လသွေးရောင်ကြတ်မှုကို အာကာသထဲကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံများ

//s9.kh1.co/2f/2f421fdd4954dbd59dc793f5267c16a8ac6c87c2.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

အာကာသထဲကမြင်ရပုံကတော့ ကမ္ဘာပေါ်ကမြင်ရပုံနဲ့လုံးဝတခြားစီပါပဲ

မေလ ၁၅ ရက်နေ့ကဖြစ်ခဲ့တဲ့ သွေးရောင်လွှမ်းလကြတ်မှုကို မြန်မာနိုင်ငံကမမြင်ခဲ့ရပေမဲ့ ကမ္ဘာ့အနှံ့အပြားကနေ လှပစွာတွေ့ခဲ့ကြပါတယ်။လူကိုယ်တိုင်မတွေ့ရပေမဲ့ အင်တာနက်ပေါ်မှာတွေ့ခဲ့ရတဲ့ဓာတ်ပုံတွေထဲမှာ ဘယ်လောက်ထိလှပခဲ့လဲဆိုတာ အတိုင်းသားတွေ့ကြရမှာပါ။လကြတ်ခဲ့ပြီးနှစ်ရက်အကြာမှာတော့ ကမ္ဘာမြေပေါ်ကပုံရိပ်တွေတင်မကပဲ အာကာသထဲကလှမ်းမြင်ရတဲ့ပုံရိပ်တွေကိုပါတွေ့ရပါတယ်။

image via @AstroSamantha
image via @AstroSamantha

ဒီပုံတွေကို ဥရောပအာကာသအေဂျင်စီက အာကာသယာဥ်မှူး Samantha Cristoforetti ကသူမရဲ့တွစ်တာအကောင့်ကနေတဆင့် မျှဝေပေးခဲ့တာဖြစ်ပါတယ်။သူရိုက်ခဲ့တဲ့ပုံတွေဟာ နိုင်ငံတကာအာကာသစခန်းကနေလှမ်းရိုက်ကူးထားတဲ့ပုံတွေပါ။စုစုပေါင်းသုံးပုံရှိပြီး သုံးပုံလုံးဟာမတူညီတဲ့ နေရာတွေကနေရိုက်ယူထားတာဖြစ်ပါတယ်။

image via @AstroSamantha
image via @AstroSamantha

လကြတ်တာကိုကမ္ဘာပေါ်ကနေတော့ သွေးရောင်လွှမ်းနေသလိုမျိုး အနီရောင်နဲ့မြင်ခဲ့ရပေမဲ့ အာကာသထဲမှာတော့ လကြီးဟာမနီနေပဲ အမှောင်ထုထဲမှာ နည်းနည်းကျောချမ်းစရာပုံစံကြီးနဲ့ရှိနေပါတယ်။

image via @AstroSamantha
image via @AstroSamantha

သွေးရောင်လွှမ်းခဲ့တဲ့လကြတ်မှုကို မေလ ၁၅ ရက်နေ့ကကမ္ဘာ့အနှံ့အပြားမှာတွေ့ခဲ့ရတာပါ။ပုံမှန်လကြတ်တာတွေလိုမဟုတ်ပဲ ဘာလို့ဒီတစ်ခေါက်မှာလကြီးကနီနေလဲဆိုရင် ကမ္ဘာ့လေထုထဲကိုဖြတ်သန်းသွားတဲ့ နေရောင်ခြည်က ကမ္ဘာကိုကျော်ပြီး လပေါ်မှာအနီရောင်အဖြစ်ရောင်ပြန်သွားဟပ်မှုကြောင့်ပါ။မြန်မာနိုင်ငံကဘာကြောင့်မမြင်ရလဲဆိုရင် လကြတ်ချိန်ဟာ အာရှတိုက်ဖက်မှာနေ့အချိန်ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

image via TimeandDate
image via TimeandDate
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T