ဆယ်မွှာပူး ရင်သွေးလေးတွေကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ တောင်အာဖရိက ဇနီးမောင်နှံ

//s9.kh1.co/c3/c3248aef1280d7a3dccef916943241d5983f6857.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

Gosiame Sithole လို့ခေါ်တဲ့ အသက် 37 နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကလေး ဆယ်မွှာပူး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

သူမကတော့ South Africa မှာနေထိုင်သူတစ်ဦးဖြစ်ပြီး ဆယ်မွှာပူးကလေးကို Pretoria က ဆေးရုံတစ်ခုမှာ ပြီးခဲ့တဲ့ Monday ညက မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=480,q=100/7f/7f6ab86a6297c673d4ee8dac90b75d71793bdea0.jpg

မွေးဖွားလာတဲ့ ကလေးလေးဆယ်ယောက်ကတော့ ၇ ယောက်က ယောကျာ်းလေးနဲ့ ၃ ယောက်က မိန်းကလေးဖြစ်တယ်လို့ Sithole ရဲ့ ခင်ပွန်းဖြစ်သူက ပြောကြားထားပါတယ်။

Sithole တို့ ဇနီးမောင်နှံရဲ့ ဆယ်မွှာပူးကလေး မွေးဖွားလာမှုဟာ ဆရာဝန်တွေအတွက်ပါ ထူးခြားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် Sithole ရဲ့ ကလေးဆယ်ယောက်လုံးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့တာဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ပြီး world record မှာပါ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=410,h=230,q=100/42/42b793aa07d3d0550d83b05631f877fa28dce3e2.410

Sithole ဟာ ဒီလိုဆယ်မွှာပူး ကိုယ်ဝန်ရဖို့အတွက်

သူမရဲ့ ခင်ပွန်းနဲ့အတူ သဘာဝနည်းလမ်းအတိုင်းပဲ ကိုယ်ဝန်ဆောင်ခဲ့တာ ဖြစ်ပြီး အခြားဘာဆေးဝါးအကူအညီမှ မယူခဲ့ပါဘူး။

ကိုယ်ဝန်ရှိစကတော့ သူတို့ဇနီးမောင်နှံဟာ ပုံမှန် ကလေးတစ်ယောက်ပဲလို့ ထင်ခဲ့ကြပေမယ့် အခုလို ဆယ်မွှာပူး ကလေးလေးတွေ မွေးဖွားလာတဲ့အတွက် အရမ်းကို ပျော်ရွှင်နေကြတယ်လို့ သိရပါတယ်။

တစ်ခါထဲနဲ့ ကလေးဆယ်ယောက်ရတာဆိုတော့ ဘယ်လောက်ကံထူးလိုက်ကြသလဲနော်...............

https://s9.kh1.co/__image/w=640,h=480,q=100/7f/7f6ab86a6297c673d4ee8dac90b75d71793bdea0.jpg

သတင်း အရင်းအမြစ်Daily Mail

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T