မကြာခဏစားရင်နှလုံးရောဂါကနေ ကင်ဆာအထိဖြစ်လာနိုင်တဲ့ အသင့်စားခေါက်ဆွဲ

//s9.kh1.co/69/6968b2d995dde7284e107c428a50150d6c5c4f80.jpeg
ဗဟုသုတအဖြာဖြာ

 ၀၉-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အသင့်စားခေါက်ဆွဲထုပ်တွေကို ငွေကြေးအရလည်းသက်သာသလို အလုပ်လည်းမရှုပ်တာကြောင့် အမြဲစားဖြစ်ကြသူတွေနဲ့ ကြိုက်လို့ကို ခနခနစားသုံးသူတွေ များစွာရှိနေကြပါတယ်။

တကယ်တော့ အသင့်စားခေါက်ဆွဲထုပ်တွေဟာ အများကြီးစားမယ်ဆိုရင် ကျန်းမာရေးအတွက် လုံးဝအဆင်မပြေစေပါဘူး။

အသင့်စားခေါက်ဆွဲထုပ်တွေကို တာရှည်ခံရန်အတွက် ထည့်သွင်းထားတဲ့ ဓာတုဗေဒ ပစ္စည်းများက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။

Photo from google
Photo from google

ခေါက်ဆွဲထုပ်တွေ အစားများလာတဲ့အခါ နှလုံးကျန်းမာရေးကို ထိခိုက်လာစေပါတယ်။

ဒါ့အပြင် သွေးချို၊ ဆီးချို ရောဂါဖြစ်နှုန်းကို မြင့်တက်စေသလို ဟော်မုန်းဓာတ်ကိုလည်း ထိခိုက်စေပါတယ်။

ခေါက်ဆွဲအစားများတာဟာ အစာမကြေတာကိုလည်း ဖြစ်စေနိုင်သလို ကျောက်ကပ်ကိုပါ ထိခိုက်စေပါတယ်။

Photo from google
Photo from google

အဆိုးဆုံးကတော့ ကင်ဆာ ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်လာစေတာပါပဲ။

အသင့်စား ခေါက်ဆွဲထုပ်ကို တစ်ပတ် တစ်ထုပ်လောက် စားသုံးခြင်းက ကျန်းမာရေး အန္တရာယ် မဖြစ်နိုင်ပေမယ့် ဒီ့ထက် ပိုစားမယ် ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အမြဲစားဖြစ်နေရင် လျော့စားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Photo from google
Photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T