ဖက်ထုပ်အိုးကပ်ကြော်ပူပူအိအိလေး လုပ်စားကြမယ်...

//s9.kh1.co/92/92a3e6465a66dc0f0019aac21868b080872dbfec.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ပြီ-၂၀၂၂ ၉pm · လွန်ခဲ့သော ၃ နှစ် က

ဖက်ထုပ်အိုးကပ်ကြော်ပူပူအိအိလေး လုပ်စားကြမယ်...

ဖက်ထုပ်ဆိုရင် ဘယ်လိုမျိုးစားရတာကို သဘောကျလဲ?... အပြုတ်လား ? အကြော်လား? အပေါင်းလား?

ဖက်ထုပ်ဆိုရင်ကြော်တာကြီးလည်းမစားချင်၊ပေါင်းတာကြတော့လည်းအချိန်ကြာတယ်၊ ပြုတ်တာကြပြန်တော့လည်း မကြိုက်ဘူးဆိုတဲ့သူတွေအတွက် ကြော်တစ်၀က်ပြုတ်တစ်၀က်အရသာနဲ့ စားလို့ကောင်းတဲ့ ပူပူအိအိ ဖက်ထုပ်အိုးကပ်ကြော်လုပ်နည်းလေးကို ဒီနေ့မှာ ပြောပြပေးသွားပါမယ်နော်...

https://s9.kh1.co/__image/w=500,h=500,q=100/ce/cee70d62d81da5cb3673cda2c6568476274ae8b5.jpg

ပါ၀င်ပစ္စည်းတွေကတော့...

_ဖက်ထုပ်ရွက်(ကိုယ်တိုင်ဂျုံနဲ့ လုပ်ချင်လည်းရသလို ကိုယ်တိုင်လုပ်ရမှာ လက်၀င်တယ်ထင်ရင် ready made ဖက်ထုပ်ရွက်တွေ၀ယ်နော်)

_ မိမိကြိုက်နှစ်သက်ရာ အသားတစ်ခုခုကို သုံးပါ

_ မုန်လာဥနီ ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်

_ ဆီအနည်းငယ်၊ ရေ

_ ငရုတ်ကောင်းမှုန့်၊ အရသာမှုန့် ၊ နှမ်းဆီမွှေး ၊ ကော်မှုန့်

https://s9.kh1.co/__image/w=650,h=434,q=100/d2/d20936fca57abb0eb387b3d6d2cce1f2c271afb7.jpg

ပြုလုပ်ပုံအဆင့်ဆင့်

(၁) အသားများကို နုတ်နုတ်ပါအောင်စဉ်းပြီး အရသာမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ကော်မှုန့်အနည်းငယ်ထည့်ကာ စေးပိုင်နေအောင်နယ်ထားပါ။

(၂) ကြက်သွန်နီ၊ ကြက်သွန်မြိတ်နဲ့ မုန်လာဥနီတို့ကို ကိုလည်းနုတ်နုတ်ပါအောင်စဉ်းပြီးအပေါ်က နယ်ထားတဲ့ကြက်သားထဲထည့်ကာ စေးပိုင်နေအောင်ထပ်နယ်ပါ။

https://s9.kh1.co/__image/w=650,h=366,q=100/1f/1f234a00f6fe08dbb27620495f9ecc82b9d0c0ef.jpg

(၃) ဖက်ရွက်များကို တစ်လွှာနဲ့ တစ်လွှာ ကပ်မနေအောင် ဆီလေးနည်းနည်းစွပ်ပြီးကိုင်ပေးပါနော်...ပြီးရင်တော့ တစ်လွှာချင်းဆီခွာလို့ရသလောက်ခွာထားပါ။

(၄) ဖက်ရွက်တစ်ခုချင်းစီထဲကို အသားလုံးစေးစေးများကိုအနေတော်ထည့်ကာ ကိုယ်ကြိုက်တဲ့ ပုံစံ ဖက်ထုပ်လေးတွေစထုတ်လို့ရပါပြီ( ထုပ်တဲ့ပုံစံက ကိုယ်လိုချင်သလို ပုံစံမျိုးစုံထုပ်လို့ရပေမယ့် အဓိကက အသားလုံးအပြင်ထွက်မကျအောင် တင်းတင်းရင်းရင်းထုတ်ဖို့လိုအပ်ပါတယ်နော်)

https://s9.kh1.co/__image/w=650,h=650,q=100/a6/a63ae25baf42edb75bcdc1fdc19d32de636052c3.jpg

(၅) ကဲ... အခုဆိုရင်တော့ စပြီး ဖက်ထုပ်အိုးကပ်လုပ်ကြရအောင်နော်... ဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း၂ ဇွန်းလောက်ထည့်ပါ။

(၆) ဆီပူလာပြီဆိုရင်တော့ ဖက်ထုတ်လေးတွေကို တစ်ခုနဲ့တစ်ခု ထပ်မနေအောင် ဂရုစိုက်ပြီး စီစီရီရီလေး ထည့်လိုက်ပါ။

(၇) ဆီပူနဲ့ဖက်ထုပ်ထိပြီး ဖက်ထုပ်ဖင်လေးတွေက ရွှေအိုရောင်သမ်းလာပြီး အိုးဖင်နဲ့ကပ်နေပြီဆိုရင်တော့ အပေါ်ကနေဖက်ထုပ်မြုပ်လောက်တဲ့အထိရေလောင်းထည့်လိုက်ပါ။(ပြီးရင်တော့ အဖုံးလေးအုပ်ထားလိုက်ပြီး ၁၀မိနစ် ၁၅ မိနစ်လောက်အိုးထဲထားလိုက်ပါနော်)

https://s9.kh1.co/__image/w=650,h=650,q=100/84/8492f6c9373161b89a7dc036ff775e0f353076a1.jpg

(၈) အိုးအဖုံးဖွင့်ကြည့်လို့ ရေတွေခမ်းလာပြီး ဖက်ထုတ်လေးတွေက အရောင်စိုစိုလေးနဲ့ဖြစ်လာပြီဆိုရင်တော့ အရသာရှိတဲ့ဖက်ထုပ်အိုးကပ်ပူပူလေးကိုရရှိပါပြီနော်...(မိမိကြိုက်နှစ်သက်ရာ အချဉ်လေးနဲ့တွဲပြီးစားကြည့်နော်)

https://s9.kh1.co/__image/w=612,h=408,q=100/0b/0b12a97b1c4bbc4c31a0d1954c4966a2509d3c92.jpg

ဖက်ထုပ်ဖင်ကကြွပ်ကြွပ်မဲမဲလေးနဲ့ အပေါ်က ပေါင်းထားသလို အိအိလေးဖြစ်နေတဲ့ဖက်ထုပ်အိုးကပ်လေးက သိပ်ကိုအရသာရှိတာမလို့ အားလုံးပဲအိမ်မှာလုပ်စားကြည့်ကြဉီးနော်...

Source From Own creation

Photos credit from google

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T