အသည်းကွဲ ဇာတ်လမ်းတစ်ပုဒ်မှာ ထွက်သွားတဲ့သူနဲ့ကျန်ခဲ့တဲ့သူ ဘယ်သူက ပိုပြီးနာကျင်ခံစားရမလဲ?... ဒီမေးခွန်းက တကယ်ကိုဖြေရခက်သလို တစ်ခါတလေမှာ ဖြေဖို့လည်းမလိုအပ်တဲ့ မေးခွန်းပါ။ ဘာကြောင့်လဲဆိုရင် ဒီအဖြေက ခံစားတဲ့သူရဲ့ပေါ်မှာ မူတည်ပြီး အဖြေအမျိုးမျိုးဖြစ်နိုင်လို့ပါပဲ...

ယေဘူယျပြောရရင် ထွက်သွားတဲ့သူကလည်း ကိုယ့်အတွက် နာကျင်နေတာတွေရပ်တန့်သွားအောင် ထွက်သွားတာဖြစ်သလို ကျန်ခဲ့တဲ့သူကလည်း အမှားတွေကြောင့် ကျန်တာခဲ့တာများပါတယ်။

နာကျင်အသည်းကွဲခံပြီး လမ်းမခွဲချင်ပဲ ခွဲပေးလိုက်ရတယ်၊ ချစ်ပေမယ့်လည်း ထားခဲ့မယ် ဆိုတာတွေက အပြောပါပဲ။ တကယ်တော့ လူတိုင်းလူတိုင်းရဲ့ စိတ်ထဲမှာ အချစ်ဆိုတာ သူတို့ကိုယ်တိုင်ပျော်ရွှင်ချင်ပါ။ ဘယ်သူကမှ ရိုက်ပြီးမချစ်ခိုင်းသလို ဘယ်သူကမှလည်း အတင်းမနာကျင်ခိုင်းပါဘူး။

ကိုယ်တိုင်က ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မယ် ဆိုတဲ့ အရာကိုပဲ ရွေးချယ်သွားကြတာဖြစ်တဲ့အတွက် ထွက်သွားတဲ့သူကလည်း ပိုနာကျင်ရတယ်လို့ ဆိုလို့လည်းမရသလို ကျန်ခဲ့သူကလည်း ကိုယ်နဲ့မထိုက်တန်လို့ ကျန်ခဲ့တာဖြစ်တဲ့အတွက် အရမ်းကြီးနာကျင်နေစရာမလိုပါဘူးနော်...

တကယ်တော့ နှစ်ဦးနှစ်ဖက်စလုံးက အစကတည်းကသာ တစ်ဖက်စွန်းမရောက်ပဲ မျှမျှတတလေး ချစ်ခဲ့မယ်ဆိုရင် ထွက်သွားစရာလည်းမလိုသလို ကျန်ခဲ့မှာလည်းမဟုတ်ပါဘူး။

ဒါကြောင့် အခုကစပြီး ချစ်ခြင်းမေတ္တာအသစ်ကို စတင်ထိတွေ့မယ်လို့ စဉ်းစားလိုက်ရင် အေးချမ်းပြီး တစ်ဖက်စွန်းမရောက်တဲ့ မျှမျှတတ အချစ်ရေးမျိုးကိုသာ ဖန်တီးပုံဖော်ကြဖို့အတွက် အကြံပေးပါရစေ...
Source from own creation
Photo credit from google