တိရစ္ဆာန်မျိုးစိတ်တိုင်းတွင် ထူးခြားမှုတွေရှိပါတယ်။ စက္ကန့်ပိုင်းအတွင်း သားကောင်များရဲ့သွေးကို ခဲစေနိုင်သော အဆိပ်ဖြစ်စေ သို့မဟုတ် လူရဲ့မျက်လုံးထက် ပိုမိုမြန်ဆန်စွာ ရွေ့လျားနိုင်တဲ့ လျှာဖြစ်စေ သူတို့နှင့်ပတ်သက်တဲ့အရာတစ်ခုရှိပါတယ်။ ခုဖော်ပြသွားမှာကလည်း တိရစ္ဆာန်တွေမှာ ဖြစ်ပေါ်ပြုလုပ်တတ်တဲ့ ထူးဆန်းအရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။
1- ကြိုးကြာနီတွေဟာ အစာစားတဲ့အခါ ဇောက်ထိုးဖြစ်နေတက်ပါတယ်။

ကြိုးကြာနီတွေဟာ ခြေထောက်တစ်ဖက်ထဲနဲ့ ရေတိမ်တွင်ရပ်နေခြင်းကြောင့် နာမည်ကြီးပေမယ့်လည်း ကြိုးကြာနီတွေဟာ သူ့ရဲ့ အမှန်တကယ် အစာနှင့်အတူ စုပ်ယူလာတဲ့ ရွှံ့နှင့် ရေများကို စစ်ထုတ်ရန်အတွက် နှုတ်သီးထိပ်ရှိ အမွေးအမှင်များကို အသုံးပြုရတာကိုတော့ လူအများစုက မသိကြပါဘူး။ ဒါကြောင့် သူတို့တွေဟာ အစာကို ဇောက်ထိုးမစားပါက စစ်ထုတ်နိုင်မှာ မဟုတ်ပါဘူး။
2- မြွေပါကတိုဖြူ အမ တွေဟာ ခန္ဓာကိုယ် အပူတက်ချိန် မိတ် မလိုက်ပါက သေတတ်ပါတယ်။

မြွေပါကတိုဖြူ အမတွေဟာ ခန္ဓာကိုယ် အပူချိန်တက်လာတဲ့အခါ မိတ် မလိုက်မချင်း အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားစွာ ထုတ်လုပ်ပါတယ်။ အချိန်ကြာမြင့်စွာ အီစထရိုဂျင် အမြောက်အမြားရှိနေခြင်းဟာ ဟော်မုန်းပမာဏမြင့်မားခြင်းကြောင့် ရိုးတွင်းခြင်ဆီနှင့် သွေးဆဲလ်များ ပျက်စီးခြင်းဖြစ်နိုင်ပြီး အဲ့ကနေတစ်ဆင့် Aplastic Anaemia ဖြစ်လာတတ်ပါတယ်။
3- လင်းပိုင်တွေဟာ အိပ်စက်ချိန်တွင် ဦးနှောက်တစ်ခြမ်းကိုပဲ အိပ်စက်စေပါတယ်။

လင်းပိုင်များဟာ နို့တိုက်သတ္တဝါများဖြစ်ပြီး သူတို့ဟာ ပင်လယ်ထဲတွင် နေထိုင်ကြပြီး ထူးခြားစွာ အချိန်အကြာကြီး အသက်ရှုနိုင်ပေမယ့်လည်း ရံဖန်ရံခါ လေထဲကို ခုန်ဖို့ လိုအပ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် Dolphin ရဲ့ ဦးနှောက်ဟာ ရေမျက်နှာပြင်ပေါ်ကို ရံဖန်ရံခါတက်ပြီး အသက်ရှုရန် လုံလောက်တဲ့ ထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်တာကြောင့်ပဲဖြစ်ပါတယ်။ လင်းပိုင်များဟာ အချိန်တိုင်း မျက်လုံးတစ်ဖက်ဖွင့်ကာ အိပ်တတ်ကြပါတယ်။
4- Blue Whales များဟာ အလွန်လေးလံပါတယ်။

ရေမျက်နှာပြင်ပေါ်တွင် ဒီအရာဟာ အလွန်ထူးဆန်းသည်ဟု မထင်ရပေမယ့်လည်း Blue Whales များရဲ့ အရွယ်အစားနှင့် အလေးချိန်ဟာ အများစုယုံကြည်တဲ့ သို့မဟုတ် သူတို့ရဲ့စိတ်တွင် မြင်နိုင်တဲ့အရာထက် များစွာကြီးမားပါတယ်။ ပျမ်းမျှအားဖြင့် Blue Whale ဟာ ဆင် 3-4 ကောင်နှင့် ညီမျှပြီး ဝေလငါးတစ်ကောင်ရဲ့ လျှာအလေးချိန်နဲ့ ဆင်တစ်ကောင်ရဲ့အလေးချိန်ဟာ အတူတူပါပဲ။ အဲဒါကို စဉ်းစားဖို့ တစ်စက္ကန့်လောက် အချိန်ယူပါ။ လျှာရဲ့အလေးချိန်က ဆင်တစ်ကောင်နဲ့ ညီမျှတယ်ဆိုတာ.....။
5- ကင်းခွေချပ်တွေဟာ နူနာစွဲနိုင်ပါတယ်။

အနာကြီးရောဂါဟာ လူကိုထိခိုက်စေတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်ပြီး မကုသဘဲထားပါက အရေပြား၊ အာရုံကြောများ၊ အစွန်းများနှင့် မျက်လုံးများကို ဆိုးရွားစွာပျက်စီးစေပါတယ်။ နောက်ဆုံးတွင် ရောဂါသည်အား ထုံကျင်စေပြီး အမြှေးပါးကို ဆုံးရှုံးစေတဲ့ ဆင့်ပွားရောဂါပိုးများ ရရှိစေမည်ဖြစ်ပါတယ်။ ဒီရောဂါဟာ တိရစ္ဆာန်မျိုးများစွာကို ကူးစက်မှု အလွန်နည်းပါးပေမယ့်လည်း ရောဂါကူးစက်ခံရတဲ့အခါ ခံစားရမယ့် ဝေဒနာတွေကတော့ အတူတူပါပဲ။ ဒီရောဂါကို ကင်းခွေချပ်တွေလည်း အကြောင်းတချို့ချို့ကြောင့် ကူးစက်နိုင်ပါတယ်။
6- ပိုးဟပ်ရဲ့ဦးနှောက်ဟာ ခန္ဓာကိုယ်ထဲတွင်ရှိပါတယ်။

ကမ္ဘာကြီးပျက်ရင်တောင် အသက်ရှင်ကျန်ရစ်မယ့် သူများအနက်မှ ပိုးဟပ်ဟာ တိရစ္ဆာန်အများစုနှင့်မတူဘဲ သူ့ရဲ့ဦးနှောက်ဟာ အမှန်တကယ်တွင် ခေါင်းထဲမှာ တည်ရှိနေခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းမှာသာ တည်ရှိတာကြောင့် ခေါင်းဖြတ်ခြင်းမှ လွတ်မြောက်နိုင်ပါတယ်။ ခေါင်းပြတ်နေတဲ့ ပိုးဟပ်တစ်ကောင်ဟာ ဆက်လက်ပြီး သူ့ရဲ့လုပ်ငန်းကို လည်ပတ်နေမှာပါ။ သို့သော် စားစရာပါးစပ်မရှိတော့တာကြောင့် နောက်ဆုံးတွင် ငတ်ပြတ်သေဆုံးသွားပါတယ်။
7- ဖားများသည် 360° အမြင်အာရုံအကွာအဝေးရှိပါတယ်။

ဖားတစ်ကောင်ရဲ့မျက်လုံးများဟာ သူတို့နောက်ကွယ်ရှိအရာများအပါအဝင် သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အချိန်မရွေးမြင်နိုင်စေတဲ့ပုံစံဖြင့် ဖန်တီးထားပါတယ်။ ဒီအရာကြောင့် သူတို့ကို အလစ်ဝင်တိုက်ရန် ခက်ခဲစေပြီး ဖားများဟာလည်း မျက်လုံးများကို ဖွင့်ကာ အိပ်နေတတ်ပါတယ်။
သတင်း အရင်းအမြစ်៖ the pet express





