လနှင့် အလွန်နီးကပ်နေရာကနေ ဖြတ်သန်းသွားနေတဲ့ ထူးဆန်းတဲ့ အရာများ

//s9.kh1.co/21/21aed6c84015b972c37a5fdf9e4a81a93db48400.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

အီတလီက အပျော်တမ်း နက္ခတ္တဗေဒပညာရှင်တစ်ဦးက သူ့ဘဝရဲ့ အကောင်းဆုံးရှာဖွေတွေ့ရှိမှုကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ကောင်းကင်ယံက လ ကို ဓာတ်ပုံရိုက်ယူရင်း မထင်မှတ်တဲ့ အရာတွေကို အံ့အားသင့်စွာ တွေ့လိုက်ရပါတယ်။ အဲ့ကတော့ ကြီးမားသော အမှောင်ထုကြီးကို ဖြတ်သွားနေတဲ့ အရာဝတ္တုများဟာ မယုံနိုင်လောက်အောင် မြင့်မားသောအရှိန်ဖြင့် သွားလာနေတာ ဖြစ်ပါတယ်။

Photo Credit - UFO DISCOVER
Photo Credit - UFO DISCOVER

သူ့ရဲ့ ထင်မြင်ချက်အရ ဒါဟာအလင်းရဲ့လှည့်ကွက်တစ်ခုတော့ မဟုတ်ပါဘူး မှန်ဘီလူးပေါ်မှာ ပေါ်သွားတဲ့ မြင်ကွင်းများကတော့ ထူးဆန်းတဲ့ ယာဥ်ပျံများသာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူများနှင့် သုတေသီများကတော့ ဒါတွေဟာ အမှန်တကယ် ခြယ်လှယ်ထားတာဖြစ် ကြောင့်ဆိုထားကြပါတယ်။

Photo Credit - UFO DISCOVER
Photo Credit - UFO DISCOVER

ဒီလိုအမည်မသိတဲ့အရာတွေဟာ တွေ့ရှိခဲ့သူရဲ့ ထင်မြင်ထားသလို အမှန်တကယ် ဂြိုလ်သားတွေရဲ့ ယာဥ်ပျံများလား ၊ ဒါမှမဟုတ် စကြာဝဠာအတွင်းမှာ ပျံဝဲနေတဲ့ ဥက္ကာခဲတွေလားဆိုတာကတော့ ရှင်းလင်းချက်တွေမရရှိခဲ့ပါဘူး။ မည်သို့ပင်စေကာမူ သင့်တို့လည်း အဆိုပါ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို ကြည့်ရှုခံစားပြီး ထင်မြင်တဲ့ ယူဆချက်လေးတွေကို ဖွင့်ပေးခဲ့ပါဦးနော်...။

Photo Credit - UFO DISCOVER
Photo Credit - UFO DISCOVER

သတင်း အရင်းအမြစ်Source - UFO DISCOVERY

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T