစရာ အရုပ်များ ၊ ဖိနပ်များ ကို အိမ်ထောင်စု (၁၅၂) စာအတွက် လှူဒါန်းခဲ့ပါတယ် ။ အလှူလေးတွေလက်ခံရရှိလို့ ပျော်နေကြတဲ့ အပြင် မင်းသားဝေဠုကျော်ကိုယ်တိုင် လာရောက်လှူဒါန်းပေးလို့ ပီတိဖြစ်နေကြတာကို ပုံလေးတွေထဲမှာ မြင်တွေ့ရမှာပါ ။ ပရိသတ်ကြီးလည်း ဝေဠုကျော်ရဲ့ အလှူပုံရိပ်တွေကို ကြည့်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T