Forecasting Love and Weather ထဲကပတ်မင်ယောင် ဝတ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းလေးများ

//s9.kh1.co/7e/7e7357482e006b548e485cceff4e537eb999638a.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-ပြီ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

Forecasting Love and Weather ထဲကပတ်မင်ယောင် ဝတ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းလေးများ

မင်းသမီး ပတ်မင်ယောင်ဟာ What's Wrong With Secretary Kim ထဲမှာ အတွင်းရေးမှူးမလေးအနေနဲ့ သရုပ်ဆောင်ရင်း ဝတ်ခဲ့တဲ့ ဒီဇိုင်းလေးတွေက အရမ်းနာမည်ကြီးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/eb/eb05ec0cda3fb2b76c6343099d6b9d53ef9084f0.jpg

Office wear လေးတွေကို အဆင့်အတန်းရှိရှိလေးနဲ့ ခေတ်မီမီလေး ဝတ်ထားတာပါ။ Secretary Kim dress ဆိုပြီး ပုခုံးပေါက်လေးနဲ့ ချည်ဖွန် ဂါဝန်လေးဆို မြန်မာနိုင်ငံမှာပါ အရမ်း ခေတ်စားလိုက်သေးတာနော်။

https://s9.kh1.co/__image/w=650,h=429,q=100/dd/dd4aa1f869a0aa33a69466c8a80ca52c36d2cd9d.jpg

အခု ၂ပိုင်းပဲ ပြရသေးတဲ့ Forecasting Love and Weather ထဲမှာလည်း ပတ်မင်ယောင်က မိုးလေဝသခန့်မှန်းသူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။

https://s9.kh1.co/__image/w=580,h=580,q=100/56/5642105e4356e171274331faa3a5d446eb7b8428.jpg

ဒီထဲမှာလည်း သူမရဲ့ ရုံးတက်တဲ့ ဖက်ရှင်ကို မရိုးမဆန်းလေး မြင်ကြရပါတယ်။ ဒီတစ်ခါတော့ မောင်လေး Song Kang နဲ့ တွဲတဲ့ မမ ဖြစ်နေတော့ ပိုပြီးတည်ငြိမ်တဲ့ ဒီဇိုင်းလေးတွေ ဝတ်လာတာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=580,h=580,q=100/fa/faf628cf96404273fbe7e0aa089f65f4acc50b55.jpg

ကိုရီးယားမလေးတွေ ထုံးစံအတိုင်း အင်္ကျီအပေါ်ထပ်လေးတွေနဲ့ Layered စတိုင် လုပ်ထားတာကို တွေ့ရမှာပါ။ နားကပ်သေးသေးလေးတွေနဲ့ ကပိုကရိုလေး အလှဆင်ထားပြီး မိတ်ကပ်ကိုလည်း တတ်နိုင်သမျှ သဘာဝအတိုင်း ပါးပါးလေးပဲ လိမ်းပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/07/07df142a7eb97eea50595650cd95ebb5151eabf1.jpg

အရောင်ရွေးချယ်ရာမှာလည်း Neutral ဘက်သွားတဲ့ အဖြူ၊ အညို၊ အသားရောင်၊ မိတ်ကပ်ရောင် စတဲ့ အရောင်ငြိမ်ငြိမ်လေးတွေပဲ ရွေးထားတာ တွေ့ရပါတယ်။ တည်ငြိမ်သူ မမပေါ့။

https://s9.kh1.co/__image/w=580,h=580,q=100/e2/e290e7276567833eb6a2f1c43b065a29d0b008a4.jpg

သူမက ဒီထဲမှာ အရမ်းစျေးကြီးတာတွေ မဝတ်ဘဲ တကယ့် ရုံးဝန်ထမ်း မိန်းကလေးတွေ တတ်နိုင်ကြတဲ့ ပုံစံမျိုးပဲ ဝတ်ထားပါတယ်။ ဒါကြောင့်လည်း သူမရဲ့ ဖက်ရှင်တွေက လိုက်ဝတ်လို့ လွယ်တာကြောင့် ပိုခေတ်စားတာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/eb/eb05ec0cda3fb2b76c6343099d6b9d53ef9084f0.jpg

အခုမှ အပိုင်း ၂ ပဲ ထွက်ရသေးတာတောင် သူမရဲ့ တချို့ ဒီဇိုင်းလေးတွေက ဆိုင်တွေမှာ ရောင်းမလောက် ဖြစ်နေပါပြီတဲ့။ နောက်အပိုင်းတွေမှာ ဘယ်လောက်တောင် လှဦးမလဲဆိုတာ ဆက်ကြည့်ရအောင်နော်။

Ref : https://kbizoom.com/check-the-price-of-the-outfits-that-park-min-young-wears-in-forecasting-love-and-weather/

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T