လက်ခုပ်တီးတဲ့ မျောက်ရုပ်လေး

//s9.kh1.co/17/17deed8e6908a3ff5fdb30c8c3a01ac03da748a3.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-မေ-၂၀၂၂ ၉pm · လွန်ခဲ့သော ၄ နှစ် က

လက်ခုပ်တီးတဲ့ မျောက်ရုပ်လေး

လူငယ်ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Peter နှင့် Dennis တို့ဟာ သူတို့ဦးလေးရဲ့ အိမ်အောက်ထပ်တွင် လက်ခုပ်တီးတဲ့ မျောက်အရုပ်ကို တွေ့ရှိခဲ့ကြတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/1b/1b5090caa505c1f75071e6a61d06c66a2fe747b9.webp

အရင်တုန်းကတော့ သူတို့ရဲ့ဖခင် Hal ဟာ ငယ်ငယ်က သူ့ဖခင်ရဲ့ဗီရိုထဲမှာ မျောက်ရုပ်ကို ရှာတွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် Hal ရဲ့ဖခင်ဟာ ထူးဆန်းတဲ့အခြေအနေများအောက်တွင် ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲ့အပြင် မျောက်နှင့်ပျောက်ဆုံးသွားတဲ့ ဖခင်ကြားတွင် ထူးဆန်းတဲ့ ဆက်သွယ်မှုတစ်ခု ရှိခဲ့ဖူးပါ‌သေးတယ်။ အဲ့လိုနဲ့ မျောက်ရုပ်ဟာ ကျိန်စာသင့်ခဲ့ပြီး လက်ခုပ်တီးတဲ့အခါတိုင်း Hal ရဲ့မိသားစုမှ တစ်စုံတစ်ဦး သေဆုံးရပါတယ်။

https://s9.kh1.co/__image/w=275,h=183,q=100/0a/0a76ef0fd0d1d4d5c89dea64c3e9a559645ee0f4.jpg

ငယ်ငယ်က မျောက်လက်ခုပ်တီးလိုက်တိုင်း သူ့ဆွေမျိုးတွေ တယောက်ပြီးတယောက် သေဆုံးနေတာကို Hal က မြင်ဖူးတယ်။  မျောက်ရဲ့ ဖိနှိပ်မှုကိုခံရတဲ့ Hal ဟာ လက်ခုပ်တီးတတ်တဲ့ မျောက်ရုပ်ကို ရေတွင်းထဲသို့ ပစ်ချခဲ့ပြီး ယခုအခါမှာတော့ သူ့ရဲ့ကလေးများလက်ထဲကို ရောက်ရှိနေခဲ့ပါပြီ။ Peter နှင့် Dennis ဟာ မျောက်ရုပ်ကို ထပ်မံတွေ့ရှိတဲ့အခါ Hal ဟာ အရုပ်ကို ရေထဲ မျောပစ်လိုက်ပါတော့တယ်။ အဲ့လိုနဲ့သူလည်း ပြဿနာကို ဖြေရှင်နိုင်သွားပြီလို့ပဲ သတ်မှတ်ခဲ့တယ်။

https://s9.kh1.co/__image/w=650,h=344,q=100/0c/0c3dee0610b35a703cd4f025b7e3230494cdf1f9.jpg

  နှစ်ရက်အကြာမှာတော့ သတင်းခေါင်းစဉ်တစ်ခုတွင် ရေကန်အတွင်းရှိ ငါးများအားလုံး လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားမှုကို မျက်နှာဖုံးမှာ ကြေငြာခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ လက်ခုပ်တီးနေတဲ့ မျောက်ရုပ်လေးလည်း ပါဝင်လို့သာ.....။

Images From Google

Source From Mom Junction

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T