Torrent Site ကရုပ်ရှင်ကားတွေကို မိုဘိုင်းဖုန်းနဲ့အလွယ်တကူ ဘယ်လိုဒေါင်းလုပ်ဆွဲကြမလဲ

//s9.kh1.co/42/42c453ff6c792f2bab5031505e3e1489a9dbc61b.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ပြီ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

Site တွေထဲမှာအလွယ်ဆုံးနဲ့ အမြန်ဆုံး Site ကိုရွေးချယ်ပေးထားပါတယ်

Covid-19 ရောဂါစဖြစ်ကတည်းက ရုပ်ရှင်ရုံတွေလည်းပိတ်၊ရုပ်ရှင်ထုတ်လုပ်ရေးတွေလည်းအကုန်ရပ်နားရပြီး ရုပ်ရှင်ကြိုက်တဲ့ပရိသတ်တွေတော်တော်များများလည်း ရုံတွေမှာကြည့်မရတော့တာကြောင့် Netflix တို့လို Streaming Service တွေကိုပဲ အားကိုးနေကြရပါတယ်။ဒါပေမဲ့ Streaming Service တွေပေါ်မှာကတချို့ရုံတင်ရုပ်ရှင်ကားကြီးတွေမရှိတဲ့အတွက် တော်တော်လေးကိုတိုင်ပတ်ပါတယ်။

Streaming Service များ
Streaming Service များ

အဲ့လိုအခြေအနေနဲ့ကြုံရပြီဆို အရင်ဆုံးပြေးစဥ်းစားမိကြမှာ Torrent Site တွေကနေ ရုပ်ရှင်တွေဒေါင်းလုပ်ဆွဲကြဖို့ပါ။ဒါပေမဲ့ အဲ့လို Site တွေကနေဒေါင်းဖို့က အလုပ်လည်းရှုပ်ပြီး ခက်လည်းခက်တာများပါတယ်။အဲ့အပြင် Torrent Site တွေကနေဒေါင်းလုပ်ဆွဲတာက ရုပ်ရှင်အတွက်ဘာအကျိုးအမြတ်မှမရပဲ ကိုယ်ကအလကားခိုးကြည့်လိုက်သလိုပုံစံကြီးပါ။ဒါပေမဲ့တခြားကလည်းကြည့်စရာမရချိန်မှာတော့ Torrent တွေကပဲဒေါင်းရပါတယ်။

YIFY Website Desktop view
YIFY Website Desktop view

အကောင်းဆုံးဝက်ဆိုဒ်ကတော့ Google မှာ YTS လို့ရိုက်ရှာလိုက်ရင် ထိပ်ဆုံးမှာပေါ်လာတဲ့ YIFY Movie Download ဖြစ်ပါတယ်။ဒီဝက်ဆိုဒ်ဟာ Torrent တွေထဲမှာအမြန်ဆုံးနဲ့ အလွယ်ကူဆုံးပါ။ရုပ်ရှင်ဇာတ်ကားတွေအများကြီးလည်းရှိပြီး ရုပ်ရှင်အသစ်တွေကလည်း အမြဲတမ်း Update တွေနဲ့ရှိပါတယ်။

Nord vpn and utorrent
Nord vpn and utorrent

ဒီဝက်ဆိုဒ်ကိုအသုံးပြုဖို့ Torrent Download application တစ်ခုနဲ့ VPN တစ်ခုလိုအပ်မှာပါ။VPN ကတော့ paid VPN ဖြစ်ရင်ပိုကောင်းပြီး Torrent application ကတော့ uTorrent ဆိုတဲ့ application ကအဆင်အပြေဆုံးပါ။

YIFY Website Mobile view
YIFY Website Mobile view

ပထမဆုံးအဆင့်အနေနဲ့ VPN ကိုဖွင့်ထားပြီး Browser တစ်ခုနဲ့ဝက်ဆိုဒ်ထဲဝင်ပြီး ဒေါင်းလုပ်ဆွဲချင်တဲ့ ရုပ်ရှင်ကားကိုရှာရပါမယ်။ရှာတွေ့ပြီဆိုဘေးမှာ Quality ရွေးပြီးဒေါင်းလုပ်ဆွဲဖို့ link ကိုအရင်ဒေါင်းရမှာပါ။

Quality ရွေးပြီးဒေါင်းလုပ်ဆွဲရပါမယ်
Quality ရွေးပြီးဒေါင်းလုပ်ဆွဲရပါမယ်

အဲ့လိုဆွဲလိုက်တာနဲ့ screen ထိပ်ပေါ်မှာ link ကိုဖွင့်ဖို့ပေါ်လာမှာဖြစ်ပြီး ဝင်လိုက်တာနဲ့ ကြိုတင်ထည့်သွင်းထားတဲ့ torrent application ထဲဝင်သွားမှာဖြစ်ပါတယ်။အထဲကိုဝင်လိုက်တာနဲ့ အလိုလိုဒေါင်းလုပ်စတင်ဆွဲနေပါပြီ။

link ကိုဒေါင်းလုပ်ဆွဲပြီးရင်ဝင်လိုက်ပါ
link ကိုဒေါင်းလုပ်ဆွဲပြီးရင်ဝင်လိုက်ပါ

ဝင်ကြည့်လိုက်ရင်ရုပ်ရှင်ကားနဲ့အတူ ဝက်ဆိုဒ်ရဲ့ကြော်ညာတွေဓာတ်ပုံတွေကိုပါ ဒေါင်းလုပ်ဆွဲနေပါပြီ။

ဝင်လိုက်တာနဲ့စဒေါင်းနေတာကိုတွေ့ရပါပြီ
ဝင်လိုက်တာနဲ့စဒေါင်းနေတာကိုတွေ့ရပါပြီ
ရုပ်ရှင်ကားနဲ့တခြားဖိုင်နှစ်ခုလောက်ကို ဒေါင်းလုပ်ဆွဲနေတာဖြစ်ပါတယ်
ရုပ်ရှင်ကားနဲ့တခြားဖိုင်နှစ်ခုလောက်ကို ဒေါင်းလုပ်ဆွဲနေတာဖြစ်ပါတယ်

တချို့ရုပ်ရှင်ကားတွေမှာ စာတန်းထိုးဖို့ Subtitle File ကိုပါတခါတည်းဒေါင်းလုပ်ဆွဲကြပေမဲ့ တချို့ကားတွေမှာတော့ ဝက်ဆိုဒ်ထဲပြန်ဝင်ပြီးအောက်က Download Subtitle ထဲမှာပြန်ဒေါင်းရမှာဖြစ်ပါတယ်။

Subtitle ကိုတော့ဒီနေရာမှာပြန်ပြီးဒေါင်းလုပ်ဆွဲရမှာပါ။
Subtitle ကိုတော့ဒီနေရာမှာပြန်ပြီးဒေါင်းလုပ်ဆွဲရမှာပါ။

ဒီဝက်ဆိုဒ်ဟာလိုင်းကောင်းရင်ကောင်းသလို ဒေါင်းလုပ်ဆွဲတာမြန်ပြီး တခြားဝက်ဆိုဒ်တွေလိုမျိုး ရက်နဲ့ချီကြာတာကြီးတွေတော့မဖြစ်ပါဘူး။ဒါကြောင့်ကိုယ်ကလက်ရှိနိုင်ငံတကာမှာ ရုံတင်နေတဲ့ရုပ်ရှင်ကားသစ်တွေကို ဦးဦးဖျားဖျားလည်းကြည့်ချင်တယ်ဆိုရင်တော့ အကောင်းဆုံး Torrent ဆိုဒ်ဖြစ်တဲ့ဝက်ဆိုဒ်ကနေ ဒေါင်းလုပ်ဆွဲပြီးကြည့်ရှုနိုင်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T