တစ်ခါတလေ အချစ်ဆိုတာ ကိုယ်ကချည်းချစ်နေရရင် ပြည့်စုံတယ်လို့ တစ်ချို့တွေက ထင်တတ်ကြပေမယ့် တကယ်တော့ အချစ်ဆိုတာ နှစ်ဦးနှစ်ဖက်လုံး ရဲ့ မျှတတဲ့မေတ္တာတွေနဲ့ပေါင်းစည်းမှသာ ရေရှည်ခိုင်မြဲနိုင်မယ့်အရာပါ။ တကယ်လို့ ဒီစာကိုဖတ်နေတဲ့အချိန် သင်ကချည်းပဲ လူတစ်ယောက်ကို ချစ်နေမိတယ်လို့ ခံစားရရင် မချစ်သင့်တဲ့သူတစ်ယောက်ကို ချစ်မိနေပြီလားဆိုတာ တွေးကြည့်ပါ...
မချစ်သင့်တဲ့သူဆိုတာ ဘယ်လိုလူမျိုးလဲ? ဘာကြောင့်မချစ်သင့်တာလဲ? ရှေ့ဆက်သင့်လား နောက်ဆုတ်ရမလား?

အရင်ဆုံး အချစ်သင့်တဲ့သူဆိုတာကို ပြောပြပါမယ်...
လူတစ်ယောက်ရဲ့ ဘဝမှာ မချစ်သင့်တဲ့သူ (၃) မျိုးရှိပါတယ်။ ပထမတစ်မျိုးက ပိုင်ရှင်ရှိပြီးသားသူပါ....ဒါကတော့ရှင်းပါတယ် သူ့ကိုသွားချစ်ရင် သူရောကိုယ်ပါ နာကျင်ခံစားရပြီး တစ်ဘဝလုံးအစွန်းအထင်းဖြစ်စေနိုင်တာမလို့ပါပဲ။ နောက်တစ်မျိုးကတော့ ကိုယ့်ဘက်ကချည်းချစ်နေရတဲ့သူမျိုးပါ။ ကိုယ်ဘက်က ချစ်နေရရင်ကျေနပ်ပါတယ်ဆိုတာက အချိန်ကြာလာတာနဲ့အမျှကိုယ့်နှလုံးသားပဲ နာကျင်ရတာမလို့ ကိုယ့်ဘက်ကချည်းချစ်ပေး ကြင်နာပေး ပေးဆပ်ပေးနေရတဲ့သူမျိုးကို မချစ်ပါနဲ့နော်။

နောက်ဆုံး မချစ်သင့်ဆုံးသူကတော့ ကိုယ်စိတ်မလုံခြုံရတဲ့သူရဲ့ရင်ခွင်ပါ။ သူ့ဘက်ကလည်းချစ်တယ် လို့ပြောတယ် ကိုယ်ကလည်းသူ့ကို ချစ်တယ်လို့ ခံစားနေရပေမယ့် သူ့နဲ့တွေ့တဲ့အချိန် ၊ ကိုယ်နဲ့သူနဲ့စုံတဲ့အချိန်တိုင်း သူနဲ့ကိုယ်တစ်ခုခုကို ညှိနှိုင်းပြောဆိုတိုင်း စည်းချက်မညီပဲ ကြာလာတဲ့အခါသူနဲ့နေရတဲ့ကိုယ့်ဘဝကို မွန်းကြပ်လာပြီ စိတ်ပင်ပန်းလာပြီလို့ ခံစားရတဲ့အခါဒါဟာ မချစ်သင့်တဲ့သူဆိုတာ သတိရလိုက်ပါနော်...

ဘဝတစ်လျှောက်လုံးမှာ Right Person ကောင်းတစ်ယောက်နဲ့တော့ကြုံလာဦးမှာပါပဲ ... အဲ့မတိုင်ခင်တော့ မချစ်သင့်တဲ့အချစ်တွေကိုဝေးဝေးရှောင်လိုက်တာ အကောင်းဆုံးပါပဲ။

Source From Sl(own creation)
Photos crd from Google





