ဘီစီ ၂ဝဝဝ ခန့်တွင် ဆာဂွန်၏ အနွယ်တော်ဖြစ်သော ဟမ်မူရာဘီမင်းသည် ပြိုကွဲနေသော ဘေဘီလုံနိုင်ငံကို ပြန်လည်စုစည်းနိုင်ခဲ့ပြီး နိုင်ငံကို မော်ကွန်း တင်လောက်အောင် စနစ်ကျနစွာ အုပ်ချုပ်ခဲ့ပါတယ်။ အုပ်ချုပ်ရေး စနစ်ကောင်းများကိုလည်း တီထွင်ခဲ့ပြီး အထူးသဖြင့် ဟမ်မူရာဘီမင်းကြီးပြုစုခဲ့သော ဥပဒေများအတွက် နိုင်ငံ သမိုင်းတွင် ထင်ရှားကျော်ကြားသော မင်းတစ်ပါး ဖြစ်ခဲ့ပါတယ်။
ဟမ်မူရာဘီလက်ထက်တွင် ကမ္ဘာ့ပထမဆုံး တရားစီရင်ရေး ဥပဒေအဖြစ် ဟမ်မူရာဘီ၏ ကိုဓဥပဒေ ကိုပြုစုခဲ့ပါတယ်။ စာကြောင်းရေပေါင်း၃၆၀၀ကျော်ပါဝင်သည့် ထိုဥပဒေကို ဘေဘီလုံမြို့တော်ရှိ မာဒပ်နတ်မင်း အားရည်စူးတည်ဆောက်ထားသည့် ဝတ်ကျောင်းတော်အတွင်းတွင် အမြင့်ရှစ်ပေရှိ ကျောက်စာတိုင်တွင် ရေးထွင်း၍ စိုက်ထူထားခဲ့သည်ကို ယနေ့တိုင် မပျက်မစီးသေးဘဲ တွေ့မြင်နိုင်ပါတယ်။ ထိုဥပဒေတွင် မုဆိုးမ၊ မိဘမဲ့ကလေးသူငယ် နှင့် ဆင်းရဲသားတို့အတွက် အထူးကာကွယ်ပေးရန် ပြဌာန်းထားပြီး လာဘ်ပေးလာဘ်ယူမှုများအား ပြင်းထန်စွာ စီရင်စေပါတယ်။
ယနေ့ခေတ်အမြင်အားဖြင့် ရက်စက်ကြမ်းကြုတ်သည့် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း အလျှော်ပေးရမည်ဟု ဆိုသည့် ဥပဒေမျိုးပါဝင်သော်လည်း ရှေးခေတ်ကာလ အခြေအနေအားဖြင့်မူ တရားမျှတမှုကို ပြဌာန်းပေးသည်ဟု ဆိုရမည်ဖြစ်ပါတယ်။ ကာကွယ်ရေးအနေဖြင့် အမြဲတမ်းစစ်တပ်ဖွဲ့စည်းထားပြီး နယ်ခြားဒေသများကို ကာကွယ်ပေးထားသဖြင့် ဘေဘီလုံ တိုင်းပြည်ဟာ အေးချမ်းသာယာခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ History