အသက်ငယ်စဥ်မှာ အိမ်ထောင်ကျတာကောင်းလား? အသက်ကြီးမှ အိမ်ထောင်ကျတာကောင်းလား?

//s9.kh1.co/a5/a5956a5901b08eaa1fafe12b0ce38a92c9545620.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

အသက်ငယ်စဥ်မှာ အိမ်ထောင်ကျတာကောင်းလား? အသက်ကြီးမှ အိမ်ထောင်ကျတာကောင်းလား?

ဒီဖြစ်ရပ်နှစ်ခုမှာ ဘယ်ဟာက ပိုသင့်တော်မယ်လို့ ယူဆပါသလဲ? သင်ဆိုရင်ရော ဘယ်ဟာကို ပို ထောက်ခံပါသလဲ?

https://s9.kh1.co/__image/w=452,h=678,q=100/54/549db5e8611c436101b99cb915792b4cd7102952.jpg

(၁) အသက်ငယ်စဥ်မှာ အိမ်ထောင်ပြုခြင်း

အသက်ငယ်စဥ်မှာ အိမ်ထောင်ပြုတာဟာ တကယ်တော့စွန့်စားလွန်းရာကျပါတယ်။ ငယ်ရွယ်စဥ်နဲ့ အိမ်ထောင်ကျသွားတာဟာ မြဲဖို့လည်းလွယ်သလို ပြတ်ဆဲဖို့လည်း အင်မတန်လွယ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ဖက်က ကိုယ်နဲ့ အဆင်မပြေတဲ့သူဖြစ်လာခဲ့ရင် အချိန်ကြာလာတာနဲ့အမျှ နောင်တတွေတစ်ပိုက်ကြီး ရလာမှာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/80/80d3357c15af4c97e3a9ada4b5066b8c729fb7b9.jpg

သို့ပေမယ့် အိမ်ထောင်ဖက်ကောင်းနဲ့ တွေ့ပြီး အရာရာအဆင်ပြေခဲ့ရင်တော့ ပျော်စရာကောင်းမယ့်အပြင် မွေးလာတဲ့သားသမီးတွေဟာ မိမိနဲ့အရွယ်သိပ်မကွာမှာမို့ စိတ်တူကိုယ်တူ အဖော်လေးတွေထပ်မံရရှိမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=612,h=432,q=100/6b/6b0dca4dc6e2d25025b1bafa644de77cb48e9fd3.jpg

(၂) အသက်ကြီးခါမှ အိမ်ထောင်ပြုခြင်း

အသက်ကြီးခါမှ အိမ်ထောင်ပြုတာဟာ တကယ်တော့ ပြင်ဆင်ချိန်အတော်လေးရတာမို့ ကောင်းမွန်ပါတယ်။ ပြင်ဆင်ချိန်အတော်လေးရတဲ့အပြင် ရင့်ကျက်ချိန်ရောက်ခါမှ အိမ်ထောင်ပြုတာမို့ ဒါဟာ အနာဂတ်အတွက်လည်း ကောင်းမွန်တဲ့အလားအလာပါပဲ။

https://s9.kh1.co/__image/w=650,h=434,q=100/79/7923d431776f1d6e74d0d69ec79ac6c2e66f18ea.jpg

တစ်ခုရှိတာက အသက်ကြီးမှအိမ်ထောင်ကျတာမို့ ကလေးမွေးတဲ့အခါမှာတော့ အခက်အခဲတွေရှိလာနိုင်ပါတယ်။ ဒါ့အပြင် သားသမီး နဲ့ Generation Gap ဖြစ်သွားမှာမို့ အဆင်မပြေဖြစ်လာနိုင်ပါတယ်။

ဒီတော့ သင်ရော ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်ပြု မှာလား? အသက်ကြီးမှ အိမ်ထောင်ပြုမှာလား?

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T