နေဖို့စားဖို့အတွက်မခက်ခဲပေမယ့် လှူချင်တန်းချင်တဲ့စိတ်ကြောင့် အလုပ်တွေကြိုးစားပြီး ငွေရှာနေတဲ့ ဘေဘီမောင်

//s9.kh1.co/d9/d99a6289aa9e9a0de075b336546dfae60a721617.png
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

အလှူဒါနဆိုတာငွေရှိတိုင်းမဖြစ်ဘဲ စေတနာရှိမှသာဖြစ်တာမျိုးပါ။ သရုပ်ဆောင်ဘေဘီမောင်ဟာ မကြာခဏဆိုသလို ကာလဒါနလေးတွေလုပ်တတ် တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရထားသူလေးပါ။ မိဘကို ကောင်းကောင်းမွန်မွန်ထားချင်တဲ့စိတ်ကြောင့် အလုပ်တွေအများကြီးကြိုးစားခဲ့ပြီး လက်ရှိမှာလည်း မိဘစိတ်ချမ်းသာရတဲ့ သမီးလိမ္မာလေးတစ်ယောက် ဖြစ်ပေးခဲ့ပါတယ်။ ဘုရားတရားလည်းကိုင်းရှိုင်းပြီး အလှူဒါနဆိုလည်း လက်မနှေးတတ်တာကြောင့် သူမရဲ့အလုပ်အကိုင်တွေလည်း အဆင်ပြေအောင်မြင်နေခဲ့ပါတယ်။

Photo Credit - Baby Maung's FB Acc
Photo Credit - Baby Maung's FB Acc
Photo Credit - Baby Maung's FB Acc
Photo Credit - Baby Maung's FB Acc

သင်္ကြန်တွင်းမှာလည်း ညီအမနှစ်ယောက်အတူတူ တရားစခန်းဝင်ပြီး ကုသိုလ်တွေလုပ်ခဲ့ကြ ပါသေးတယ်။ လက်ရှိအကျပ်အတည်းကာလမှာလည်း သူမတို့အတွက်တော့ နေဖို့စားဖို့ မခက်ခဲပေမယ့် အရင်လို ဖောဖောသီသီလှူဒါန်းနိုင်ဖို့တော့ သိပ်ပြီးအဆင်မပြေနိုင်တော့ပါဘူး။ ဒါကြောင့်လည်း လိုအပ်သူတွေဆီ လှူဒါန်းနိုင်ဖို့အတွက် အလုပ်တွေကြိုးစားလုပ်နေခဲ့ပါတယ်။ အမကြီးအမိရာပီသသလို သမီးအကြီးဆုံးဖြစ်တာကြောင့် မိဘတွေအတွက် အားကိုးရတဲ့ ထီးလေးတစ်လက်ဖြစ်ခဲ့သလို ညီမလေးအတွက်လည်း ရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပေးနိုင်တဲ့ အမကောင်းတစ်ယောက်အဖြစ် ရပ်တည်ပေးခဲ့ပါသေးတယ်။

Photo Credit - Baby Maung's FB Acc
Photo Credit - Baby Maung's FB Acc
Photo Credit - Baby Maung's FB Acc
Photo Credit - Baby Maung's FB Acc

အလုပ်တွေကြိုးစားနေတဲ့ သူမရဲ့ပုံရိပ်တွေကို " ခေတ်ကာလအခြေနေကြောင့် အရင်လို အလှူတွေလုပ်ချင်ပေမယ့် ? ကျမမှာရှိတဲ့ငွေကဘဏ်ထဲမှာရယ် ကျမကပိုက်ဆံရှိရင် မြေဝယ်ထားတဲ့အတွက် ခုချိန်ခက်ခဲနေတာတော့အမှန် စားဖို့သောက်ဖို့ ဒုက္ခမရောက်ပေမယ့် လှူချင်တန်းချင်တဲ့စိတ်ကြောင့် ကျမငွေရှာသည် ? ကားကိုယ်တိုင်မောင်းပြီး ဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းများကိုကိုယ်တိုင်ကုန်ကြိုသည် ? ဆိုင်ကိုယ်တိုင်ထိုင်သည် ? ကျမကို အလဲထိုးချင်သူများ ကျမသည်ဘဝသမားမို့ တွန်းချတိုင်းပြုတ်မကျတတ်တဲ့ ပစ်တိုင်းထောင် ဆိုတာသိထားပါ ☺️ ပုံ ကိုယ်ဘဝကိုယ်နားလည်တဲ့ကျမဈေးသည် ? " ဆိုပြီး သူမရဲ့ရင်တွင်းခံစားချက်တစ်ချို့နဲ့ ဝေမျှလာခဲ့ပါတယ်။

Photo Credit - Baby Maung's FB Acc
Photo Credit - Baby Maung's FB Acc

သတင်း အရင်းအမြစ်Baby Maung's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T