ဖြစ်တည်မှုပျောက်ဆုံးခြင်း (Existential Crisis) ဆိုတာဘာလဲ

//s9.kh1.co/55/55957af4c0f93ba2e31cdc478481c96e77f6fd93.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

Existential Crisis ဟာစိတ်ညစ်စရာရှိတဲ့လူတိုင်းမှာဖြစ်နိုင်တာကြောင့်သိထားသင့်တဲ့စိတ်ဝေဒနာတစ်ခုပါ

တခါတလေဘဝမှာပုံမှန်အတိုင်းသွားလာလှုပ်ရှားနေရင်းဖြစ်စေ၊မှန်ထဲမှာကိုယ့်ကိုကိုယ်ပြန်ကြည့်နေရင်းဖြစ်စေ၊အတွေးများလာချိန်မှာဖြစ်စေ၊စိတ်ညစ်စရာတွေများရင်ဖြစ်စေ ငါဘာကြောင့်ဒီလောကကြီးမှာအသက်ရှင်နေရတာလဲ၊ဘဝရဲ့ရည်ရွယ်ချက်ကဘာလဲ၊ခုလိုသာအသက်မရှင်နေရင် ဘယ်နေရာမှာဘာတွေဖြစ်နေမလဲဆိုတာမျိုးကိုတွေးမိဖူးကြပါသလား။

image via 123RF
image via 123RF

အဲ့လိုကနေတဆင့်ဆက်တက်ပြီး ငါအသက်ရှင်နေရတာအဓိပ္ပါယ်မရှိဘူး၊ဘဝမှာဘာလုပ်ရမလဲဆိုတာမသိဘူးဆိုပြီး အတွေးဆက်ဝင်ရင်တော့ Existential Crisis, မြန်မာလိုဆိုရင် ဖြစ်တည်မှုပျောက်ဆုံးခြင်းဆိုတဲ့ စိတ်မငြိမ်သက်မှုဝေဒနာကိုစတင်ခံစားနေရပြီလို့ပြောနိုင်ပါတယ်။

image via Wikipedia
image via Wikipedia

များသောအားဖြင့် ဘဝမှာအပြောင်းအလဲကြီးကြီးမားမားတစ်ခုနဲ့ကြုံရချိန်၊စိတ်ဓာတ်ကျမှု စိတ်ဖိစီးမှုများချိန်၊စိတ်ဓာတ်ကျချိန်၊တစ်ခုခုကိုကြီးကြီးမားမားဆုံးရှုံးလိုက်ရချိန်၊ဘဝမှာလမ်းပျောက်နေချိန်တွေမှာ အဲ့လိုအတွေးတွေအဝင်များပါတယ်။တကယ်လို့ဒီလိုအကြောင်းအရာတစ်ခုမှမရှိပဲနဲ့လည်း ဒီတိုင်းကြီးငါဘာလို့အသက်ရှင်နေရတာလဲဆိုတဲ့ အတွေးနဲ့တင်လည်း ဖြစ်တည်မှုပျောက်ဆုံးတဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။ဒီဝေဒနာဟာတွေးတတ်ရင်တွေးတတ်သလိုမျိုး ဘဝနဲ့လောကကြီးကို ပိုနားလည်လာစေပေမဲ့ များသောအားဖြင့် လူကိုစိတ်ဓာတ်ကျသွားစေတာများပါတယ်။

https://s9.kh1.co/__image/w=500,h=350,q=100/b1/b101aa14c9a8c27e97c5e072d744f2befcd33f13.png

Existential Crisis စတင်ခံစားနေရတဲ့လက္ခဏာတွေကတော့ အတွေးများလာခြင်းပါ။ငါသာငါမဖြစ်နေရင် တခြားဘယ်နေရာမှာဘာကြီးဖြစ်နေမလဲ၊ဒီအလုပ်ကိုသာမလုပ်နေရင် တခြားဘာလုပ်နေရမလဲ၊ဘာကြောင့်အသက်ရှင်နေရတာလဲ၊သေပြီးရင်ဘာဖြစ်မလဲ၊ဘဝရဲ့အဓိကရည်ရွယ်ချက်ကဘာလဲ၊ဘယ်လိုလဲဆိုတဲ့ ဘဝနဲ့ပတ်သက်တဲ့အတွေးတွေစဝင်လာချိန်ပါ။

image via TimesNow
image via TimesNow

နောက်ဆက်တွဲပါလာမဲ့ဆိုးကျိုးတွေကတော့ စိတ်ဓာတ်ကျလာတွေ၊ငိုခြင်းရယ်ခြင်းမရှိတော့တဲ့ထိကို ဘာမှလုပ်ချင်စိတ်မရှိတော့တာတွေ၊အားအင်ကုန်ခမ်းနေတာတွေ၊တခြားသူတွေနဲ့လည်း အဆက်အဆံလုပ်ချင်စိတ်မရှိလာတာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ကိုယ့်ဖြစ်တည်မှုနဲ့ စကြာဝဌာကြီးတစ်ခုလုံးမှာရှိသမျှအရာတွေအားလုံးရဲ့ ဖြစ်တည်မှုကိုမေးခွန်းထုတ်ရလောက်တဲ့ထိ အတွေးတွေပြင်းထန်လာပြီဆိုရင်တော့ Existential Crisis အဆင့်ဟာနောက်ဆုံးအဆင့်ကိုရောက်‌နေပါပြီ။အဆိုးရွားဆုံးကတော့ နေထိုင်ရတာဘာမှအဓိပ္ပါယ်မရှိဘူးဆိုပြီး ကိုယ့်ဘာသာကိုနေချင်သလိုနေပစ်လိုက်တဲ့အချိန်က အဆိုးဆုံးပါ။

https://s9.kh1.co/__image/w=650,h=366,q=100/8d/8da7acd15f7cd019934daa67482db71ad734cab8.png

Existential Crisis အတွက်အဖြေကိုတော့ ဘာသာတရားတွေကနေရော၊သိပ္ပံပညာကနေရော အဖြေမရှာပေးနိုင်သေးပါဘူး။ဒါပေမဲ့ပုံမှန်စိတ်ဓာတ်ကျတာကို ကုစားသလိုမျိုးကုထုံးတွေနဲ့ပဲ အေးအေးဆေးဆေးပြန်လည်ကုသနိုင်ပါတယ်။အချိန်ကာလတစ်ခုထိတော့ ကြာမြင့်ဦးမှာဖြစ်တာကြောင့် စိတ်ရှည်ရှည်နဲ့အတွေးတွေကိုဖျောက်ပစ်ရမှာပါ။

https://s9.kh1.co/__image/w=650,h=450,q=100/39/39b83c634e54aa003aad61346c498a9a68d4e9b6.png

Existential Crisis ဟာလူတော်တော်များများမှာ အဖြစ်များတာကြောင့် ကိုယ့်မှာအဲ့လိုအတွေးတွေဝင်နေလည်းဘာမှ ကြောက်လန့်စရာမလိုပါဘူး။တစ်ခါဖြစ်ပြီးသွားရင်လည်း နားလည်သွားတာမလို့ နောက်တစ်ခါထပ်ဖြစ်တာမျိုးရှားပါတယ်။ဒါကြောင့်ကိုယ်ဟာအဲ့လိုခံစားနေရပြီဆို အတတ်နိုင်ဆုံးအတွေးတွေကိုဖျောက်ပစ်ပြီး ဘဝကိုဆက်လက်ရှင်သန်နိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T