သားနှင့် ခင်ပွန်းသည်တို့ရဲ့ စိတ်ကြောင့် ရင်ကွဲနာကျပြီး သေဆုံးခဲ့တဲ့ ဘီလူးမကို ပုံဖော်ထုဆစ်ထားတဲ့ ဧရာမရုပ်တုကြီး

//s9.kh1.co/34/349dd0de8b16e5d44ce2d66a7b5085cfd7af384e.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-မေ-၂၀၂၂ ၆pm · လွန်ခဲ့သော ၃ နှစ် က

သားနှင့် ခင်ပွန်းသည်တို့ရဲ့ စိတ်ကြောင့် ရင်ကွဲနာကျပြီး သေဆုံးခဲ့တဲ့ ဘီလူးမကို ပုံဖော်ထုဆစ်ထားတဲ့ ဧရာမရုပ်တုကြီး

ထိုင်းနိုင်ငံ Puek Tian beach မှာ တကယ့်ကို အသက်ဝင်နေသည့်အလားတောင် ထင်ရလောက်တဲ့ ထူးထူးခြားခြား ရုပ်တုကြီးနှစ်ခုရှိပါတယ်။ ရုပ်တုတစ်ခုကတော့ အလွန်ကြီးမားလှတဲ့ ဘီလူးမကြီးအသွင်းအပြင်ကို ထုဆစ်ထားပြီး နောက်ရုပ်တုကတော့ ကျောက်ဆောင်ထက်မှာ ပုလွေထိုင်မှုတ်နေတဲ့ မင်းသားလေးတစ်ပါးကို ထုဆစ်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်တုနှစ်ခုရဲ့ နောက်ကွယ်မှာတော့ အရမ်းကိုသနားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=453,q=100/72/7277644d56dcef0555add5fe1d2f83a600899a34.jpg

သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်ကြောင်းလေးကို ထိုင်းတွေက ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတာတွေလည်း ရှိပါတယ်။ ဘီလူးမဟာ မင်းသားလေးကို မြင်မြင်ချင်းချစ်မိပြီး လူအသွင်ဖန်ဆင်းကာ မင်းသားလေးကို သူနေထိုင်တဲ့ ပင်လယ်အတွင်းက ဘီလူးဂူကိုခေါ်သွားခဲ့ပါတယ်။ ဘီလူးမဟာ မင်းသားလေးကို လူအသွင်ဖြစ် လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ပါတယ်။ အရမ်းအချစ်ကြီးလွန်းတဲ့ ဘီလူးမဟာ မင်းသားလေးကို အကယ်၍  သူ့လက်နဲ့ကိုယ်တိုင်သတ်မိခဲ့ရင် သူလဲသေရပါစေဆိုပြီး ကျိန်ဆိုသစ္စာပြုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/5d/5d27daf285a4b86ab72494b8bbe3b9acf51cb1ff.jpg

 နှစ်တွေကြာလာတော့ သူတို့နှစ်ဦးမှာ ဘီလူးအသွင်အပြင် သားလေးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ နောက်တော့  မင်းသားလေးက သူ့မိန်းမဟာ ဘီလူးမှန်းသိလာခဲ့လို့ သူဟာ အပြင်ကိုထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/03/031300f3669148d86229ed6f0f82b441253e4264.jpg

တစ်နေ့မှာတော့ ဘီလူးမမရှိခင်လေးမှာ မင်းသားလေးဟာ သားဖြစ်သူနဲ့အတူ ဂူနဲ့ဝေးရာအရပ်သို့ ပင်လယ်ပြင်အား ကူးခပ်ပြီး ထွက်​ပြေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=361,q=100/7b/7bde34752a2b5cf711f9ddee095683d16024034d.jpg

ဘီလူးမကြီးဟာ ဒီလိုထွက်ပြေးသွားတဲ့ ခင်ပွန်းသည်နဲ့ သား​လေးတို့ရဲ့ အနောက်ကိုလိုက်ပြီး သူနဲ့အတူ ပြန်လိုက်ခဲ့ဖို့ ပြောပေမယ့် သူမအရမ်းချစ်တဲ့ မင်းသားလေးက ငြင်းဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဘီလူးတွေကြောက်တဲ့တေးသွားတစ်ပုဒ်ကို မင်းသားလေးက ပုလွေမှုတ်ခဲ့တဲ့အတွက် ဘီလူးမဟာအရမ်းစိတ်ဆိုးပီး သတ်ဖို့ရွယ်လိုက်တဲ့အချိန်မှာ ဒါပေမယ့် သူကျိန်ဆိုခဲ့တဲ့သစ္စာနဲ့ မင်းသားဟာသူ့အပေါ် မချစ်ဘူးဆိုတဲ့စိတ်ကြောင့် ပင်လယ်ထဲမှာ တင် ရင်ကွဲနာကျသေဆုံးသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=665,q=100/94/94305334c8a0200d192cf1128a8e299a5f4b5579.jpg

 ဒီဇာတ်ကြောင်းလေးဟာ အများကထိုင်းနန်းတွင်း အချစ်ဝတ္ထုတော်ကြီး လို့လည်းပြောခဲ့ကြသလို မြန်မာ့ဇာတ်တော်ကြီးထဲမှာလည်း ဖော်ပြတာတွေ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်း မြန်မာပရိသတ် တော်တော်များများလည်း သိကြမယ်လို့ထင်ပါတယ်။ လက်ရှိတော့ Puek Tian ကမ်းခြေဟာ ဒဏ္ဍာရီဆန်တဲ့ အဆိုပါ ရုပ်တုတွေကြောင့် စိတ်ဝင်တစား နှစ်စဥ် လာရောက်လည်ပတ်သူများနှင့် စည်ကားနေတာ ဖြစ်ပါတယ်။

Source -  Puek Tian beach

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T