စစ်မှန်တဲ့ လက်တွဲဖော်ကို ဘယ်အရွယ်မှာ ရှာဖွေတွေ့ရှိနိုင်မလဲ?...

//s9.kh1.co/33/33695282c8d77c799721f39970957da4984d7fed.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

စစ်မှန်တဲ့ လက်တွဲဖော်ကို ဘယ်အရွယ်မှာ ရှာဖွေတွေ့ရှိနိုင်မလဲ?...

လူတစ်ယောက်အတွက်စစ်မှန်တဲ့ လက်တွဲဖော်ဆိုတာ လက်ရှိတွဲနေတဲ့ ချစ်သူရည်းစားလည်းဖြစ်ချင်မှဖြစ်မှာပါနော်... လူတစ်ယောက်ကို အများကြီးချစ်လို့ရပေမယ့် တစ်ဘဝလုံးသူသာကိုယ့်ရဲ့ လက်တွဲဖော်လို့တော့ အချိန်ခဏလေးနဲ့တင်သတ်မှတ်လို့မရပါဘူး။

https://s9.kh1.co/__image/w=650,h=423,q=100/43/43a62e25d1f77a14e025067ccf433eae0ba284cd.jpg

စစ်မှန်တဲ့ ဘဝလက်တွဲဖော်ဆိုတာ ရင်ခုန်လို့ တွဲတဲ့ ချစ်သူရည်းစားမျိုးဆိုတာထက် ကိုယ့်ဘဝအတွက် စိတ်ချရတဲ့သူ၊ လုံခြုံနွေးထွေးမှုအပြည့်ပေးနိုင်တဲ့သူ အရှင်းဆုံးပြောရရင် ကိုယ်နောက်လှည့်မကြည့်ရင်တောင် ကိုယ့်အပေါ်သစ္စာရှိရှိနဲ့ တည်ငြိမ်စွာ ချစ်ပေးသွားနိုင်မယ့်သူမျိုးပါ။ နားလည်မှုလည်းရှိရမယ်၊ တစ်ခါတလေရန်ဖြစ်ရင်တောင် ပြတ်မယ်ဆိုတဲ့ အခြေအနေကို တွေးတောင်မကြည့်ဖူးတဲ့ အချစ်ရေးမျိုးလို့ဆိုရမှာပေါ့...

ဒါဆို ဘယ်လိုအချိန်မှာ စစ်မှန်တဲ့ လူနဲ့ ဆုံတွေ့နိုင်ကြသလဲ?...

https://s9.kh1.co/__image/w=650,h=434,q=100/c8/c8708d74aa1c6e5dc547ad49b7408a40833fb751.jpg

(၁) နွေးထွေးလုံခြုံတယ်လို့ ခံစားလာရတဲ့အချိန်

လူတိုင်းက ကိုယ့်ကိုယ်ကိုကလွဲရင်း ဘယ်သူ့ကိုမှအပြည့်အဝယုံကြည်လေ့မရှိတတ်ကြပါဘူး။ ရှင်းရှင်းပြောရရင် တစ်ယောက်တည်းနေရင်းလေလည်ချင်လည်မယ် ၊ တစ်စိမ်းတစ်ယောက်နဲ့အတူတူနေတဲ့အိမ်ထဲမှာလေလည်ဖို့ဆိုရင်ဝန်လေးတတ်ကြပါတယ်။ ဒါကတော့အကြမ်းဆုံးနမူနာပေးတာပါ... ဒီလိုပါပဲ ကိုယ့်စိတ်က ဒီလူနဲ့စကားပြောရင် ယုံကြည်မှုရှိနေမယ်၊ခွန်အားတွေပြည့်နေမယ်၊ ကိုယ်ဘာပြောပြောသူနားလည်လက်ခံပေးနိုင်တာကို ခံစားမိနေမယ်၊ဒါဆိုရင်‌တော့ သူကသင့်အတွက် လုံခြုံစိတ်ချစွာ နားခိုနိုင်တဲ့ ရင်ခွင်တစ်စုံဖြစ်နေမှာပါ။ သူ့ဘက်ကလည်း သင့်ကိုဒီလိုသဘောထားပဲဆိုရင်တော့ ဒါဟာသင့်အတွက်စစ်မှန်တဲ့အချိန်ကိုရောက်လာတာပါပဲ။

https://s9.kh1.co/__image/w=650,h=433,q=100/ad/adf8391eb6c6ed5d3d747ca4f44a407010d23b86.jpg

(၂) သက်လတ်ပိုင်းအရွယ်ရောက်တဲ့အချိန်

သက်လတ်ပိုင်းအရွယ်ရောက်လာတဲ့အချိန်မှာ လူတော်တော်များများက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘယ်အရာမဆို ယုံကြည်ချက်ရှိရှိလုပ်ဆောင်နိုင်ပါပြီ။ ဒီလိုအချိန်မှာ ချစ်သူရည်းစားထားမယ်ဆိုရင် ဦးနှောက်ရော နှလုံးသားရောနဲ့ပါ စဉ်းစားဆုံးဖြတ်မယ့်အရွယ်မလို့ ဒီအရွယ်က ရွေးချယ်မှုမှန်ကန်နိုင်တယ်လို့ဆိုရမှာပါပဲ။

https://s9.kh1.co/__image/w=650,h=390,q=100/c7/c73a6efb53200f65d99ab2e9bb4cce9017cf703d.jpg

(၃) အခက်ခဲတွေကို အတူတူရင်ဆိုင်ပြီးလာတဲ့အချိန်

လူတွေဟာ ကောင်းတဲ့အချိန်မှာအတူတူရှိပေးနေတဲ့သူထက် လိုအပ်တဲ့အချိန်ကိုယ့်အနားမှာရှိပေးတဲ့သူကိုပိုပြီးစွမ်းလမ်းတတ်ကြပါတယ်။ မှန်ပါတယ်... လူတစ်ယောက်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို အတူတူခါးစည်းခံပေးဖို့ဆိုတာ လွယ်မှမလွယ်ကူတာပဲ။ ဒီလို ကိုယ့်ရဲ့အပူတွေမျှဝေခံစားပေးတတ်ပြီး ကောင်းရာကောင်းကြောင်းကို ညွှန်ပြတတ်တဲ့သူနဲ့တွေ့ဆုံနေပြီဆိုရင် သင်ဟာ စစ်မှန်တဲ့ ဖူးစာရှင်နဲ့ တွေ့ဆုံနေပြီလို့ဆိုလို့ရပါတယ်နော်...

https://s9.kh1.co/__image/w=400,h=400,q=100/90/90e234f4df73f4b2b6bddc5faef129a17143be7d.jpg

ကဲ... ဒီစာကိုဖတ်ပြီးတဲ့အချိန်မှာ သင်ရော စစ်မှန်တဲ့ ဖူးစာရှင်နဲ့ တွေ့ဆုံနေပြီလား ဆိုတာ ပြန်စဉ်းစားကြည့်နော်...

Source from Own creation

Photo credit from google

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T