ထာ၀ရအသက်ရှင် နေထိုင်နိုင်ကြတဲ့ သတ္တဝါ ၅ မျိုး

//s9.kh1.co/2c/2cce9f413f131d3f3b03073ff5f59202a58f65cc.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ထာဝရအသက်ရှင်ကြတဲ့ သတ္တဝါ အမျိုးအစားရယ်လို့ ဒီကမ္ဘာလောကမှာ မရှိဘူးလို့ လူအများစုရဲ့ ထင်မြင်ချက်တွေကို သိပ္ပံပညာရှင်တွေက အခုဖော်ပြပေးမယ့် သတ္တဝါအမျိုးအစားတွေနဲ့ သုတေသနလုပ်ပြီး သက်သေပြခဲ့ကြပါတယ်။ဒီသတ္တဝါ အမျိုးအစားတွေဟာဆိုရင် လူတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကိုသာ မခံရဘူးဆိုရင်တော့ ထာဝရ အသက်ရှင်နိုင်ကြတဲ့ သတ္တဝါ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဘယ်လို သတ္တဝါတွေလဲ ဆိုတာကို အောက်မှာဖော်ပြလိုက်ပါတယ်။

(၁) Turritopsis doohmii ဂျယ်လီငါး

ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ “Turritopsis doohmii” အမည်ရ ဂျယ်လီငါးတွေဟာ ထာဝရ အသက်ရှင်နိုင်ကြတဲ့ သတ္တဝါတမျိုးပဲ ဖြစ်ပါတယ်။ အရွယ်အစား သေးငယ်လှတဲ့ ဒီ Turritopsis doohmii ဂျယ်လီငါးတွေဟာ ဇီဝဗေဒပညာရှင်တွေရဲ့ လက်တွေ့ကျတဲ့ လေ့လာ စမ်းသပ်မှုတွေမှာတောင် တကောင်မှ မသေဖူးကြဘူးရယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/2f/2f82d2da14adbf257bc5c4782b3e5e12cf27c0b3.jpg

သူတို့ဟာ သေပြီးသွားတဲ့ ဆဲလ်အဟောင်းတွေနဲ့ ဆဲလ်အသစ်တွေ အမြဲလိုလို လဲလှယ် နေတတ်ကြတဲ့ ဖြစ်စဉ်ကြောင့် ဘယ်တော့မှ မသေတတ်သလို သေခဲ့မယ်ဆိုရင်တောင် ငါးအစား ခံရလို့နဲ့ တခြားသော ပယောဂတွေကြောင့်သာ သေဆုံးကြတာပဲ ဖြစ်ပါတယ်။

(၂) ကျောက်ပုစွန်

ကျောက်ပုစွန်တွေဟာဆိုရင် သက်တမ်းရှည်တဲ့ သတ္တဝါ အမျိုးအစားတွေထဲမှာ ပါဝင်ပြီး လူတွေရဲ့ ပယောဂကြောင့်သာ မဟုတ်ရင် ဘယ်တော့မှ မသေနိုင်ကြဘူးလို့ ဇီဝဗေဒပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။ တခါတရံ မှာတော့ ကျောက်ပုစွန်တွေဟာ သူတို့အချင်းချင်း တကောင်ကို တကောင်စားတတ်ကြတဲ့ သဘာဝကြောင့် သေဆုံးတာမျိုးတွေတော့ ရှိပြီး အခွံမာ သတ္တဝါတမျိုးဖြစ်ပေမယ့် နာကျင်မှုကို ခံစားနိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/de/de5bd944fdef17572956e160da1b334690a96ed0.jpg

(၃) လိပ်

လိပ်တွေဟာ ဆိုရင်လည်း ရာစုနှစ်နဲ့ချီပြီး အသက်ရှင်နိုင်ကြတဲ့ သတ္တဝါတမျိုးဖြစ်ပြီး တကယ်လို့များ လိပ်တွေဟာ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတာမျိုးတွေနဲ့ နေရင်းဒေသတွေသာ မဖျက်စီးခံရဘူး ဆိုရင်တော့ ထာဝရ အသက်ရှင်နိုင်ကြတဲ့ သတ္တဝါ အမျိုးအစားတွေထဲမှာ ပါဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e3/e3b53350e9e40e40b117901820d18f42218cd602.jpg

(၄) Planarian worms ကပ်ပါး

Planarian worms အမည်ရ ကပ်ပါးကောင်မျိုးစိတ်ဝင် ကပ်ပါးတမျိုးဟာဆိုရင် ဆဲလ်အဟောင်းတွေ ကနေ ဆဲလ်အသစ်တွေအဖြစ် ပြန်လည်ဖြစ်ပေါ်နိုင်တဲ့ စွမ်းအင်တမျိုးကြောင့် ဘယ်တော့မှ မသေနိုင်ပါဘူး။

https://s9.kh1.co/__image/w=650,h=445,q=100/37/377cc375e3fe0857bf6364e77042fbf711006006.jpg

(၅) ဝေလငါး

ဝေလငါးတွေဟာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး နို့တိုက်သတ္တဝါတွေစာရင်းမှာ ပါဝင်ပြီး သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက် တွေရဲ့အရ ပျမ်းမျှအားဖြင့် နှစ်ပေါင်း ရာနဲ့ချီအောင် အသက်ရှင်နိုင်ကြတဲ့ သတ္တဝါတမျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=339,q=100/1d/1d63bde03b04a2466bb00afbc57043d32ec94b6a.jpg

အခုနောက်ပိုင်းမှာတော့ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေကြောင့်ရော နေရင်းဒေသတွေ ဖျက်စီး ခံရမှုတွေနဲ့ လူတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် ထာဝရအသက်ရှင်နိုင်ဖို့ အခွင့်အလမ်း နည်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Wildlife

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T