ကြတ်ဂူ နှင့်တူတဲ့ မလေးရှားက လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းဂူကြီး

//s9.kh1.co/fd/fda7e3851a15648d8a22230e452fa49f1a96419c.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


မြန်မာနိုင်ငံက လျှိုဝှက်ဆန်းကြယ်တဲ့ ကြတ်ဂူလိုမျိုး ပုံစံတူ ကျောက်ဂူတစ်ခု မလေးနိုင်ငံမှာ ရှိပါတယ်။ အဲ့ဒီဂူကတော့ Agop Batu Tulug Caves လို့အမည်ရပြီး မလေးရှားနိုင်ငံ Sabah ပြည်နယ် ၊ Kinabatangan ခရိုင်အတွင်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ အဆိုပါ နေရာကတော့ နိုင်ငံရဲ့ ရှေးဟောင်းသုတေသန နေရာတစ်ခုအဖြစ်သတ်မှတ်တဲ့ နယ်မြေတစ်ခုပါ။

Photo Credit - From Google
Photo Credit - From Google

ထူးခြားတာကတော့ ဂူထဲမှာ နှစ်ပေါင်း ၅၀၀ မှ ၉၀၀ အတွင်း ထွင်းထုထားတဲ့ သစ်သားခေါင်းတလား ၁၂၅ ခုခန့်ရှိနေတာ ဖြစ်ပါတယ်။ ပညာရှင်များကတော့ ဒီထုံကျောက်ဂူတွေမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ မှ ၉၀၀ အတွင်းက လူတွေက သင်္ချိုင်းနေရာအဖြစ် အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

Agop Batu Tulug Caves သင်္ချိုင်းဂူကြီးကိုတော့ Agop Sawat (အထက်ဂူ)၊ Agop Lintanga (အလယ်ဂူ) နှင့် Agop Suriba (အောက်လှိုဏ်ဂူ) ဆိုပြီး အဓိက ဂူကြီး (၃) ခု ခွဲခြားထားပါတယ်။ Agop Sawat နှင့် Lintanga ရှိ လိုဏ်ဂူများတွင် ရှေးဟောင်း သစ်လုံးခေါင်းတလား 125 ခု ပါရှိပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဂူအတွင်းရှိ ခေါင်းတလားအားလုံးကို belian (Eusideroxylon zwageri) သစ်မာဖြင့် ပြုလုပ်ထားပြီး ကျွဲခေါင်း၊ မိကျောင်း၊ အိမ်မြှောင်နှင့် မြွေများကို ထွင်းထုထားတာ ဖြစ်ပါတယ်။ ဒီလို ခေါင်းတလားအားလုံးကို ထွင်းထုထားတာဟာ Kinabatangan လူမျိုးတို့ရဲ့ နေထိုင်မှုပုံစံနှင့် ရိုးရာဓလေ့ကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဥပမာအားဖြင့် မိကျောင်းဟာ သေခြင်းတရားနှင့် တန်ခိုးအမှောင်နှင့် ဆက်စပ်နေပြီး bugang ငှက်၊ ခွေး၊ ကြက်ဖနှင့် သမင်တို့ကတော့ သူရဲကောင်းများရဲ့ အရင်းအနှီဆုံး သူငယ်ချင်းများဖြစ်ကြတယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

ခေါင်းတလားများဟာ တစ်ခုနှင့်တစ်ခု မတူအောင်ထွင်းထုထားပြီး အချို့အခေါင်းထဲမှာ ဂုံးများ၊ မှုတ်ပိုက်များ၊ လှံများ၊ တရုတ်လက်မှု ပစ္စည်းများ၊ ကြွေထည်များနှင့် တစ်ကိုယ်ရေ အဆင်တန်ဆာ များနှင့်အတူ တွေ့ရှိတာကြောင့် တစ်ချိန်က တရုတ်လူမျိုးများရဲ့ ခေါင်းတလားဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဒီနိုင်ငံမှာ သစ်သားခေါင်းတလားများရှိနေခြင်းကလည်း တရုတ်ပြည်မကြီး နှင့် အင်ဒိုချိုင်းနားမှ ကုန်သည်များက ဘော်နီယိုမြောက်ပိုင်းသို့ ယူဆောင်လာသည်ဟု ယုံကြည်ခဲ့ကြပါတယ်။ Kinabatangan တောင်ကြားတွေမှာတော့ ဒီလိုပုံစံတူသစ်သားခေါင်းတလား ၂၀၀၀ ခန့် ထားရှိထားတယ်လို့ သုတေသီများက ယူဆထားပါတယ်။

Photo Credit - From Google
Photo Credit - From Google

Kinabatangan ရှိ အဆိုပါ သစ်သားခေါင်းတလားများကို ၁၉၈၄ ခုနှစ်မှာ Batu Putih ရှိ ဆေးလိပ်မဏ္ဍိုင်မန်နေဂျာ P Brietag ဦးဆောင်တဲ့ လေ့လာရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ကနေစတင်ပြီး အဆိုပါ ဂူများကို အများပြည်သူအများကြည့်ရှုလေ့လာနိုင်ဖို့အတွက် ပြတိုက်အဖြစ်ထားရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - Wikipedia


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T