ကိုကြီးတွေကို ချစ်သူတော်ထားရင်...

//s9.kh1.co/cc/ccfbf6f2427d109152263be957cbba740e9021be.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ပြီ-၂၀၂၂ ၅pm · လွန်ခဲ့သော ၄ နှစ် က

ကိုကြီးတွေကို ချစ်သူတော်ထားရင်...

ဘဝမှာကိုယ့်ကို သိပ်ချစ်သိပ်အလိုလိုက်တဲ့ ကိုကြီးတွေနဲ့ ချစ်သူတော်ထားရလား?... ဒါဆိုရင်တော့သင်က လက်ရှိမှာ သိပ်ကံကောင်းတဲ့ကောင်မလေးဆိုတာ သေချာသလောက်ရှိနေပါပြီ...

တစ်ကမ္ဘာလုံးရဲ့ အတိုင်းအတာနဲ့ တွက်ချက်လေ့လာမှုများအရ ကိုယ့်ထက်အသက်ကြီးတဲ့အမျိုးသားတွေကို ပိုင်ဆိုင်ထားသူတွေဟာ တစ်ခြားမိန်းကလေးတွေထက် အိမ်ထောင်ရေးပိုပြီးကံကောင်းသလို၊ သာယာချမ်းမြေ့တဲ့ ဘဝတစ်ခုကိုလည်းပိုင်ဆိုင်ထားနိုင်ကြတယ်လို့ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/0a/0a6010e0673925e8614eadd5be3a172320768947.jpg

ဒီတွက်ချက်မှုတွေက အပေါ်ယံတွက်ချက်ထားတာမျိုးမဟုတ်ပဲ တကယ်ကို အချက်အလက်အပြည့်အစုံနဲ့ စစ်တမ်းကောက်ခဲ့တာပဲဖြစ်ပါတယ်...

ဆိုတော့ကိုကြီးတွေကို ပိုင်ဆိုင်ထားရင် ဘာကြောင့်ကံကောင်းတဲ့မိန်းကလေးဖြစ်နိုင်တာလဲ?...

https://s9.kh1.co/__image/w=650,h=488,q=100/6f/6f45e7c943474098b00b5c477f1b264a21934ad4.jpg

(၁) ဂရုစိုက်ကြင်နာတတ်လို့

ကိုကြီးတွေက ကိုယ့်ထက်ငယ်တဲ့ကောင်မလေးတွေအပေါ်ဂရုစိုက်ကြင်နာတတ်ကြတာသဘာဝပါ။ ဒီထဲမှာက ကိုယ့်ချစ်သူကောင်မလေးသာဆိုရင် ပိုလို့တောင် အချစ်ကြီးကြပါသေးတယ်။ အချစ်ကြီးတယ်ဆိုတာထက်ကို လိုလေသည့်မရှိအောင်ဂရုစိုက်တတ်တာ ကိုကြီးတွေပါ။ တစ်ခုခု လိုချင်တယ်လို့ပြောမိရင် ချက်ချင်းမဟုတ်ရင်တောင် မကြာခင်ဖြည့်ဆည်းပေးတတ်တာ ကိုကြီးတွေပါ။

https://s9.kh1.co/__image/w=650,h=434,q=100/9c/9c9ca1e8daf1aa0472e7c0758ced47529b3f1c97.jpg

(၂) ဆုံးမသွန်သင်တတ်လို့

ယောကျ်ားလေးတွေအများစုက သူတို့ ရဲ့ ဆုံးမသွန်မသင်မှုကို ခံယူတတ်တဲ့သူမျိုးကိုသာ သဘောကျတတ်ကြသူပါ။ ဆုံးမသွန်သင်လို့နာခံရင်လည်းသိပ်ချစ်တတ်ကြသလို ဆုံးမလို့မရရင်လည်း ရတဲ့အထိစိတ်ရှည်သည်းခံပေးတတ်ကြတာ ကိုကြီးတွေရဲ့သဘာဝပါနော်။

https://s9.kh1.co/__image/w=650,h=432,q=100/d0/d0c18a7ed1f12c57264853726d1c1fed595172f9.jpg

(၃) သစ္စာရှိတတ်ကြလို့

သူတို့ထက်ငယ်တဲ့ ကောင်မလေးတွေကိုပိုင်ဆိုင်ထားရလို့ ပိုပြီးလို့တောင် သစ္စာရှိတတ်ပါသေးတယ်။ တစ်ခြားကောင်မလေးတွေကိုမြင်ရင်တောင် သူတို့ ကောင်မလေးတွေလောက်ချစ်စရာမကောင်းဘူးဆိုတဲ့စိတ်က သူတို့ရဲ့ ခံစားချက်တွေထဲမှာ ကိန်းအောင်နေတတ်ကြသူတွေပါ။

https://s9.kh1.co/__image/w=310,h=163,q=100/71/712e4cb7f8dd43e038ae9fe5cbea1fbe2b6333a4.jpg

(၄) ဘဝရဲ့နောင်ရေးအတွက်လုံခြုံရလို့

ဦးနှောက်နဲ့တွက်ချက်ရမယ်ဆိုရင်လည်းကိုကြီးတွေက ပိုပြီး စီးပွားရှာနိုင်တဲ့အရွယ်ဖြစ်တာမလို့ အနည်းဆုံးတော့ဝမ်းဝခါးလှအောင် ထားပေးနိုင်မှာ အသေချာပါပဲနော်...

ကဲ... အခုကစပြီးကိုယ်ပိုင်ဆိုင်ထားတဲ့ကိုကြီးတွေကို ပိုပြီးတန်ဖိုးထားချစ်ပေးကြပါနော်...

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T