သင်္ကြန်ကာလမှာ စားလေ့စားထရှိတဲ့ မွန်ရိုးရာသင်္ကြန်ထမင်း

//s9.kh1.co/84/8427ab0db90646f9b7b4394d9c97fb882e52adae.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ပြီ-၂၀၂၂ ၇am · လွန်ခဲ့သော ၃ နှစ် က

သင်္ကြန်ကာလမှာ စားလေ့စားထရှိတဲ့ မွန်ရိုးရာသင်္ကြန်ထမင်း

မြန်မာ့ရိုးရာ အတာ သင်္ကြန်ကာလရောက်မှ စားလို့ပိုကောင်းပြီး အရသာပိုပြီးရှိတဲ့ စားစရာလေးတွေ ရှိပါတယ်။ အဲဒီစားစရာလေးတွေထဲကမှ မွန်ရိုးရာသင်္ကြန် ထမင်းလေး အကြောင်း ပြောပြချင်ပါတယ်။ မွန်လူမျိုးတွေရဲ့ စားစရာတွေထဲက တစ်ခုဖြစ်တဲ့ သင်္ကြန်ထမင်းကို သင်္ကြန်ကာလရောက်ရင် စတုဒီသာအဖြစ် ကျွေးမွေးလေ့ရှိပါတယ်။ ဟိုးအရင်အချိန်တွေတုန်းကတော့ သင်္ကြန်ထမင်းကို သင်္ကြန်ရေစိုစိုမှာ ရေပတ်ခံထွက်ပြီး ပြန်လာရင် ဗိုက်ဆာဆာနဲ့ စားကြပါတယ်။

https://s9.kh1.co/__image/w=493,h=370,q=100/14/1439369457e628f4cdd2d097b26619a886ce4def.jpg

ရေစိုစို ဗိုက်ဆာဆာဖြစ်နေတဲ့ အချိန်မှာ သင်္ကြန်ထမင်းကို စားရင်ပိုပြီး အရသာရှိတယ်လို့ ရှေးလူကြီးတွေရဲ့ ပြောစကားအရ သိရပါတယ်။ သင်္ကြန်ထမင်းစားပုံလေးကို ပြောပြီးပြီဆိုတော့ သင်္ကြန်ထမင်းလေးအကြောင်းကို ရှင်းပြပေးသွားပါမယ်နော်။

https://s9.kh1.co/__image/w=500,h=333,q=100/b7/b74cdda835b49c2915cb7b031618213d81c99a37.jpg

မွန်ရိုးရာ သင်္ကြန်ထမင်းလေးက နူးအိနေအောင် တည်ထားတဲ့ ထမင်းကိုမှ အပေါ်က ဖယောင်းရည် (သို့) နံ့သာရည်လေး စမ်းပြီးစားရတာဖြစ်ပါတယ်။ သင်္ကြန်ထမင်းထဲမှာပါတဲ့ ဖယောင်းနံ့ နဲ့ နံသာနံ့ကို ကြိုက်တဲ့သူတွေ ရှိသလို မကြိုက်တဲ့ သူတွေလည်း ရှိပါတယ်။ တချို့ကလည်း အနံ့ပါတာမျိုးမကြိုက်လို့ ရိုးရိုးရေလေးနဲ့ စမ်းစားတာလည်း ရှိပါတယ်။

https://s9.kh1.co/__image/w=300,h=225,q=100/23/231c93a7ee997525361e392a2a2ba7ac706e160e.jpg

သင်္ကြန်ထမင်းကို ဒီအတိုင်း ဖယောင်းရည် စမ်းပြီးစားသလို ရေခဲတုံးလေးတွေ ထည့်ပြီး အေးအေးလေးလည်း စားကြပါတယ်။ သင်္ကြန်ထမင်းရဲ့ အသက်က ငါးခြောက်နဲ့သရက်သီးကို ကြက်သွန်နီ များများနဲ့ ထောင်းပြီး ကြော်ထားတဲ့ သင်္ကြန်ကြော်လေးဖြစ်ပါတယ်။ သင်္ကြန်ကြော်လေးရဲ့ အရသာက ချိုချဉ်အရသာလေးပါ။ ငါးခြောက်ထောင်းလေးရဲ့ အချိုဓာတ်နဲ့ သရက်သီးလေးရဲ့ အချဉ်ဓာတ်ပေါင်းစပ်ထားလို့ ချိုချဉ်လေး ဖြစ်နေတာပါ။

https://s9.kh1.co/__image/w=571,h=352,q=100/9f/9f9485c0d8a01ffd7d62bbcff3bab8fe643ad86e.jpg

သင်္ကြန်ထမင်းလေးစားရင် နောက်ထပ် မပါမဖြစ်လေးက ငရုတ်သီးကြော် ကြွပ်ကြွပ်လေးဖြစ်ပါတယ်။ ငရုတ်သီးကြော် ကြွပ်ကြွပ်လေးကို တစ်ကိုက်လောက်ကိုက်ပြီး သင်္ကြန်ထမင်းအေးအေးလေးကို သင်္ကြန်ကြော်လေးနဲ့ တစ်လုပ်လောက် စားလိုက်ရရင်တော့ လုံးဝကိုနတ်ပြည်တတ်သွားသလို ခံစားချက် ဖြစ်သွားစေမှာပါ။

https://s9.kh1.co/__image/w=650,h=390,q=100/00/00ba8593b7f03473c1ea420a09720f5ecbd1707a.jpg

တစ်ခါတစ်ခေါက်လောက်ကို မြည်းစမ်းကြည့်သင့်တဲ့ မြန်မာ့ရိုးရာ သင်္ကြန်ထမင်းလေးအကြောင်းကို ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ပါတယ်။

Source – Own Experience

Omage - Google

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T