သင်မသိတဲ့ ယောကျာ်းလေးတွေရဲ့လျှို့ဝှက်ချက် (၇) ခု

//s9.kh1.co/04/043516afcad12db8af99ce69b1e3e87ad05e8997.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ပြီ-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

သင်မသိတဲ့ ယောကျာ်းလေးတွေရဲ့လျိှု့ဝှက်ချက် (၇) ခု

https://s9.kh1.co/__image/w=650,h=434,q=100/b9/b9c473cc84473296dd96cc56ea329fdc88b843b7.jpg

၁။ အတင်းတုပ်တာ

မိန်းကလေးတွေ အတင်းတုပ်တာလောက် သူတို့သနားတယ်။ အတင်းတုပ်တာလို့ အမည်မတပ်ပေမယ့် သူတို့ချင်းဆုံပြီဆို လက်ပံပင်ဆက်ရက်ကျသလိုပဲ၊ ဘယ်သူကဘာဖြစ်တာ၊ ဘယ်ကောင်မလေးဘယ်လိုဖြစ်သွားတာဆိုပြီး အချင်းချင်းပြောနေကြတာများ။ သူတို့ပြောတာ သွားနားထောင်လဲ နားမလည်ဘူး။ သူတို့ချင်းပဲနားလည်တာ။

https://s9.kh1.co/__image/w=650,h=418,q=100/dd/dd49f6529eb1a5c9ca0fdf3540b3e0019fbb35da.jpg

၂။ မနာလိုတာ

သူတို့မနာလိုဖြစ်ရင်မျက်စောင်းမထိုးဘူး၊ ရွဲ့မပြောဘူး။ စိတ်ထဲမှာ ကြိတ်ဖြစ်တာ။ ဟိုကောင် အဲရေမွှေးဆွတ်တာ၊ ဘယ်ဖိနပ်စီးတာကအစ စိတ်ထဲမှာ ကြိတ်ခံစားတာ။ နောက်ပြီး ကိုယ့် Crushကို တခြားအကောင်က မျက်နှာလိုမျက်နှာရလုပ်နေပြီဆိုလဲ အဲကောင်ကိုမနာလိုတာပဲ။ ဒါပေမယ့်မပြောဘူးနော်၊ စိတ်ထဲကြိတ်ခံစားတာ။

https://s9.kh1.co/__image/w=612,h=408,q=100/9e/9e9fe4070624663e5fd77c4d55a66b98d8a245b8.jpg

၃။ အကြိုက်ဆုံးမိန်းကလေးIdolရှိတာ

မိန်းကလေးတွေကို နင်တို့က ဟိုကောင်လဲကြိုက်၊ ဒီကောင်လဲကြိုက်ပြန်ပြီလို့သာပြောနေတာ။ သူတို့မှာလဲ အကြိုက်ဆုံး မိန်းကလေးIdolရှိပြီးသား။ လာမထိနဲ့၊ ထိလို့ကတော့ ကက်ကက်လန်စွာပြီပဲ။

https://s9.kh1.co/__image/w=650,h=362,q=100/64/64bcc640a5a0de66a032796ddab8d2d3ce812dd9.jpg

၄။ အထာကိုင်တာ

မိန်းကလေးတွေမူတယ်ပြောတယ်။ ယောကျာ်းလေးတွေကပိုဆိုး၊ Crushဆီက စာဝင်နေမှန်းသိရက်နဲ့ အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး ပြီးမှစာပြန်တာမျိုးတွေ၊ အများကြီးပဲ သူတို့တွေအထာကိုင်တာ။

https://s9.kh1.co/__image/w=650,h=409,q=100/98/987788cedbb04b563ea48012e57b52067e152dee.jpeg

၅။ ကြည့်ကောင်းအောင်နေတတ်တာ

အိမ်ကနေ ဒီလိုပဲဆံပင်စုတ်ဖွားနဲ့ထွက်လာတာ၊ အဲလိုပြော ဘယ်တော့မှမယုံနဲ့၊ မျက်နှာသစ်ပြီးသုံးရတဲ့ Skin Careရယ်၊ ဆံပင်ပုံသွင်းနေရတာနဲ့အချိန်ကို ယူနေတော့တာ။ မှန်ရှေ့မကြည့်ဘဲလဲ မထွက်လာနိုင်ဘူး။ဆံပင်ပုံသွင်းတာ အဆင်မပြေတဲ့ရက်ဆို သူတို့လဲ မိန်းကလေးတွေနည်းတူ စိတ်မကြည်တဲ့ရက်ပဲ။

https://s9.kh1.co/__image/w=612,h=408,q=100/d9/d956947ac17fadcdbeeb28cd006f20b23e7d96b2.jpg

၆။ ဖိနပ်ရွေးတာ

ဒါကတော့ တစ်ချို့ယောကျာ်းလေးတွေမှလို့ထင်ပါတယ်။ တချို့တွေက ဖိနပ်အကြမ်းခံ စီးလို့အဆင်ပြေရင်တော်ပြီဆိုပေမယ့် တချို့တွေက သူတို့ဝယ်နေကျBrandမှ၊ ဖိနပ်ဝယ်ဖို့တစ်ခါပတ်ကြည့်ရင်မိန်းကလေးတွေထက်ဆိုးသေး၊ ဒါတောင် ဒေါက်မြင့်၊ ကျောက်တွေ အရောင်တွေ မပါဘူး၊ အကုန်အတူတူပဲကို။ နောက်ပြီး သူတို့ဖိနပ်တွေ Discountချရင် ရှေ့ဆုံးကနေပဲပြေးကြတာ။

https://s9.kh1.co/__image/w=550,h=747,q=100/26/26a3f67edc6fc666d9a519e65a988e03b33b1eff.jpg

၇။ ချိန်းတွေ့ဖို့ပြင်ပြင်ဆင်ဆင်

ချစ်သူနဲ့ ချိန်းတွေ့ရာမှာ လမ်းမှာပီကယ်လေးပဲ ကောက်ဝါးသွားပါတော့မယ်ဆိုတဲ့ ဟာသတွေက အလကား။ ရေမွှေးကို ကြောင်သေးနံ့ထွက်အောင်ဆွတ်ရတာ၊ မျက်နှာအဆီမပြန်ဖို့ ဘာလိမ်းညာလိမ်း၊ လက်ပတ်နာရီကဘယ်ဟာ၊ ဦးထုပ်ကဘာဆောင်းသွားမှာ။ သူတို့တစ်ခါပြင် မိန်းကလေးတွေနဲ့မခြားပဲ။

https://s9.kh1.co/__image/w=650,h=975,q=100/0c/0cd356aa858c9255257516004d00177264d816eb.jpg

ဒီလောက်ဆို သူတို့ရဲ့ လျှို့ ဝှက်ချက်တွေစုံပြီလို့ထင်ပါတယ်နော်။ နောက်တစ်ခါ မိန်းကလေးတွေ အကြောင်းရေးပေးမယ်နော်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T