မားစ်ဂြိုလ်ပေါ်က ဂြိုလ်သားတံခါးပေါက်ဟာ တကယ့်ဂြိုလ်သားတွေလုပ်ထားတဲ့အရာလား

//s9.kh1.co/6b/6b74b47e9ce271c8299aff86c277563db5196ba3.png
ဗဟုသုတအဖြာဖြာ

 ၁၆-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လတ်တလော Mars Doorway လို့နာမည်ကြီးနေတဲ့အရာဟာ တကယ်တမ်းဘာဖြစ်မလဲ

ပြီးခဲ့တဲ့အပတ်က မားစ်ဂြိုလ်ပေါ်က စူးစမ်းလေ့လာရေးယာဥ်ပေါ်ကနေ ပေးပို့လိုက်တဲ့ခပ်မှုန်မှုန်ပုံလေးတစ်ပုံကို နာဆာကချပြခဲ့ပြီးတော့ လူတွေအားလုံးကြားထဲမှာ အငြင်းပွားစရာဖြစ်လာခဲ့ပါတယ်။ဘာကြောင့်ဆိုအဲ့ဒီပုံထဲမှာ ကျောက်တုံးနှစ်ခုကြားက တံခါးပေါက်ပုံစံပုံရိပ်လေးကို ပြတ်ပြတ်သားသားမြင်ရတာကြောင့်ပါ။အဲ့ဒီတံခါးပေါက်လေးဟာ ဂြိုလ်သားတွေရဲ့တံခါးပေါက်ဖြစ်မလား၊မားစ်ပေါ်ကသက်ရှိတွေရဲ့အထောက်အထားတွေဖြစ်မလားဆိုပြီး ငြင်းခုန်လာကြတာဖြစ်ပါတယ်။

image via NASA
image via NASA

ကမ္ဘာ့အပြင်ကိုထွက်ပြီး ကောင်းကင်ကြီးပေါ်က ဂြိုလ်ကြီးတွေပေါ်ကို လိုက်လေ့လာတိုင်းမှာ တကယ်မရှိတဲ့အရာတွေကိုပဲ အမြဲမြင်ရတတ်လို့ အဲ့ပုံတွေပြန်ပျံ့လာရင် လူတွေကငြင်းခုန်ကြရစမြဲပါ။မကြာသေးမှီကလည်း တရုတ်စူးစမ်းလေ့လာရေးယာဥ်တစ်စီးဟာဟာ လပေါ်မှာ ထူးဆန်းတဲ့တဲအိမ်လေးတစ်ခုကိုတွေ့ခဲ့လို့ ငြင်းကြခုန်ကြပြီး သီအိုရီတွေထုတ်ကြပေမဲ့ နောက်ဆုံးတော့လည်း အရိပ်ကျနေတဲ့ ကျောက်တုံးလေးတစ်တုံးပါပဲ။

တရုတ်ကရှာတွေ့ခဲ့တဲ့ ထူးခြားဆန်းကြယ်တဲအိမ်လေး (image via News Sky)
တရုတ်ကရှာတွေ့ခဲ့တဲ့ ထူးခြားဆန်းကြယ်တဲအိမ်လေး (image via News Sky)

အခုမားစ်ဂြိုလ်ပေါ်မှာတွေ့ရတဲ့ တံခါးပေါက်လိုလို အရာဟာလည်း ပုံမှန်ပထဝီဝင်ဖြစ်စဥ်တစ်ခုကြောင့်ဖြစ်ပေါ်လာတာပါလို့ သိပ္ပံပညာရှင်တွေကထုတ်ပြောလာပါပြီ။ပုံကိုသေချာကြည့်ရင် အဲ့ဒီတံခါးပေါက်ရဲ့အလယ်တည့်တည့်မှာ အက်ကွဲကြောင်းကြီးတစ်ခုကိုတွေ့ရမှာပါ။

အက်ကွဲကြောင်းကိုတွေ့ရပါတယ်
အက်ကွဲကြောင်းကိုတွေ့ရပါတယ်

အဲ့လိုမျိုးတွေဟာ ကမ္ဘာပေါ်မှာလည်း ခဏခဏတွေ့နေရပြီး ဘာမှထွေထွေထူးထူးဖြစ်စဥ်မဟုတ်ပါဘူး။ပြီးတော့ကပ်ရိုက်ထားတာကြောင့်သာ အကြီးကြီးလို့ထင်နေရပေမဲ့ တကယ်တမ်းတော့ ၃၀ စင်တီမီတာကနေ ၄၀ စင်တီမီတာလောက်ထိသာရှိတဲ့ အက်ကွဲကြောင်းလေးပါ။

image via NASA
image via NASA

အဲ့ဒီကျောက်တုံးကို ဂြိုလ်သားတွေရဲ့တ့ခါးပေါက်လို့ထင်နေကြသူတွေအတွက်တော့ သတင်းဆိုးပေါ့။သတင်းကောင်းကတော့ မားစ်ပေါ်က စူးစမ်းလေ့လာရေးယာဥ်ဟာ ဂြိုလ်ပေါ်မှာသက်ရှိတွေရှိနေသေးလား၊ရှိရောရှိခဲ့လားဆိုတာကို ဆက်လက်ရှာဖွေနေဦးမှာဖြစ်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T