နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လိုသူတွေ သောက်သုံးသင့်တဲ့ နနွင်းနဲ့နွားနို့ ဖျော်ရည်

//s9.kh1.co/02/0206c9d70eb4d393696f3a45e50e506170c7f3ab.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယလူမျိုးတွေမှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင်းစုံနဲ့ မတူတဲ့ ဆေးဘက်ဆိုင်ရာ အယူဝါဒတွေ ကြွယ်ဝပါတယ် ။သူတို့ဆီက ဆေးနည်းများစွာမှာ ထိပ်ဆုံးမှာ နံပါတ်တစ်နေရာမှာ ရှိနေတဲ့ ဆေးတစ်ပါး ကတော့ နို့နနွင်းပါပဲ။ နနွင်းဟာ ခန္ဒာကိုယ်နာကျင် ပင်ပန်းခြင်း ၊ဖျားနာကိုက်ခဲခြင်း ၊ အလုပ်ပင်ပန်းခြင်းတို့ အတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/01/016f23cae8bd43d0e4a5d01a0fd0bfc3b460b27e.jpg

အဆစ်မြစ်ယောင်နေတာတွေရှိရင် ဆေးသောက်စရာ မလိုပဲ ပျောက်သွားမှာပါ။ အစာအိမ်အချဉ်ပေါက်နေ တာတွေ အစာမကြေဖြစ်နေတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ ဆေးတစ်ပါးပါ။ဗိုက်ပြည့်ဗိုက်ကယ်နေတာတွေ အတွက်လည်းသက်သာစေပါတယ် ။ တခါတလေ ဗိုက်ပြည့်ဗိုက်ကယ်တာနေရထိုင်ရခက်တဲ့ အပြင် လေးလံ ထိုင်မှိုင်းပြီး မပျော်တဲ့ရောဂါကို ခံစားရပါတယ် ။

https://s9.kh1.co/__image/w=600,h=369,q=100/2b/2bbc81aed0990a3fe581f5e54b9d9db86ca80c8b.jpg

ရင်သားကင်ဆာ ၊ ပရိုစတိတ်လို့ခေါ်တဲ့ ဆီးကျိတ်ကင်ဆာ ၊ အရေပြားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ အကျိတ်ကင်ဆာ နဲ့ သွေးကင်ဆာတွေဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါတယ်။ အဆီခြေဖျက်နှုန်း ကို ကူညီပေးသလို ခန္ဒာကိုယ် အလေးချိန်ထိန်းခြင်းကိုလဲ အကူညီပေးပါတယ်။ အသည်းမှာ များလာတဲ့ အဆိတ်အတောက်တွေ ဖယ်ရှားရာမှာလဲ အသုံးဝင်တဲ့ အပြင် သွေးချို ဆီးချိုကိုလဲ ထိန်းချုပ်ပေးပါတယ် ။

https://s9.kh1.co/__image/w=600,h=400,q=100/f2/f215cbf4b5ea3c7fd35e93b4da084bda35f0207e.jpg

ဖျော်နည်းလေးကတော့ နွားနို့နွေးနွေးလေးပဲဖြစ်ဖြစ် သာမာန် အပူချိန်ပဲဖြစ်ဖြစ်..တစ်ခွက်ပဲ အရင်ထည့်ပါမယ်။ ပျားရည်စစ်စစ် တဇွန်း (သို့) ကြိုက်သလောက်ထည့် အချိုကြိုက်ရင် ပိုထည့်ပါ။ နနွင်းမှုန့် စစ်စစ် ကော်ဖီ ဇွန်းဖျားလေးနဲ့တဝက် အနံ့မွှေးအောင် သစ်ဂျဘိုးမှုန့်လေး ဇွန်းဖျားလေးနဲ့ ဂျင်းမှုန့်နည်းနည်းလေး အဲတာကလဲ ဇွန်ဖျားလေးနဲ့ ကိုယ်ကြိုက်သလောက်သာထည့်ပါ။ ပြီးရင် ခေါက်မွှေပြီး သောက်လို့ရပါပြီ ။ အဓိကကတော့ ဂျင်းရယ် နနွင်းရယ် နွားနို့ရယ်ပါပဲ ကျန်တာကတော့ အနံ့ရယ် အရသာရယ်က အဝင်ကောင်းအောင် လျှောက်ထည့်ကြတာပါ ။

https://s9.kh1.co/__image/w=650,h=907,q=100/89/89ba6f0aed59f9fc6c202149e81a7cc9aa896bdb.jpg

စမ်းသောက်ကြည့်လို့ အဆင်မပြေရင်တော့ နနွင်းကို ပျားရည်နဲ့တေပြီး အခြောက်လှန်းပြီး အလုံးလေးတွေလုံးပြီးသောက်ကြည့်ပါ ။တချိုု့နည်းတွေမှာလဲ အမှုန့် မရသူတွေ အတွက် နနွင်းတတ် ဂျင်းတတ် နဲ့ ငရုပ်ကောင်းတွေကို နွားနို့ထဲထည့်ုပြီး မီးအေးအေးလေးနဲ့ ပွက်လာတဲ့ အထိကျိုပါ။ ပွက်ပြီး ခဏလောက်နေမီးဖိုပေါ်က ချပြီး စားပွဲပေါ်မှာပဲ အအေးခံထားပါ ။ နောက်အေးသွားပြီ ဆိုရင် နို့ထဲက အဖတ်တွေ ကိုဆယ်ထုပ်ပြီး ပျားရည်နဲ့ ရောသောက်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=477,q=100/3f/3f10397ec4fc72634eca85b02a315fc4a0c8b24b.png

သတင်း အရင်းအမြစ်Healthy living

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T