ယောက်ျားလေးတွေ တကယ်ချစ်လာတဲ့အခါ...

//s9.kh1.co/f3/f3c3231a81f779826bdc6eab23489bf181ff3920.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-မေ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ယောက်ျားလေးတွေ တကယ်ချစ်လာတဲ့အခါ...

ယောကျ်ားလေးတွေ တကယ်ချစ်တဲ့အခါ အရာရာဟာ ပြောင်းလဲသွားတတ်ပါတယ်။ အရင်က အေးပါတယ်ဆိုတဲ့ ကောင်လေးကလည်း စကားတွေပြောလာသလို အရမ်းကိုကဲပါတယ်ဆိုတဲ့ကောင်လေးကလည်း ခြေငြိမ်လာတတ်ပါတယ်နော်...

လက်ရှိကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကို တကယ်ချစ်ပြီလား?... တကယ်ရော သူ့ဘဝအတွက် ကိုယ်ဟာအရေးပါတဲ့သူလားဆိုတာကို မိန်းကလေးတိုင်းသိချင်ကြမှာပါ။

https://s9.kh1.co/__image/w=650,h=490,q=100/58/5816100dca8c81f8ae75537b109bd799c7e16a26.jpg

တကယ်လို့ ဝေခွဲရ ခက်နေရင်တော့ အခုအောက်မှာပြောပြမယ့်အချက်လေးတွေက ကိုယ့်ချစ်သူကောင်လေးနဲ့ တူသလားဆိုတာကို တိုက်ကြည့်ပြီး တကယ်ချစ်မချစ် အဖြေရှာကြည့်ပါနော်....

https://s9.kh1.co/__image/w=650,h=325,q=100/a1/a1c0ebaff12240be5acbd8b8ef8ad5992bf4ea31.jpg

(၁) ဂရုတစိုက်ရှိလာမယ်

ယောကျ်ားလေးတွေက သူတို့တကယ်ချစ်လာပြီဆိုရင် အဲ့ဒီမိန်းကလေး ကို ဂရုစိုက်ဖို့ ဝန်မလေးကြပါဘူးနော်... အရင်က အေးပါတယ်ဆိုတဲ့ကောင်လးတောင်သူ့ကောင်မလေး ကိုအရင်ကထက်ဂရုစိုက်လာမယ်။ လိုအပ်တာလေးတွေဖြည့်ဆည်းပေးချင်လာမယ်။ လိုအပ်နေချိန်အနားမှာ ရှိနေပေးချင်လာပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=434,q=100/0d/0dcaef1116530d83cba0569e32e66c5f8ce6c9df.jpg

(၂) သဝန်တိုတတ်လာမယ်

ယောကျ်ားလေးတွေ တကယ်ချစ်တာလတဲ့အခါ သဝန်တိုလာတတ်ပါတယ်။ သူတို့တကယ်ချစ်ပြီဆိုရင် ဘယ်သူနဲ့စိတ်မချတတ်သလို သေးသေးလေးနဲ့လည်းသဝန်တိုတတ်ကြပါတယ်။ သဝန်ကြောင်တာမဟုတ်ပဲသဝန်တိုတာလေးက ယောကျ်ားလေးတွေရဲ့ အရမ်းချစ်ဖို့ကောင်းတဲ့အပြုအမူလေးပါနော်...

https://s9.kh1.co/__image/w=650,h=375,q=100/3e/3ebb391dfb9f2fed238a630a29f45959632b30d2.jpg

(၃) ပိုင်ဆိုင်ချင်လာမယ်

တကယ်ချစ်လာတဲ့အခါ ယောကျ်ားလေးတွေက ဒီမိန်းကလေးကို ပိုင်ဆိုင်ချင်လာပါလိမ့်မယ်။ ဒီကောင်မလေးနဲ့အတူတူနေနိုင်ဖို့ ကြိုးစားမယ်၊ အနာဂတ်ရည်မှန်းချက်တွေရှိတယ်။ သူ့အနားမှာနေချင်လာတယ်ဆိုရင်တော့ သေချာပါတယ်ဒီကောင်လေးမင်းကိုသိပ်ချစ်နေပါပြီနော်...

https://s9.kh1.co/__image/w=650,h=434,q=100/ba/ba32aab1ac6f1826803aa0f6ff41eed955b76bd5.jpg

(၄) နားလည်ပေးတတ်လာမယ်

အရင်က ဘယ်လောက်ပဲ လက်ပေါက်ကပ်ကပ် တကယ်ချစ်တဲ့မိန်းကလေးနဲ့ဆို အသေးမွှားကိစ္စလေးတွေကအစ နားလည်းပေးတတ်လာပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=433,q=100/c7/c70d2426fc808270073ede1fc37e41d8447532d2.jpg

(၅) ကာကွယ်ပေးတတ်လာမယ်

ကိုယ့်ကောင်မလေးကို သူများထိမှာ သူများစိတ်ညစ်အောင်လုပ်မှာ အရမ်းကြောက်တတ်ကြတာ သိပ်ချစ်တတ်တဲ့ကောင်လေးတွေပါ။ ကောင်မလေးနောက်ကွယ်မှာတောင် ကောင်မလေးရဲ့သိက္ခာနဲ့ မာနကို ကာကွယ်ပေးတတ်တဲ့ယောက်ျားက အကောင်းဆုံးယောကျ်ားပါပဲနော်...

ကဲ...လက်ရှိကိုယ့်ချစ်သူက ဒီအချက်တွေနဲ့ကိုက်တယ်ဆိုရင်တော့ ဒီကောင်လေးမင်းအပေါ် တကယ်ချစ်တယ်ဆိုတာ သေချာနေပါပြီနော်...

Source from own creation

Photo credit from Google

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T