ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီဂျာမနီရဲ့ ချွေးတပ်စခန်းတစ်ခုမှာ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ ဂျူးလူမျိုးတို့ရဲ့ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းများ

//s9.kh1.co/31/3104878434ec9d9e3e7d87106197d2c90dc90f78.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ပြီ-၂၀၂၂ ၁၀pm · လွန်ခဲ့သော ၄ နှစ် က

.

၁၉၄၂ ၊ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလအတွင်း ပိုလန်နိုင်ငံမှာ ဂျာမနီခေါင်းဆောင် ဟစ်တလာရဲ့ အမိန့်ဖြင့် နာဇီဂျာမနီ၏ ချွေး တပ်စခန်းမှာ ဂျူးလူမျိုး ၆ သန်းခန့်ကို အဆိပ်ငွေ့ဖြင့် စနစ်တကျ သတ်ဖြတ်ခဲ့တဲ့ ထိတ်လန့်စရာ ဖြစ်ရပ်ကတော့ ယနေ့အချိန်ထိ သမိုင်းမှတ်တမ်းမှာ ထင်ကျန်ခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

1939 ခုနှစ် စက်တင်ဘာလမှာ ဂျာမနီဟာ ပိုလန်ကို ကျူးကျော်လာခဲ့ပြီးနောက် စစ်အစိုးရက ဂျူးလူမျိုးများကို ခွဲခြားသတ်မှတ်ဖို့အတွက် ဂူသွင်းနေရာများကို တည်ဆောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဂျာမန်တို့က ဥရောပတစ်ခွင်ကို သိမ်းပိုက်ခဲ့ပြီး ထောင်နှင့်ချီတဲ့ စခန်းများနှင့် အခြားသော ထိန်းသိမ်းရေးစခန်းများကို တည်ထောင်နိုင်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

၁၉၄၂ ခုနှစ် ဇန်နဝါရီလမှာ ဘာလင်မြို့Wannsee ညီလာခံမှာ အစိုးရအကြီးတန်းအရာရှိများက နာဇီများရဲ့ သုတ်သင်ရှင်းလင်းရေးမူဝါဒတွင် ဂျူးလူမျိုးခွဲခြားမှုကို အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

၁၉၄၃ ခုနှစ် နွေရာသီမှာ ဟစ်တလာရဲ့ အမိန့်ဖြင့် ဂျာမနီစစ်တပ်နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ခဲ့တဲ့ Einsatzgruppen အဖွဲ့ဟာ ဂျူးလူမျိုး ၁.၅ သန်းခန့်ကို အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများစွာကို လုပ်ဆောင်ခဲ့ပြီး သတ်ဖြတ်ခဲ့ကြပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဒါ့အပြင် ၁၉၄၂ ခုနှစ်မှာလည်း အချို့ကို ဓာတ်ဆီလူးသတ်ခြင်း၊ အစာအငတ်ထားပြီး အလုပ်ကြမ်းများ ခိုင်းစေခြင်း၊ ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများပြုလုပ်ခြင်းများအပြင် အခြားနည်းလမ်းမျိုးစုံဖြင့် သေဆုံးစေတဲ့အထိ စခန်းများမှာ သုတ်သင်ရှင်းလင်းခဲ့ကြပါတယ်။ အဆိုပါ သတ်ဖြတ်မှုကို ၁၉၄၅ ခုနှစ် မေလတွင် ဥေရာပမှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးသည်အထိ ဆက်လက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဥရောပရှိ ဂျူးလူဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ပိုလန်နိုင်ငံ ၊ အော့ဇ်ဝစစ် အကျဉ်းစခန်းမှ သန်းပေါင်းများစွာ သေဆုံးသွားတဲ့ ဂျူးလူမျိုးတို့ ဖိနပ် နဲ့ သူတို့ရဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပြတိုက်မှာ ယနေ့အချိန်ထိ ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - Wikipedia

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T