ပျောက်သွားတဲ့ Android ဖုန်းကိုအလွယ်ကူဆုံးခြေရာခံနည်း

//s9.kh1.co/84/84da4f5183cf7243f8ecf9bd1dd08c1226a642b9.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ကိုယ့်လက်ထဲမှာဖုန်းရှိနေချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားရမှာပါ

ခုကာလအတွင်းမှာ ခိုးဆိုးလုနှိုက်ရန်တွေကြောင့်ရော၊တခြားအကြောင်းအမျိုးမျိုးကြောင့်ရော မိုဘိုင်းဖုန်းတွေကိုမပျောက်မရှအောင် အမြဲသတိထားနေရကြပါတယ်။ဘယ်လောက်တန်ဖိုးနည်းနည်း ကိုယ့်ရဲ့အရေးကြီးအချက်အလက်တွေ၊အမှတ်တရတွေအများကြီးပါနေကြတာမလို့ ဘယ်သူကမှပျောက်ချင်ကြမှာမဟုတ်ပါဘူး။ဒါပေမဲ့တခါတလေ ကံမကောင်းစွာနဲ့ပဲ အကြောင်းအမျိုးမျိုးကြောင့် ဖုန်းတွေပျောက်တတ်ကြပါတယ်။ဒါကြောင့်မတော်တဆကိုယ့်ဖုန်းပျောက်သွားရင် ပြန်ရှာနိုင်ဖို့နည်းလမ်းလေးတွေကို ပြင်ဆင်ထားဖို့လိုလာပါပြီ။

https://s9.kh1.co/__image/w=650,h=411,q=100/46/4699f11188a48b158a2c14133efa0921b65669e4.png

ဖုန်းတစ်လုံးကိုခြေရာခံလို့ရတဲ့ နည်းလမ်းတွေထဲမှာ အလွယ်ကူဆုံးနဲ့အမြန်ဆုံးနည်းလမ်းကတော့ Find My Device Application ကိုအသုံးပြုတာပဲဖြစ်ပါတယ်။ပထမဆုံးလုပ်ရမှာကတော့ Find My Device App ကို Download ဆွဲရမှာပါ။ဆွဲပြီးတာနဲ့ ကိုယ့် Gmail နဲ့ Login ဝင်ထားပြီးရင်စတင်အသုံးပြုနိုင်ပါပြီ။Google Map ကိုအသုံးပြုတာဖြစ်တဲ့အတွက် Find My Device ကိုမြေပုံ App တစ်ခုအနေနဲ့လည်းသုံးပြုနိုင်ပါတယ်။အရေးကကြီးတာဖုန်းထဲမှာ App ကိုထည့်ထားပြီး ကိုယ့် Gmail အကောင့်ကိုပါထည့်ထားဖို့ပါပဲ။

image via ComputerWorld
image via ComputerWorld

မတော်တဆဖုန်းပျောက်သွားတာနဲ့တခြားဖုန်းတစ်လုံးဖြစ်စေ၊PC ကနေဖြစ်စေ Find My Device မှာကိုယ့် Gmail Account ကို Login ဝင်လိုက်တာနဲ့ ဖုန်းကိုခြေရာပြန်ခံနိုင်ပါပြီ။အဓိကအရေးကြီးတာက ဖုန်းပျောက်ပျောက်ချင်းမှာထူပူပြီး Erase Data လှမ်းမလုပ်ဖို့ပါ။Erase Dat‌a လုပ်တယ်ဆိုတာက ပျောက်သွားတဲ့ကိုယ့်ဖုန်းထဲမှာရှိနေသမျှ Data တွေအားလုံးကိုဖျက်ပစ်ပြီးဖုန်းကို Lock ချပစ်တာဖြစ်ပါတယ်။

ဖုန်းရဲ့တည်နေရာကို ခုလိုတွေ့ရမှာပါ
ဖုန်းရဲ့တည်နေရာကို ခုလိုတွေ့ရမှာပါ

ပျောက်သွားတဲ့ဖုန်းက အင်တာနက်နဲ့ GPS ဖွင့်ထားမှခြေရာခံနိုင်မှာဖြစ်တဲ့အတွက် Lock ချလိုက်ရင် တစ်ဖက်ကအဲ့ဒါတွေဖွင့်မရတော့ပါဘူး။တော်တော်များများကဖုန်းကိုပျောက်ပျောက်ပြီးချင်းမှာလန့်ပြီး Lock ချကြတဲ့အတွက် ဒီလိုပြဿနာမျိုးတွေကိုကြုံရတတ်ပါတယ်။

ဖုန်းအမျိုးအစားနဲ့ IMEI နံပါတ်တွေကိုလည်းတွေ့ရပါတယ်
ဖုန်းအမျိုးအစားနဲ့ IMEI နံပါတ်တွေကိုလည်းတွေ့ရပါတယ်

တစ်ဖက်လူကအင်တာနက်နဲ့ GPS ကိုဖွင့်ထားလိုက်ရင် ကိုယ်ကဖုန်းနေရာကိုသိရပြီး ကိုယ်ကဖုန်းနားကိုရောက်ရင်လည်း ကိုယ့်ဖုန်းကနေအသံအကျယ်ကြီးထွက်လာအောင် Play Sound လုပ်လိုက်လို့ရပါတယ်။ဖုန်းကိုဖျက်ပစ်တာမျိုးမဟုတ်ပဲ Screen ကိုပဲ Lock ချလိုက်ပြီးဖုန်းကိုဖွင့်လိုက်ရင် ကိုယ်ပြောချင်တဲ့စကားပဲဖြစ်ဖြစ်၊ကိုယ့်ဖုန်းနံပါတ်ပဲဖြစ်ဖြစ်ပေါ်နေအောင် ရေးထားလို့ရတဲ့ Secure Device ဆိုတဲ့လုပ်ဆောင်ချက်လည်းပါဝင်ပါတယ်။

Play Sound နဲ့ Secure Device လုပ်ဆောင်ချက်များ
Play Sound နဲ့ Secure Device လုပ်ဆောင်ချက်များ

ဖုန်းကို Data တွေဖျက်လိုက်ရင်တောင်မှ Gmail Account ဟာများသောအားဖြင့် Backup နဲ့ကျန်နေတတ်တာမလို့ Google ရဲ့ Find My Device အချိန်မရွေးထသုံးလိုက်နိုင်ပါတယ်။အဲ့အပြင် ကိုယ့်မိသားစုဝင်ထဲက သက်ကြီးရွယ်အိုတွေ၊စိတ်မချရတဲ့ကလေးငယ်တွေကို စောင့်ကြည့်ဖို့လည်းအသုံးဝင်တာကြောင့် ဖုန်းထဲမှာထည့်ထားသင့်တဲ့ App လေးတစ်ခုပါ။  

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T