ရှူးရှဲပင်လယ်စာ အစုံဗန်းကြီး လုပ်စားကြမယ်...

//s9.kh1.co/85/85395f61ca8d0bb907bf90f74657c4460c1930a5.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-မေ-၂၀၂၂ ၉pm · လွန်ခဲ့သော ၃ နှစ် က

ရှူးရှဲပင်လယ်စာ အစုံဗန်းကြီး လုပ်စားကြမယ်...

ပင်လယ်စာကို အရမ်းကြိုက်တဲ့ ပင်လယ်ပျော်လေးတွေရှိကြလား?... ပင်လယ်စာတွေက စားလို့သာကောင်းတာ ချက်ပြီးသားကိုဆိုင်တွေမှာဝယ်စားရင် ဈေးကြီးကြတာများပါတယ်နော်... ဒါကြောင့် ပင်လယ်ဗန်းကြီးကို အဖွဲ့လိုက်ရှယ်တွယ်ချင်တယ်... Budget လည်း သက်သာချင်တယ်ဆိုတဲ့သူတွေအတွက် ဒီနေ့မှာတော့ သိပ်ကို အရသာရှိပြီး အဖွဲ့လိုက်ရှယ်စားလို့ရမယ့် ရှူးရှဲပင်လယ်စာ အစုံဗန်းကြီး ကို အတူတူလိုက်လုပ်ကြည့်ရအောင်နော်...

https://s9.kh1.co/__image/w=650,h=434,q=100/6c/6c8397003bd59e2a8b23c009ba2680643607f097.jpg

ပါဝင်ပစ္စည်းများ ....

(၁) ကိုယ်ကြိုက်နှစ်သက်ရာ ပင်လယ်စာ အစုံ ၁သောင်းဖိုး

(၂) ပြောင်းဖူ နှစ်ဖူး ၊ အပ်မှို

(၃) အရသာမှုန့်၊ ရှမ်းနံနံ၊ မဆလာ၊ ဆီ၊ ကြက်သွန်နီ၊ ငရုတ်သီးဟင်းချက်မှုန့် ၊ရေအနည်းငယ်

https://s9.kh1.co/__image/w=650,h=976,q=100/eb/eb1adc9edd4663f336c39cd29c420555ceda1e0c.jpg

ပြုလုပ်ပုံအဆင့်ဆင့်

(၁) ပင်လယ်စာများကို သေချာသန့်စင် ပြီး အရသာမှုန့်၊ မဆလာအနည်းငယ် နဲ့ နှံ့အောင်နယ်ပြီးနှပ်ထားပေးပါ။

(၂) ဆီအပူထဲကို ကြက်သွန်နီနဲ့ ငရုတ်သီးဟင်းချက်မှုန့်ကို ဆီသပ်ပြီး ငရုတ်သီးအနံ့ပျောက်တဲ့အချိန်အထိစောင့်ပါ

https://s9.kh1.co/__image/w=650,h=434,q=100/01/01e18d7f7f352e3e17ff4f1d82fc055b8375bf21.jpg

(၃) ပြီးရင်တော့ ပင်လယ်စာများနဲ့ပြုတ်ထားတဲ့ ပြောင်းဖူးများနဲ့ အပ်မှိုများ ကိုပိုင်းထည့်ပြီး ရေ အနည်းငယ်ထည့်ကာ အုပ်ထားပါ

(၄) နူးလာပြီဆိုရင်တော့ အပေါ်ကနေမဆလာလေးနည်းနည်း ငံပြာရည်လေးနည်းနည်း၊အရသာလေးမှုန့်လေးနည်းနည်း ထည့်ပြီး  ရှမ်းနံနံလေးအုပ်လိုက်ပါ။

https://s9.kh1.co/__image/w=650,h=488,q=100/85/8513e2042bf44a41106e800fcfd5e6a6120c048a.jpg

ကဲ ဒါဆိုရင်တော့ သိပ်ကိုအရသာရှိပြီး စားလို့ကောင်းတဲ့ ပင်လယ်စာ အစုံချက်လေးကိုရရှိပါပြီရှင်...

အရမ်းတန်ပြီးစားလို့ကောင်းလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...

Source from Own creation

Photos credit from Facebook

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T