ထီး လား? မိုးကာ လား?

//s9.kh1.co/86/862aa6dd50739a65bd5f9261eedb651239f19612.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-မေ-၂၀၂၂ ၅pm · လွန်ခဲ့သော ၄ နှစ် က

ထီး လား? မိုးကာ လား?

ခုလို မိုးတွေရွာနေတဲ့အချိန်ကိုရောက်လာတဲ့အခါ သင်ဟာ ထီးနဲ့မိုးကာ ဘယ်အရာကို ရွေးချယ်ဖို့ ပိုအားသန်ပါသလဲ?

မိုးတွင်းမှာ ထီးကိုပိုနှစ်သက်သူတွေရှိသလို မိုးကာမှမိုးကာဆိုသူတွေလည်း ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f9/f93b2b2bbb9fe6094c081fa2b92521b9581d034a.jpg

(၁)ထီး

ထီး လို့ဆိုလိုက်တာနဲ့ မိုးရေကို အလုံခြုံဆုံးကာကွယ်နိုင်ရုံသာမက နေဒဏ်နဲ့လေဒဏ်ကိုပါ ကာကွယ်နိုင်တဲ့ အသုံးအဆောင်အဖြစ် အများက သိကြမှာပါပဲ။

https://s9.kh1.co/__image/w=650,h=366,q=100/06/06a9a9d98a566f160976088ded00903c0667a8c4.jpg

မိုးတွင်းကာလမှာ ထီးဆောင်းတဲ့အတွက် လုံလုံခြုံခြုံရှိပြီး မိုးရေစိုပြီး ဖျားနာခြင်းမှ အတော်အသင့်ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ထီးလှလှလေးတွေနဲ့ ဖက်ရှင်ကျကျ မိုးတွင်းကာလကိုဖြတ်သန်းလို့ရပါသေးတယ်။ ပြဿနာကတော့ ထီးသယ်ရတာနဲ့ ထီးကျိုးတတ်တာပါပဲ။

https://s9.kh1.co/__image/w=500,h=333,q=100/7d/7d33165e3c47bb3aeca15488e98a630d3511df5f.jpg

(၂)မိုးကာ

မိုးရေစက်တွေကို အလုံခြုံဆုံးနဲ့အနီးကပ်ဆုံးခံစားလို့ရစေနိုင်တာဆိုရင်တော့ မိုးကာ ပါပဲ။ မိုးကာဝတ်ဆင်လိုက်ခြင်းဖြင့် မိုးရေတောထဲလမ်းလျှောက်နေရသလိုခံစားနေရမှာဖြစ်ပေမယ့် တကယ်တမ်းကျ မိုးကာ ရဲ့ ကာကွယ်မှုကြောင့် မိုးရေမစိုပဲလုံလုံခြုံခြုံနဲ့သဘာဝရဲ့အရသာကို ခံစားနေရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=612,h=408,q=100/0d/0ddd3fa712bb364666d533111973ca04f40460a4.jpg

ဒါ့အပြင် မိုးကာ က ထီးလိုမျိုးသယ်ရတာ ကရိကထမများတဲ့အတွက် အဆင်ပြေစေမှာအသေအချာပါပဲ။

မိုးတွင်းလည်း ကျတော့မှာဆိုတော့ သင်ရော ထီးလား? မိုးကာ လား?

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T