ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားရုံတင်မကဘဲ ချစ်ပါချစ်နေမိပြီဆိုတာ သက်သေပြနေတဲ့ အချက် (၅) ချက်

//s9.kh1.co/f9/f9bc763a68a66a0916acbeb4384352a5525d66d8.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ပြီ-၂၀၂၂ ၅pm · လွန်ခဲ့သော ၃ နှစ် က

ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားရုံတင်မကဘဲ ချစ်ပါချစ်နေမိပြီဆိုတာ သက်သေပြနေတဲ့ အချက် (၅) ချက်

ကိုယ်က တစ်စုံတစ်ယောက်ကို စိတ်ဝင်စားနေတာလား ၊ ချစ်နေတာလားဆိုတာ ခွဲခြားသိမြင်စေဖို့လိုအပ်ပါတယ်။ ဒီအချက်လေးတွေနဲ့ ကိုက်ညီရင်တော့ တကယ်ချစ်တာ သေချာပါပြီ။

https://s9.kh1.co/__image/w=650,h=488,q=100/1a/1a77b164f0ef8030f8dab35c4dcbd984cee1381a.jpg

၁။ ပြောင်းလဲလာတယ်

သူနဲ့ မတွေ့ခင်တုန်းက ကိုယ့်ရဲ့အနေအထိုင်က တစ်မျိုး ၊ သူနဲ့တွေ့ပြီးမှ အနေအထိုင်တွေ ပြောင်းလဲလာတတ်ပါတယ်။ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ အချစ်စစ်နဲ့တွေ့ရင် နူးညံ့သိမ်မွေ့သွားနိုင်သလို ရိုးသားအေးဆေးတဲ့ လူငယ်တစ်ယောက်ဖြစ်စေကာမူ အချစ်စစ်နဲ့တွေ့လိုက်ရင် ခပ်ဆိုးဆိုးစရိုက်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ အချစ်နဲ့တွေ့ရင် ဖယောင်းဟာ သံမဏိဖြစ်နိုင်သလို သံမဏိဟာလည်း ဖယောင်းဖြစ်သွားစေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e5/e5e1983916e5307d0a431b48f56fed37a7be95da.jpg

၂။ မတွေ့ရ မနေနိုင်ဖြစ်လာတယ်

ကိုယ်တစ်ကယ်ချစ်ရတဲ့ ကောင်မလေးကို အမြဲတမ်း မြင်ချင်တွေ့ချင်နေမိတယ်။ သူ့ကို မတွေ့ရရင်တောင် သူ့ဓာတ်ပုံလေးကို ခိုးနမ်းမိနေတာမျိုး ၊ ရှိန်းတိန်းဖိန်းတိန်းခံစားမှုတွေကို ခံစားဖူးကြမှာပါ။ နေ့သစ်မှာ သူ့မျက်နှာလေးကို မော်ဖူးချင်လွန်းလို့ သူသွားရာလမ်းမှာ မယောင်မလည် ချောင်းကြည့်မိတာနေတာမျိုး ၊ သူ့အသံလေး ကြားချင်လွန်းလို့ ဖုန်းမှားခေါ်မိသလို သူ့ဖုန်းနံပါတ်ကို တမင်ခေါ်မိတာမျိုး လုပ်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/21/21d377217a24fd86585b0712c96544c752b125dd.jpg

၃။ မနာလိုဖြစ်တတ်လာတယ်

ပုံမှန်အားဖြင့် သဘောထားကြီးလွန်းတဲ့ ပုဂ္ဂိုလ်တွေတောင် အချစ်စစ်နဲ့တွေ့ရင် မနာလိုစိတ်ဖြစ်လာကြပါတယ်။ ကိုယ့်ချစ်ရတဲ့ကောင်မလေးနားကို တခြားကောင်လေးတစ်ယောက်နဲ့တွဲမြင်မိပြီဆို ငယ်ထိပ်မြွေပေါက်ခံရသလိုမျိုး ခြေမကိုင်မိ လုပ်မကိုင်မိ ခံစားလာတတ်ကြပါတယ်။ ကိုယ့်ချစ်သူနားမှာ အဖိုသတ္တဝါကိုမြင်မိရင် အလိုလိုဒေါသဖြစ်လာပြီး အူနုကျွဲခတ်သလို ခံစားတတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/d3/d3b481995f2697d86c8161df634f95fe16a7e6b0.jpeg

၄။ နားလည်ပေးတတ်လာတယ်

ကိုယ်တိတ်တခိုးချစ်ရတဲ့ ကောင်မလေးရုံးနောက်ကျနေပြီဆိုရင်တောင် ရထားဘီးများ ပေါက်လို့လားဆိုပြီး ကြံဖန်နားလည်ပေးတတ်ကြပါတယ်။ ကိုယ့်ကောင်မလေး ဖြစ်စေချင်တဲ့ကိစ္စ ၊ လုပ်ချင်တဲ့အလုပ်မှန်သမျှ မဖြစ်ဖြစ်အောင် ချွေးကိုရင်း ခန္ဓာကိုယ်ကို စတေးပြီး စေတနာဝန်ထမ်းကြီးဖြစ်မှန်းမသိ ဖြစ်လာကြပါတယ်။ သူမအမှားမှန်သမျှကိုလည်း သင်ပုန်းချေပေးပြီး ရှေ့ဆက်ဘယ်လိုဖြစ်သန်းသွားကြမလဲဆိုတဲ့ အတွေးမျိုးနဲ့ ပြုံးပျော်နေကြသူများဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/6d/6df2cc3fe3db3cf547bf96b5e6babc72f905ebd6.jpg

၅။ အချိန်ပေးလာတယ်

ကိုယ်တကယ် ချစ်မိပြီဆိုရင် သူမနဲ့ကုန်ဆုံးရမယ့် အချိန်တွေကိုတန်ဖိုးထားလွန်းလို့ စက္ကန့်တွေတောင် စိန်စီထားချင်လာပါတယ်။ ကိုယ့်တစ်နေ့တာ ၂၄နာရီလုံးလုံး သူမနဲ့ပဲ ကုန်ဆုံးချင်လာပါတယ်။ သူမနဲ့တွေ့ဆုံပြီးရင်တောင် အတွေးထဲမှာ စိုးမိုးလွန်းတဲ့အတွက် အိပ်မက်ထဲထိတောင် အလည်ခေါ်ကြသူများဖြစ်ပါတယ်။

ဒီအချက်လေးတွေနဲ့ ကိုက်ညီနေရင်တော့ ကိုယ်ဟာ တစ်ယောက်ယောက်ကို အချစ်စစ်နဲ့ချစ်မိနေတာ သေချာနေပါပြီ။ ကိုယ့်မှာတကယ်စွဲစွဲလမ်းလမ်းချစ်ရတဲ့ ကောင်မလေးရှိလာရင်တော့ တွေဝေမနေပါနဲ့ ။ ချက်ချင်းပဲ ရင်ဖွင့်လိုက်ပါတော့။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T