ကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံး၊အထူးဆန်းဆုံး ရိုးရာအသုဘအခမ်းအနားနဲ့ တိုရာဂျန်လူမျိုးများ

//s9.kh1.co/68/68e4627fcd0faa2ff0bb68d552c0af064eb778e9.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

တိုရာဂျန်တွေဟာ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်က ကျွန်းလူမျိုးစုလေးတစ်ခုဖြစ်ပါတယ်

Tana Torajan(သို့မဟုတ်)တောင်ပေါ်သားတွေလို့လည်း လူသိများကြတဲ့ လူမျိုးစုဟာအင်ဒိုနီးရှားနိုင်ငံ၊ဆူလာဝေစီကျွန်းပေါ်မှာနေထိုင်ကြတဲ့ လူမျိုးစုပါ။ဟိုးရှေးခေတ်ကတည်းနေထိုင်ကြပြီး ထူးခြားလှပတဲ့အိမ်ပုံစံ၊ရင်သပ်ရှုမောဖွယ်ရာကျွန်းအလှအပတွေအပြင် ထူးခြားတဲ့အသုဘအခမ်းအနားကြောင့် တစ်ကမ္ဘာလုံးက ခရီးသွားဧည့်သည်တွေရဲ့အာရုံစိုက်မှုကို ရရှိထားတဲ့လူမျိုးစုဖြစ်ပါတယ်။

တိုရိုဂျန်လူမျိုးတွေဟာ အိမ်တွေကိုပါကျွဲချိုပုံလေးတွေ ဆောက်လုပ်ထားကြပါတယ်
တိုရိုဂျန်လူမျိုးတွေဟာ အိမ်တွေကိုပါကျွဲချိုပုံလေးတွေ ဆောက်လုပ်ထားကြပါတယ်

တိုရာဂျန်လူမျိုးတွေဟာ ဘိုးဘွားဘီဘင်တွေကိုအရမ်းဂရုစိုက်ကြသူတွေဖြစ်ပါတယ်။အသက်ရှင်နေစဥ်မှာတင်မကပဲ သေဆုံးပြီးချိန်ထိတောင် ဘိုးဘွားတွေနောက်ဘဝမှာမျက်နှာမငယ်ရအောင် စဥ်းစားပေးကြသူတွေပါ။အဲ့လိုမျိုးနောက်ဘဝကိုအရမ်းအလေးအနက်ထားကြတဲ့လူမျိုးစုဟာ ရှေးခေတ်ကတည်းကကျင်းပခဲ့တဲ့အသုဘအလေ့အထကိုခုချိန်ထိ ထိန်းသိမ်းထားကြဆဲဖြစ်ပါတယ်။

ဘိုးဘွားတစ်ဦးရဲ့အလောင်းနဲ့အတူတွေ့ရတဲ့ တိုရာဂျန်လူမျိုးတစ်ဦး
ဘိုးဘွားတစ်ဦးရဲ့အလောင်းနဲ့အတူတွေ့ရတဲ့ တိုရာဂျန်လူမျိုးတစ်ဦး

ဘိုးဘွားတစ်ယောက်ဆုံးရှုံးသွားရင် သူတို့ဟာချက်ချင်းမသင်္ဂြိုလ်ပစ်ပဲ အလောင်းကိုနှစ်တွေအကြာကြီးထိသိမ်းထားတတ်ကြပါတယ်။တကယ်အခမ်းအနားစတင်တော့မယ်ဆို အလောင်းကိုရေမိုးချိုးသန့်စင်ပေးပြီး လူတွေအများကြီးဝိုင်းမကာ စင်အကြီးကြီးတစ်ခုပေါ်ကိုတင်ကြပါတယ်။

အလောင်းစင်ကိုဝိုင်းမနေကြတဲ့ တိုရာဂျန်လူမျိုးများ
အလောင်းစင်ကိုဝိုင်းမနေကြတဲ့ တိုရာဂျန်လူမျိုးများ

အခမ်းအနားတွေမှာအရေးအပါဆုံးအရာကတော့ ကျွဲတွေပါ။တိုရာဂျန်တွေဟာ ကျွဲအကောင်ပေါင်းများစွာမပါပဲ ဘယ်တော့မှအသုဘမလုပ်ကြပါဘူး။သူတို့အတွက်တော့ ကျွဲနဲ့သေခြင်း၊သေခြင်းနဲ့ကျွဲဟာ ခွဲမရတဲ့အရာနှစ်ခုပါ။ဘာကြောင့်လဲဆို လူတစ်ယောက်ဟာသေဆုံးပြီးချိန်မှာ ဘယ်နေရာကိုမှမထွက်သွားပဲ ကျန်ရစ်ခဲ့သူတွေကိုပြန်စောင့်ရှောက်ကြတယ်လို့ယုံကြည်ကြပြီး နတ်ပြည်မတက်နိုင်ခင်မှာ အေးအေးဆေးဆေးစောင့်ရှောက်နိုင်ဖို့ ကျွဲတွေကိုယဇ်ပူဇော်ပေးကြပါတယ်။အဲ့လိုပူဇော်ရာမှာလည်း တစ်ကောင်နှစ်ကောင်တည်းမဟုတ်ပဲ ကျွဲအကောင်ရေဆယ်နဲ့ချီပြီးတော့ကို ယဇ်ပူဇော်တာမလို့ သူတို့ရဲ့အသုဘအခမ်းအနားတွေဟာ အမြဲတမ်းသွေးသံတရဲရဲနဲ့ဖြစ်နေတတ်ကြပါတယ်။

ကျွဲတွေကိုယဇ်ပူဇော်ဖို့ပြင်ဆင်နေတဲ့ တိုရာဂျန်များ 
ကျွဲတွေကိုယဇ်ပူဇော်ဖို့ပြင်ဆင်နေတဲ့ တိုရာဂျန်များ 

တော်တော်လည်းအကုန်အကျများတာကြောင့် အလောင်းတွေကိုချက်ချင်းမသင်္ဂြိုလ်ပဲ ပိုက်ဆံစုပြီးမှ ယဇ်ပူဇော်ပွဲပြုလုပ်ကြတာများပါတယ်။ကျွဲအကောင်ရေများရင်များသလို သေဆုံးသူကနတ်ပြည်မှာ ပိုကောင်းကောင်းမွန်မွန်နေရမယ်ဆိုတဲ့အယူရှိတာကြောင့် တတ်နိုင်ရင်တတ်နိုင်သလောက် ကျွဲအကောင်ရေပေါင်းများစွာကို စတေးပစ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=441,q=100/08/0866541afe5baa5f3c62253a78b08fe7b082ea77.png

ကျွဲတွေကိုလည်လှီးယဇ်ပူဇော်ပြီးရင် တစ်ရွာလုံးကရှိသမျှလူတွေက အမဲဖျက်ပြီးမျှဝေစားသောက်ကြကာ တချို့အခမ်းအနားတွေမှာ ကျွဲတွေသုံးဖို့ပိုက်ဆံမလောက်ရင် ဝက်တွေပါအသုံးပြုကြပါတယ်။အလောင်းတွေကိုလည်း မသင်္ဂြိုလ်ပစ်ပဲ အဝတ်အစားတွေနဲ့သေချာပြင်ဆင်ပေးပြီး ရွာထဲမှာရှိတဲ့အဆောက်အဦးတစ်ခုထဲမှာပဲ သိမ်းထားတဲ့သဘောမျိုးထားကြကာ နှစ်တွေကြာရင်အလောင်းကိုပြန်ဖော်ပြီးတောင် သန့်ရှင်းရေးလုပ်ပေးတတ်ကြပါသေးတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/34/348762437c399a5cfee20e1f572592186ea908be.png

တိုရာဂျန်တွေဟာ ကျွဲတွေကိုအရမ်းချစ်ကြတဲ့လူမျိုးတွေပါ။အိမ်တွေကိုလည်း ယဇ်ပူဇော်ထားတဲ့ကျွဲတွေရဲ့ ချိုတွေ၊ကျွဲသားရေတွေနဲ့မျိုးစုံအလှဆင်တတ်ကြပါတယ်။ကျွဲတစ်ကောင်ဝနေရင်တောင် လမ်းကူလျှောက်ပေးတာတွေ၊အစာကိုလက်နဲ့ကိုယ်တိုင်ခွံကျွေးတာတွေ၊ကိုယ့်လုံးကိုအမွှေးနံ့သာတွေနဲ့လိမ်းခြယ်ပေးတာတွေထိ ဂရုစိုက်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/74/743cd2774273fb9d9f0caec9f7058e1a14d33951.png

တကယ်တမ်းယဇ်ပူဇော်ဖို့အချိန်ရောက်ရင်လည်း တချက်ကလေးမှတွန့်ဆုတ်ခြင်းမရှိပါဘူး။ထူးဆန်းတာကတော့ အလောင်းတွေရော၊ထူးခြားတဲ့သင်္ဂြိုလ်ပုံတွေရော၊ကျွဲပေါင်းများစွာကိုသတ်ဖြတ်တာ အကုန်လုံးကကြောက်စရာမကောင်းပဲ အံ့ဩစရာအတွေ့အကြုံတစ်ခုလိုကြုံရတာပါ။သူတို့ရဲ့အခမ်းအနားအစအဆုံးကိုတင်ဆက်ထားတဲ့ Video ကိုလည်းအောက်မှာဖော်ပြပေးလိုက်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T