ကမ္ဘာပေါ်‌မှာ နေထိုင်ကြတဲ့ ဉာဏ်အကောင်းဆုံး တိရစ္ဆာန်များ

//s9.kh1.co/c8/c8e6ea58504948845f0c5404c60075fb8ec18968.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာ ရှိတဲ့အထဲကမှ ဉာဏ်အကောင်းဆုံး တိရစ္ဆာန်တွေရဲ့အကြောင်းကို ‌ေပြာပြသွားမှာပါ။ ပရိသတ်ကြီးလည်း ဘယ်တိရိစ္ဆာန်လေးတွေ ကို အိမ်မွေး အချစ်တော်အဖြစ် မွေးထားကြပါသလဲ ။ ကဲ ဘာအကောင်လေးတွေလည်းဆိုတာကို အောက်မှာဖော်ပြထားပါတယ်။

(၁) ချင်ပန်ဇီ

https://s9.kh1.co/__image/w=650,h=487,q=100/e7/e702858eec866a49736f71b6000ace8b223000be.jpg

လူသားတွေပြီးရင် ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး သတ္တဝါဟာ ချင်ပန်ဇီတွေပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာချက်တွေအရ ချင်ပန်ဇီတွေရဲ့ DNA ဟာ လူသားတွေနဲ့ ၉၀ ရာခိုင်နှုန်းခန့် တူညီပြီး ပတ်ဝန်းကျင်ကနေ လေ့လာသင်ယူနိုင်စွမ်းဟာလည်း မြင့်မားလှပါတယ်။

(၂) လင်းပိုင်

https://s9.kh1.co/__image/w=650,h=432,q=100/43/4304a1fac5d794a3d581ef2e390f7c5454da91f8.jpg

လင်းပိုင်တွေဟာ ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး ရေနေနို့တိုက်သတ္တဝါပဲ ဖြစ်ပါတယ်။ သင်ယူမှတ်သားနိုင်စွမ်းမြင့်မားတဲ့ လင်းပိုင်တွေဟာ လူတွေနဲ့လည်း ယဉ်ပါးလှပြီး စိတ်ခံစားမှုတွေကိုလည်း ခံစားနိုင်စွမ်းရှိပါတယ်။

(၃) ဆင်

https://s9.kh1.co/__image/w=640,h=480,q=100/9c/9c17248a1c0726ad7ee9eccecf31a436c6ebadba.jpg

ခန္ဓာကိုယ်အရွယ်အစားလည်း ကြီးမားသလို မှတ်ဉာဏ်စွမ်းရည်လည်းကောင်းလှတဲ့ ဆင်တွေဟာ တခြားသော ကုန်းနေသတ္တဝါတွေထက် ဦးနှောက်အရွယ်အစား ပိုမိုကြီးမားပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို နားထောင်ပြီး ခွဲခြားမှတ်သားနိုင်စွမ်းရှိတဲ့ ဆင်တွေဟာ လူတွေအပေါ် သစ္စာရှိတဲ့ သတ္တဝါတစ်မျိုးလည်း ဖြစ်ပါတယ်။

(၄) ခွေး

https://s9.kh1.co/__image/w=650,h=488,q=100/25/25b5e168b403ef9b4d5c0b567738c7a33d923bdf.jpg

လူတွေနဲ့ အကျွမ်းတဝင်ရှိလှတဲ့ ခွေးတွေဟာဆိုရင်တော့ လူတွေရဲ့ဘာသာစကားကို တခြားသော တိရစ္ဆာန်တွေထက်ပိုပြီး နားလည်ကြတဲ့ ဉာဏ်အကောင်းဆုံး သတ္တဝါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခွေးတစ်ကောင်ရဲ့ ပျမ်းမျှနားလည်မှတ်သားနိုင်စွမ်းဟာ အသက်နှစ်နှစ်အရွယ် ကလေးတယောက်ရဲ့ သင်ယူနားလည်နိုင်စွမ်းနဲ့ ညီမျှတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

(၅) ဝက်

https://s9.kh1.co/__image/w=650,h=488,q=100/4d/4d291459cf1958712ddde0cfa765ccac92882fbe.jpg

ဝက်တွေရဲ့ မှတ်သားနားလည်နိုင်စွမ်းဟာ ခွေးနဲ့ အသက်နှစ်နှစ်အရွယ် ကလေးငယ်တွေရဲ့ နားလည်မှတ်သားနိုင်စွမ်းထက် ပိုတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ သူတို့အချင်းချင်းလည်း ညီညွတ်နားလည်တဲ့ စွမ်းရည်တွေရှိကြပြီး မှတ်ဉာဏ် တွေကို ရေရှည်ထိန်းသိမ်းထားနိုင်စွမ်းလည်း ရှိပါတယ်။

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T