Seabrook ကျွန်းပေါ်ကို လျှိုဝှက်ဆန်းကြယ်စွာ ရောက်ရှိလာတဲ့ ထူးဆန်းတဲ့ အရာကြီး

//s9.kh1.co/57/574e6aa8088a05982b1c96b32d180adab0223a54.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-မေ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

တစ်ခါတစ်ရံ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာ့မြေပေါ်မှာ မဖြေရှားလို့မရတဲ့ လျှိုဝှက်ဆန်းကြယ်မှုတွေ ထွက်ပေါ်လာခဲ့တာကိုတော့ တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ မကြာသေမီတုန်းကလည်း အမေရိကန်ပြည်ထောင်စု ၊ တောင်ကယ်ရိုလိုင်းနားပြည်နယ် Seabrook ကျွန်းပေါ်မှာ တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အရာဝတ္ထုတစ်ခု ပင်လယ်အတွင်းကနေ မျောပါခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။ အဆိုပါ ထူးဆန်းတဲ့ အရာဝထ္ထုကို Lowcountry Marine Mammal Network အဖွဲ့အစည်းက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - UFO Discovery
Photo Credit - UFO Discovery

Lowcountry Marine Mammal Network အဖွဲ့အစည်းက အဆိုပါ အရာဝထ္ထုကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်မှာ တင်ပြီးနောက်မှာလည်း လူအများရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပြီး သူတို့ရဲ့ ထင်မြင်ချက် တွေကိုလည်း အသီးသီးထုတ်ဖော်ရေးသားခဲ့ကြပါတယ်။ အဆိုပါ အမည်မသိတဲ့ အရာဝထ္ထုဟာ ဘယ်ကနေ လာသလဲဆိုတာကို ပညာရှင်တွေက စူးစမ်းရှာဖွေမှုတွေ လုပ်ခဲ့ကြပေမယ့် တိကျတဲ့ အဖြေကိုတော့ မရှိခဲ့ပါဘူး ။

Photo Credit - UFO Discovery
Photo Credit - UFO Discovery

အချို့သောလူများကတော့ အဆိုပါ အရာဟာ ဆောက်လုပ်ရေးပစ္စည်းတစ်မျိုးမျိုး သို့မဟုတ် buoy လည်းဖြစ်နိုင်ကြောင်း ၊ အချို့ကတော့ ဒါဟာ အာကာသအပျက်အစီးများ (သို့မဟုတ်) ဂြိုလ်သားအာကာသယာဉ်များရဲ့ ကျိုးပဲ့ပျက်စီးနေတဲ့ အစိတ်အပိုင်းဖြစ်နိုင်ကြောင်း ယူဆခဲ့ကြပါတယ်။ ဒီအရာဝထ္ထုကို ကြည့်ပြီး သင့်ရဲ့ ထင်မြင်ယူဆထားတဲ့ ‌မှတ်ချက်လေးတွေကိုလည်း ဖွင့်ဟပေးခဲ့ပါဦးနော်....။

သတင်း အရင်းအမြစ်Source - UFO Discovery


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T