Facebook ပေါ်က သတိထားစရာ အလုပ်ခေါ်စာတွေကို ဘယ်လိုစီစစ်ကြမလဲ

//s9.kh1.co/71/719d319eede726328a8b23789304f21ee317e262.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

အလုပ်ခေါ်စာတွေအများကြီးထဲမှာ တချို့တွေကယုံရတဲ့ အလုပ်ခေါ်စာတွေမဟုတ်ပါဘူး

မြန်မာနိုင်ငံမှာ Facebook ဟာအကြီးဆုံးနဲ့ လူသုံးအများဆုံး ဆိုရှယ်မီဒီယာကြီးတစ်ခုဖြစ်နေပြီး ဈေးအရောင်းအဝယ်ကိစ္စတွေ၊လူပျောက်ရှာတာတွေနဲ့ ဖူးစာဖက်ရှာတာလိုမျိုး လူမှုရေးကိစ္စတွေထိ Facebook မှာပဲလုပ်ကြပါတယ်။ကိစ္စရပ်မျိုးစုံမှာအသုံးပြုကြသလို အလုပ်ခေါ်စာတွေကိုလည်း Facebook ပေါ်မှာပုံစံမျိုးစုံနဲ့ကြေညာလာကြပါတယ်။

https://s9.kh1.co/__image/w=640,h=275,q=100/97/97767f0dc19f9853b0d9e26ce560567c8bf40c6c.png

Facebook Search bar မှာအလုပ်ခေါ်စာဆိုပြီးရိုက်ရှာလိုက်ရင်တောင် အလုပ်ရှာသူတွေ၊အလုပ်သမားရှာသူတွေ အများကြီးရှိတဲ့ Group တွေ၊Page တွေအများကြီးကိုတွေ့ရမှာပါ။များသောအားဖြင့် အလုပ်ခေါ်စာတွေကို ခွဲကြည့်ရင် အလုပ်ရှာပေးတဲ့အေဂျင်စီတွေကခေါ်တာနဲ့ အလုပ်ခေါ်တဲ့ကုမ္ပဏီကတိုက်ရိုက်ခေါ်တာလို့ နှစ်မျိုးခွဲနိုင်ပါတယ်။

https://s9.kh1.co/__image/w=616,h=1280,q=100/88/88b4a1cd118d896ffaf90e758046bc682861ddfe.png

အလုပ်ခေါ်စာတစ်ခုကိုတွေ့ရင် ပထမဆုံးစစ်ဆေးသင့်တာက ရာထူးနဲ့လိုအပ်ချက်တွေပါ။ခေါ်တဲ့ရာထူးကိုပဲရေးထားပြီး လိုအပ်ချက်တွေမရေးထားတဲ့ အလုပ်ခေါ်စာတစ်ခုဟာ အတုဖြစ်ဖို့များတဲ့အပြင် ရာထူးနဲ့ပေးထားတဲ့လစာက အရမ်းကွာဟလွန်းပြီး မက်လုံးကြီးကြီးပေးထားရင်လည်း သတိပြုသင့်ပါတယ်။အဲ့လိုမျိုးအလုပ်ခေါ်စာတွေဟာ လူတွေကိုရည်ရွယ်ချက်ရှိရှိလိမ်ချင်သူတွေရဲ့ ထောင်ချောက်တွေဖြစ်နေနိုင်တာကြောင့်ပါ။

https://s9.kh1.co/__image/w=619,h=1280,q=100/f6/f626a4bf1b0264aaf208eb1629dfe24eb324e27f.png

အလုပ်ခေါ်တဲ့ ကုမ္ပဏီနာမည်နဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်၊Mail၊လိပ်စာတွေကို အလုပ်ခေါ်စာထဲမှာမတွေ့ရင်တော့ တကယ်သတိကြီးကြီးထားသင့်ပါပြီ။တကယ်လို့ပါလာပြီး ကိုယ်မယုံကြည်နိုင်ဖြစ်နေသေးရင်လည်း Google မှာဖြစ်စေ၊Facebook ပေါ်မှာဖြစ်စေ၊Google ‌Map မှာဖြစ်စေရှာကြည့်နိုင်ပါတယ်။ကုမ္ပဏီအများစုဟာ များသောအားဖြင့် Google မှာမရှိကြရင်တောင် Facebook Page တော့ရှိတတ်ကြပါတယ်။Facebook Jobs မှာတောင် တော်တော်များများကယုံရတဲ့အလုပ်ခေါ်စာတွေဖြစ်ပေမဲ့ အတုတွေလည်းပါနိုင်ပါသေးတယ်။

Facebook Job Session
Facebook Job Session

တကယ်လို့ရာထူးနဲ့ လစာဘယ်လောက်ပဲပါမယ်၊အလုပ်လုပ်စရာနေရာပါအတိအကျမပါဘူးဆိုရင်တော့ အလုပ်ခေါ်စာဟာ အတုဖြစ်ရင်ဖြစ်၊မဟုတ်ရင် တစ်ခုခုကိုလိမ်ခေါ်တာဖြစ်ဖို့များပါတယ်။လောလောဆယ်နယ်စပ်ဒေသတွေမှာ အလုပ်ပေးမယ်၊လစာကောင်းကောင်းပေးမယ်ဆိုတဲ့ အလုပ်ခေါ်စာတွေကိုလည်း အများကြီးတွေ့လာရတာကြောင့် ချက်ချင်းမဆက်သွယ်သင့်ပဲ အထက်ပါအချက်တွေနဲ့ကိုက်မကိုက် စစ်ဆေးသင့်ပါတယ်။

အချက်အလက်မပြည့်စုံသော အလုပ်ခေါ်စာတစ်ခု
အချက်အလက်မပြည့်စုံသော အလုပ်ခေါ်စာတစ်ခု
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T