ငါးတစ်ကောင်တည်းကို ၂၂ သိန်း ရရှိသွားတဲ့ မြိတ်မြို့က တံငါသည်ကြီး

//s9.kh1.co/1c/1c7cb95cdf6cd73fc89c76ded0391d4a677ee28b.jpeg
ဗဟုသုတအဖြာဖြာ

 ၂၂-ပြီ-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

ငါးတစ်ကောင်တည်းကို ၂၂ သိန်း ရရှိသွားတဲ့ မြိတ်မြို့က တံငါသည်ကြီး

မြိတ်ဒေသက တံငါသည်တစ်ဦး ငါးတစ်ကောင်ကို သိန်း ၂၂ သိန်းနဲ့ ရောင်းထွက်သွားတဲ့ အကြောင်းအရာဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 

တံငါသည်ကြီး ၂၂ သိန်းနဲ့ ရောင်းလိုက်တဲ့ ငါးက ကသမျှင်ငါး (အမ) လို့ သိရပါတယ်။ ကသမျှင်ငါး က တန်ဖိုးအလွန်ကြီးတဲ့ ငါးဖြစ်ပြီး သူ့တစ်ကောင်ရဲ့ ပေါက်စျေးက ပုံမှန်ဆို သိန်း ရာနဲ့ချီတောင် ပေါက်စျေးရှိတယ်လို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 

အထီးစျေးက အမစျေးထက် ပေါက်စျေး ပိုမြင့်ပြီး ငါ့မှာပါတဲ့ စီပေါင်းက အဓိက အစိတ်အပိုင်းအနေနဲ့ စျေးကြီး ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။အထီးရဲ့ စီပေါင်းက အမ စီပေါင်းထက်ပိုပြီးထူတာကြောင့် ကသမျှင်ငါးရဲ့ အထီးစျေးက ပိုပြီးတယ်လို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 

ဘုရင့်နောင်ပွဲရုံမှာဆိုရင် ကသမျှင်ငါးကို လေလံဆွဲပြီး ရောင်းချတဲ့အထိ ရှိတယ်လို့ သိရပါတယ်။ လေလံအောင်သွားတဲ့သူက ကသမျှင်ငါးဗိုက်ကိုခွဲ အထဲက စီပေါင်းကို ထုတ်ကာ နေပူမပြဘဲ အခြောက်ခံတယ်လို့ သိရပါတယ်။ခြောက်သွားတဲ့ စီပေါင်းကို တယုတယလေး ကတ္တီပါအိတ်လေးထဲ ထည့်ကာ ယူသွားကြတယ်လို့ သိရပါတယ်။တရုတ်ကုန်သည်တွေ အဓိက ဝယ်ယူကြတယ်လို့ သိရပါတယ်။

Google
Google

စီပေါင်းစျေးနှုန်းက သိန်းပေါင်းများစွာ တန်နေရတဲ့ အကြောင်းအရင်းကတော့ စီပေါင်းကို တန်ဖိုးကြီး ရေမွှေးထဲထည့်သွင်း အသုံးပြုတာကြောင့်လို့ သိရပါတယ်။ ဒါကြောင့် ကသမျှင်ငါးက အင်မတန်ကို စျေးကြီးနေတာ ဖြစ်ပါတယ်။ တံငါသည်တွေအနေနဲ့လည်း ကသမျှင်ငါးကို ဖမ်းမိရင် ထီပေါက်သလို ပျော်ကြတယ်လို့ သိရပါတယ်။

Google
Google

တစ်ကောင်တည်းကို ငွေကျပ်သိန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ မြန်မာပြည်ရဲ့ ကသမျှင်ငါးအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးလိုက်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T