လူအမျိုးမျိုးစိတ်အထွေထွေဆိုကြတဲ့အတိုင်း တချို့က ခေါင်းအုံးနဲ့အိပ်ရတာကို နှစ်သက်သလို တချို့က ခေါင်းအုံးမပါပဲ အိပ်ရတာကို နှစ်ခြိုက်ကြပါတယ်။ ဒီနှစ်မျိုးမှာ ဘာတွေ ကွာခြားမှုရှိနိုင်မလဲ?

(၁) ခေါင်းအုံး ဖြင့် အိပ်စက်ခြင်း
ခေါင်းအုံး ဖြင့် အိပ်စက်ခြင်းဟာ သင့်ရဲ့ ကျောရိုး ၊ လည်ပင်း နှင့် ခါး အတွက် ကောင်းမွန်စေနိုင်ပါတယ်။ ဒါတင်သာမက သင့်ကို ကောင်းမွန်စွာ အိပ်စက်အနားယူစေနိုင်တာမို့ အားပြည့်စေပါတယ်။

ဒါ့အပြင် ခေါင်းအုံး သန့်သန့် နဲ့ အိပ်စက်ခြင်းဟာ သင့်ကို ဝက်ခြံပေါက်ခြင်းမှလည်း ကာကွယ်တားဆီးနိုင်ပါတယ်။

(၂) ခေါင်းအုံး မပါပဲ အိပ်စက်ခြင်း
ခေါင်းအုံး မပါပဲ အိပ်စက်ခြင်းဟာ သင့်ရဲ့ ညောင်းညာကိုက်ခဲမှုများကို ပြေပျောက်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့စိတ်ဖိစီးမှုများအားလုံးကို ယူပစ်လိုက်သလို ပျောက်သွားမှာဖြစ်ပါတယ်။

ဒါတင်သာမက ခေါင်းကိုက်ခြင်း ၊ ခေါင်းအုံခြင်း အစရှိတဲ့ဝေဒနာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
ဒီတော့ သင်ရော ခေါင်းအုံး နဲ့လား? ခေါင်းအုံးမပါပဲနဲ့လား?