ရှေ့တန်းမှာ ရဲရဲဝံ့ဝံ့နဲ့ လှုပ်ရှားနေကြတဲ့ Generation Z တွေကို မေးခွန်းထုတ်လာခဲ့တဲ့ မင်းမော်ကွန်း

//s9.kh1.co/32/32fba043a1fbd0305443f28c3823531e50d6e350.jpg
အနုပညာရှင်များ

 ១៤-មីនា-២០២១ ១១ព្រឹក · ៦ ឆ្នាំមុន

.

လတ်တလော ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဒီလို ပူးပေါင်းပါဝင်ခဲ့တဲ့ အနုပညာရှင်များက တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် ရဲရဲဝံ့ဝံ့ ရှေ့တန်းမှာ လှုပ်ရှားနေကြတဲ့ ပြည်သူများအတွက် စားသောက်စရာတွေနဲ့ ကာကွယ်ရေးပစ္စည်းများကို တစ်ထောင့်တစ်နေရာကနေ ကူညီထောက်ပံ့ပေးတဲ့အပြင် ကိုယ်တိုင်လည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ကြတာ တွေ့ရပါတယ်။

Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account

ဒီလို လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာတွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းတစ်ယောက်လည်း တက်တက်ကြွကြွ ရပ်တည်ခဲ့ပါတယ်။ မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေ ဘေးချိတ်ပြီး လူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြောက်ဒဂုံမြို့နယ်က လူထုလှုပ်ရှားမှုမှာ ဒိုင်းကာ ကာနေရင်း အသက်ပေးလိုက်ရတဲ့ သူရဲကောင်းကိုချစ်မင်းသူရဲ့ နောက်ဆုံးခရီးအတွက် မိသားစုများထံသို အလှူငွေများလှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account

ယခုမှာလည်း ဒီမီုကရေစီအရေးမှာ ရဲရဲဝံ့ဝံ့ ပါဝင်လှုပ်ရှားနေကြတဲ့ Generation Z တွေကို အနုပညာရှင်များက မြှောက်ပေးနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုနေတဲ့အပေါ် မင်းမော်ကွန်းက လူမှုကွန်ယက်မှာ Generation Z တွေကို မေးခွန်းထုတ်လာခဲ့ပါတယ်။ "သူများမြှောက်ပေးလို့လုပ်တာလား... ကိုယ့်အသိနဲ့စဉ်းစားချင့်ချိန်ပြီးလုပ်တာလား....ဖြေကြပါ GZ အပေါင်းတို့" ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ဒီမီုကရေစီအရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ Generation Z တွေက မင်းမော်ကွန်းရဲ့ မေးခွန်းကို ပြန်လည်ဖြေပေးခဲ့ပါဦး။

Photo Credit - Kyaw Kyaw Htay Lwin fb account
Photo Credit - Kyaw Kyaw Htay Lwin fb account

သတင်း အရင်းအမြစ်៖ Source - Kyaw Kyaw Htay Lwin fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T