ကိုယ့်ချစ်သူအပေါ် သဝန်တိုစိတ်နည်းအောင် ဘယ်လိုလုပ်ကြမလဲ?....

//s9.kh1.co/a0/a0b8c0b50bfd1c0a2db861a8f3fc9f86ce5d04e8.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-ပြီ-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

ကိုယ့်ချစ်သူအပေါ် သဝန်တိုစိတ်နည်းအောင် ဘယ်လိုလုပ်ကြမလဲ?....

ချစ်သူအပေါ် သဝန်အရမ်းတိုတတ်တဲ့သူတွေရှိလား?... ဒါဆိုရင်တော့ ဒီစာလေးကို ပြီးအောင်ဖတ်ကြည့်ပေးဖို့လိုနေပြီနော်...

https://s9.kh1.co/__image/w=650,h=325,q=100/fc/fce18b224e313a0bd302871df1675a8676d2718e.jpg

သဝန်တိုတယ်ဆိုတာ သမီးရည်းစားစုံတွဲတိုင်းမှာဖြစ်တတ်တဲ့ ချစ်စရာအလေ့ထလေးတစ်ခုပေမယ့် လိုတာထက်ပိုပြီး သဝန်တိုလာတဲ့အခါ သဝန်ကြောင်တဲ့အဆင့်ကို ရောက်သွားတတ်ပါတယ်။ သဝန်တိုတာက ချစ်ဖို့ကောင်းပေမယ့်လည်း သဝန်ကြောင်လွန်းတဲ့အဆင့်ရောက်သွားပြီဆိုရင်တော့ နှစ်ယောက်ကြားမှာ စိတ်ညစ်စရာအခြေအနေတွေဖြစ်လာနိုင်ပါတယ်... ဒါကြောင့် သဝန်တိုတဲ့စိတ်တွေ မများအောင် ဘာတွေလုပ်ကြမလဲ? ... ကိုယ့်ချစ်သူအပေါ်ကိုယ်ထားတဲ့သဝန်တိုတဲ့စိတ်ကို ဘယ်လိုလျော့နည်းအောင်ကြိုးစားကြမလဲ?

(၁) ယုံကြည်မှုရှိပါ

https://s9.kh1.co/__image/w=650,h=341,q=100/2e/2e4e7b6d498359d9c9600c1a7f71534a475f152b.jpg

သဝန်တိုတယ်ဆိုတာ ချစ်ဖို့ကောင်းပေမယ့်အကြိမ်ပေါင်းများလာတဲ့အခါ ဒါဟာ ယုံကြည်မှုနည်းလို့ဖြစ်လာတဲ့ခံစားချက်လို့ ကောက်ချက်ချလို့ရပါတယ်။ ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုအားနည်းတဲ့စိတ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတဲ့ စိတ်တွေကြောင့် ဖြစ်ပေါ်လာတယ်လို့လည်းဆိုလို့ရပါတယ်။ ရှင်းရှင်းပြောရရင် နှစ်ဦးကြားကအချစ်အတိမ်အနက်က နည်းပါးနေတယ်လို့ဆိုရမှာပါပဲ။ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ချစ်ခြင်းမေတ္တာကိုမှ သေချာမသိဘူးဆိုရင် တစ်ဦးပေါ်တစ်ဦးလည်း ယုံကြည်လာနိုင်တော့မှာမဟုတ်သလို သဝန်တိုတဲ့အဆင့်ကနေ သဝန်ကြောင်တဲ့အဆင့်အထိဖြစ်သွားစေနိုင်ပါတယ်။

(၂) ပွင့်ပွင့်လင်းလင်းပြောပါ

https://s9.kh1.co/__image/w=650,h=434,q=100/3e/3eb584f7f64edabf3e5ff497415c881f737477eb.jpg

ချစ်သူနှစ်ဦးကြားမှာ အလိုအပ်ဆုံးက ပွင့်လင်းမှုပါ။ ကိုယ်အကြိုက်တဲ့အကြောင်းအရာတွေ၊ ကိုယ်မဖြစ်ချင်တဲကိစ္စမျိုးတွေ၊ ကိုယ်လက်မခံနိုင်တဲ့အခြေနေတွေကို တစ်ဖက်ကချစ်သူသိထားအောင်ပွင့်ပွင့်လင်းလင်းပြောထားကာမှ မလိုလားအပ်တဲ့ပြဿနာတွေ နားလည်မှုလွဲတာမျိုးတွေဖြစ်မလာနိုင်မှာပါ။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောပြီး နားလည်မှုသာလက်ဦးမှုရအောင်ယူမယ်ဆိုရင် သဝန်တိုစရာအကြောင်းလည်းအများကြီးရှိတော့မှမဟုတ်ပါဘူး။

(၃) သူ့အပေါ်မှီခိုတွယ်တာလွန်းအားကြီးတဲ့စိတ်ကိုလျော့ပါ

https://s9.kh1.co/__image/w=650,h=412,q=100/90/9073d3b3c0b1113d99e175f984798154d10ac8c2.jpg

အချစ်ကြီးတဲ့သူတွေက သူများထက်ကိုပိုပြီးသဝန်တိုလွယ်ကြပါတယ်။ အရှင်းဆုံးပြောရရင် ဒီလူမှဒီလူဖြစ်နေတဲ့သူတွေက ပိုပြီးသဝန်ကြောင်တတ်ကြပါတယ်။ တစ်ဖက်သားကို ချစ်လို့ရပေမယ့် တစ်ဖက်သားကကိုယ့်နှလုံးသားအပေါ် အရမ်းကြီး စိုးမိုးလာတဲ့အခါ အဆုံးရှုံးမခံနိုင်လွန်းတဲ့စိတ်တွေဖြစ်ပေါ်လာပြီး သဝန်တိုခြင်းတွေက စတင်လာတော့တာပါပဲ။ ဒါကြောင့် ချစ်တာတော့ ချစ်ပါ ဘရိတ်လေးနဲ့ချစ်ဖို့တော့အကြံပေးပါရစေ...

(၄) တရားမှတ်ပါ

https://s9.kh1.co/__image/w=630,h=419,q=100/7c/7ce54d67252ac49933f2a85a9cf43508c2e05f3c.jpg

နောက်ဆုံးအချက်ကတော့ တရားမှတ်တာပါပဲ။ ရှင်းရှင်းပြောရရင်သဝန်တိုတယ်ဆိုတာ အတ္တတစ်မျိုးပါ။ လူတစ်ယောက်ကို ကိုယ့်အပိုင် ကိုယ်သာနိုင်ဆိုတဲ့ အတွေမျိုးနဲ့ သူတစ်ပါးကိုမပေးနိုင်တာဟာ အတ္တတွေထဲကအတ္တတစ်ခုပါပဲ။ တကယ်လို့ ကိုယ့် ပါတနာက ဘာမှလည်း ကိုယ့်အပေါ်အမှားမလုပ်ပဲ ကိုယ်ကပဲ သူ့အပေါ်အလွန်အကျူးကြီးသဝန်တိုချင်စိတ်တွေဖြစ်နေပြီဆိုရင်တော့ ကိုယ့်စိတ်လေးကို ငြိမ်အောင်ထားပြီး တရားမှတ်ကြည့်ဖို့အကြံပေးပါရစေနော်...

ကဲ... အခုကစပြီး သဝန်တိုတာလေးတွေကိုလျော့ပြီး ချစ်သူတိုင်းပိုချစ်နိုင်ကြပါစေနော်...

Source from own creation

Photos credit from google

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T