ယနေ့ခေတ်မှာဆိုရင် မိမိတို့လူသားတွေဟာ ခန္ဓာကိုယ်လှပပြီး ကြည့်ကောင်းဖို့ GYM တွေဘာတွေကစားကြသလို ကိုယ့်ကိုကို ငယ်ရွယ်လှပအောင်လည်းပြင်ဆင်တက်ကြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ မိမိရဲ့ဖြစ်တည်မှုပုံစံအတိုင်း ဘာမှမပြောင်းလဲပဲ နေထိုင်သူတွေလည်းရှိကြပါတယ်။ အဲ့လိုသူတွေထဲမှာ မလှမပ အမာရွက်ရှိတဲ့သူတွေ၊ ဆံပင်ဖြူပေါက်နေတက်တဲ့သူတွေ ဒါမှမဟုတ် တခြားသော အသားအရေးနဲ့ပတ်သတ်ပြီး မလှကြတဲ့သူတွေလည်းရှိပါတယ်။ ခုပြောပြမယ့်သူတွေက အဲ့လိုသူတွေထဲကမဟုတ်ပဲ ခန္ဓာကိုယ်မှာ အပိုအစိတ်အပိုင်းများ ပါလာတဲ့သူတွေအကြောင်းကိုပြောပြမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘယ်လိုသူတွေက မိမိရဲ့ပုံစံကိုလက်ခံပြီး ဘယ်လိုမျိုး အစိတ်အပိုင်းအပိုတွေပါလည်းဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်......။
Deepak Paswan
အိန္ဒိယ က ကောင်လေးတစ်ယောက်ဖြစ်တဲ့ Deepak Paswan ရဲ့ငယ်ဘ၀ဟာ မလွယ်ကူးခဲ့ပါဘူး။ သူမွေးလားတုန်းက သူရဲ့ အမွှားနဲ့အတူ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မဖွံဖြိုးတဲ့ အခြေအနေကြောင့် အမွှားဖြစ်သူရဲ့ လက်နဲ့ခြေထောက်တွေဟာ Deepak ရဲ့ရင်ဘက်မှာ ပါလာခဲ့ပါတယ်။ ဒီလိုအခြေအနေကြောင့်ပဲ သူ့ကိုကလေးများဟာ အနိုင်ကျင်ခံခဲ့ရပြီး တချို့သူတွေက Lord Vishnu အဖြစ်ယုံကြည်ကြပါတယ်။ ကံကောင်းစွာပဲ ၂၀၁၀ခုနှစ်မှာ Bangalore ကဆေးရုံးတစ်ရုံးဟာ $78,000 တန်တဲ့ခွဲစိတ်မှုကြီးကို အလကား ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။ ခုချိန်မှာတော့ သူဟာပုံမှန်ဘ၀နဲ့နေထိုင်နေရပြီး ပျော်ရွှင်စွာနေထိုင်နေပါပြီ။
Myrtle Corbin
၁၈၈၈ခုနှစ်မှာ ခြေလေးချောင်းပါတဲ့ ကလေးမလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ သူမရဲ့နာမည်ကတော့ Myrtle Corbin ဖြစ်ပါတယ်။ သူမရဲ့ခြေထောက်တွေဟာ အချင်းချင်း မျက်နှာချင်းဆိုင်အနေအထားရှိပြီး အတွင်းခြေထောက်တွေက အပြင်ခြေထောက်ထက် သေးပါတယ်။ အတွင်းဘက် ခြေထောက်တွေဟာ အပြင်ဘက်ခြေထောက်တွေလို သန်မာပေမယ့် လမ်းလျှောက်တဲ့အခါမှာတော့ အပြင်ဘက်ခြေထောက်တွေကိုသာ အသုံးပြုလေ့ရှိပါတယ်။ သူမမှာ သားတစ်ယောက်နဲ့ သမီးလေးယောက် ရှိပြီး ၁၉၂၈ခုနှစ် သူမအသက် ၆၀ မှာ သေဆုံးခဲ့ပါတယ်။
Hazel Jones
British စကားပြောပွဲရှိုးတစ်ခုဖြစ်တဲ့ This Morning အစီအစဉ်မှာ Hazel Jones ဟာ သူမရဲ့ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။ Hazel ပြောပြတဲ့ အကြောင်းကတော့ သူမမှာ ယောနီနှစ်ခု ပါရှိနေကြောင်းပဲဖြစ်ပါတယ်။ အဲ့အကြောင်းကို သူမဟာ Reddit မှာတင်ဖူးပြီး အပြာကားရိုက်ဖို့ Company တစ်ခုဟာ သူမကို ဒေါ်လာသန်းချီပြီး ကမ်းလှမ်းခဲ့ဖူးပါတယ်။ သူမဟာ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပြီး Bizare မဂ္ဂဇင်းအတွက်ပဲ အလုပ်လုပ်ခဲ့ပါတယ်။ သင့်အနေနဲ့ ဒီကိစ္စကို ယုံကြည့်ဖို ခက်ခဲနိုင်ေပမယ့်လည်း ဒါဟာ အမှန်တရားပါပဲ။ လူတော်တော်များများဟာ မိမိတို့ရဲ့ ပုံပန်းသွင်ပြင်ကို ကြိုက်နှစ်သက်ကြလေ့မရှိပါဘူး။ ဒါပေမယ့် ခုဖော်ပြထားတဲ့ သူတွေလိုမျိုးလောက် အခြေအနေမဆိုးဝါးသေးပါဘူး။ ဒါတောင်မှ ၃ယောက်ပဲရှိပါသေးတယ်....ကမ္ဘာပေါ်မှာ ခုလိုသူတွေအများကြီး ကျန်ပါသေးတယ်။ ဒါကြောင့် မိမိရဲ့ပုံပန်းသွင်ပြင်ကို မကြိုက်ရင်တောင် မြတ်နိုးစေချင်ပါတယ်။
သတင်း အရင်းအမြစ်៖ Wonderlist