မကြာသေးမီက အိုဟိုင်းယိုးပြည်နယ်၊ Erie ရေကန်ရဲ့ မျက်နှာပြင်ပေါ်မှာ အရွယ်အစား ကြီးမားတဲ့ ပန်းကန်ပြားပျံကြီးတစ်စင်းကို ရေကန်အနီးမှာရှိနေတဲ့ သားဖနှစ်ဦးက မထင်မှတ်ဘဲ မြင်တွေ့ခဲ့ပါတယ်။ ပန်းကန်ပြားပျံကြီးဟာ မိနစ်ပိုင်းခြားလောက်မှာပဲ တစ်စင်းလုံး ရုတ်တရက် ပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ်။

ပန်းကန်ပြားပျံကြီးကို အဆိုပါ ရေကန်မှာတွေ့ရှိတာကတော့ ဒါဟာ ပထမဆုံးမဟုတ်ပါဘူး အလားတူ ၁၉၅၀ ခုနှစ်တုန်းကလည်း အမျိုးအမည်မသိရတဲ့ ယာဥ်ပျံကြီးတစ်စင်းဟာ ရေကန်ပေါ်မှာ မြင်တွေ့ခဲ့ရပြီး ပျောက်ကွယ်သွားတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ယခုအခါမှာတော့ သားအဖနှစ်ဦးက တစ်ဖန်ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သူတို့ရိုက်ခဲ့တဲ့ မှတ်တမ်းပုံတွေဟာ အနည်းနဲ့အများတော့ ထူးဆန်းပြီး တကယ်ကြည့်လို့ကောင်းတယ်လို့ ဆိုပါတယ်။ ပန်းကန်ပြားဟာ ရေကန်ရဲ့ မျက်နှာပြင်ရဲ့ ၆ မီတာလောက်မှာ ရေကိုတွန်းကန်အားဖြစ် ပျံနေတာကို ထင်ဟပ်စွာ မြင်တွေ့ရပါတယ်။ ဒါပေမယ့် ဒီမှတ်တမ်းပုံတွေနဲ့ ပတ်သက်ပြီး အချို့အငြင်းပွားမှုတွေလည်းရှိခဲ့ပါတယ်။ သင့်ရော ဒီမှတ်တမ်းပုံတွေကို ကြည့်ပြီး ထင်မြင်ချက်လေးတွေကို ဖွင့်ဟပေးခဲ့ပါဦးနော်..... ။

သတင်း အရင်းအမြစ်៖ Source - UFO DISCOVER