ကမ္ဘာပေါ်မှာ အနက်ရှိုင်းဆုံးအဖြစ် အံ့ဖွယ်တည်ရှိနေတဲ့ ဧရာမ လူလုပ်တွင်းကြီး

//s9.kh1.co/c6/c684ba8a0060c3844b13a0f22098d78814ae9177.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-မေ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ကမ္ဘာ့ပေါ်မှာ သဘာဝအတိုင်းမဟုတ်ဘဲ လူသားတွေရဲ့ မလိုလောဘတွေကြောင့် နက်ရှိုင်းတဲ့ ဧရာမတွင်းပေါက်ကြီးတွေ ဖြစ်ပေါ်ခဲ့တာရှိပါတယ်။ အဆိုပါ တွင်းပေါက်ကြီးတွေဟာ ယနေ့ခတ်ကမ္ဘာပေါ်မှာ ကျော်ဇော်ထင်ရှားပြီး ခရီးသွားတွေအတွက် ဆွဲဆောင်ရာနေရာအဖြစ် တည်ရှိနေခဲ့ပါတယ်။ ယခုတွင်းပေါက်ကြီးကတော့ ကမ္ဘာပေါ်မှာ ၄ ခုမြောက် အကြီးဆုံး စိန်တွင်းကြီး Mirny Mine ပဲ ဖြစ်ပါတယ်။

Photo Credit - from google
Photo Credit - from google
Photo Credit - from google
Photo Credit - from google

စိန်တွင်းကြီး Mirny Mine ကတော့ ရုရှားအရှေ့ပိုင်း ဆိုက်ဘေးရီးယားဒေသမှာ တည်ရှိတာ ဖြစ်ပါတယ်။ တွင်းကြီးရဲ့ အနက်ကတော့ ၅၂၅ မီတာ (၁၇၂၂ ပေ) ရှိပြီး အချင်း ၁၂၀၀ မီတာ (၃၉၀၀ ပေ) ရှိပြီး ကမ္ဘာ့အကြီးဆုံး တူးဖော်ရရှိတဲ့ တွင်းများထဲမှ တစ်ခုဖြစ်ပါတယ်။

Photo Credit - from google
Photo Credit - from google
Photo Credit - from google
Photo Credit - from google

Mirny Mine စိန်တွင်းကြီးကိုတော့ ၁၉၅၇ ခုနှစ်က စတင်တူးဖော်ခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ လုပ်ငန်းခွင်ကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit - from google
Photo Credit - from google

၂၀၀၉ ခုနှစ်မှစတင်ပြီးတော့ ဒီစိန်တွင်းကြီးဟာ မြေအောက် စိန်မိုင်းကြီးအဖြစ် အသက်ဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Mirny Mine စိန်တွင်းကြီးဟာ ကမ္ဘာမှာ အထင်ရှားဆုံး လူလုပ် တွင်းနက်ကြီးအဖြစ် ရှိနေခဲ့ပြီဖြစ်ပါတယ်။

Photo Credit - from google
Photo Credit - from google

သတင်း အရင်းအမြစ်Source - Wikipedia

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T