ကိုဗစ်အလွန် စီးပွားရေး ပြန်ဆွဲတင်ဖို့ ဆေးခြောက်ကို အသုံးချမဲ့ ထိုင်းနိုင်ငံ

//s9.kh1.co/e5/e5be71085fdb28d0ddbf7ebeb1d54b1ec6f48999.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ပြီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဆေးခြောက်ခရီးသွားလုပ်ငန်း ဖော်ဆောင်တော့မလား?

၂၀၁၉ နှစ်ကုန်ကစလို့ ၂၀၂၀ နဲ့ ၂၀၂၁ နှစ်နှစ်ဟာ ခရီးသွားလုပ်ငန်းတွေ အထိနာခဲ့ရတဲ့ နှစ်တွေ ဖြစ်ပါတယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ ရပ်တည်နေတဲ့ နိုင်ငံတွေဆို ပိုနစ်နာခဲ့ရပါတယ်။ အဲဒီထဲမှာ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံလည်း ပါပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e4/e4b23e7f166a9c1affa50e41711f2703b49212c0.jpg

ကိုဗစ်အလွန်မှာ ခရီးသွားလုပ်ငန်း ပြန်လည်ပတ်နိုင်ဖို့ ထိုင်းနိုင်ငံက ဖြေလျော့မှုတွေ အများကြီး လုပ်ပေးခဲ့၊ လုပ်ပေးလျက် ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/20/2038e06eeb61ed64bf863c6cd637da34da6a0fe9.jpg

ထူးခြားချက်တစ်ခုက နောက်ပိုင်း ခရီးသွားလုပ်ငန်းမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ဖို့ ဆေးခြောက်ကို အသုံးချမဲ့ အလားအလာတွေ တွေ့လာရတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=360,q=100/a8/a8b97c3d36903e992f16894a1302fe3d65537b4a.jpg

၂၀၂၂ ဇန်နဝါရီလမှာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီက ဆေးခြောက်ကို မူးယစ်ဆေးဝါး စာရင်းထဲက ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒီလိုပယ်ဖျက်ပေးမှုဟာ အရှေ့တောင်အာရှမှာ ပထမဆုံးပါပဲ။ ဒါကြောင့်လည်း ဒီသတင်းဟာ တစ်ကမ္ဘာလုံး ဟိုးလေးတကြော် ဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=360,q=100/ac/acc33b711ee4b851faf314ec567d59a5d452f3ff.jpg

မူးယစ်ဆေးဝါးစာရင်းက ပယ်ဖျက်ပေးပြီးတာနဲ့ လွှတ်တော်မှာ ဆေးခြောက်သုံးစွဲခွင့်နဲ့ စိုက်ပျိုးထုတ်လုပ်ရောင်းချခွင့် ဥပဒေမူကြမ်းကို တင်သွင်းထားပြီး ဖြစ်ပါတယ်။ ဒီဥပဒေ အတည်ပြုပြီးရင်တော့ အစိုးရဆီမှာ လိုင်စင်လျှောက်ပြီးတာနဲ့ လူတိုင်း ဆေးခြောက်စိုက်ခွင့် ရရှိသွားပါပြီ။  

https://s9.kh1.co/__image/w=650,h=390,q=100/d3/d338701e12fc1b91c29e5b0c2baf20ae08ee4f47.jpg

တကယ်တော့ ဒီလို တရားဝင် ခွင့်ပြုချက် မရခင်ကတည်းက ချင်းမိုင်၊ ဖူးခက်နဲ့ ပတ္တယား စတဲ့ မြို့တွေ ကမ်းခြေတွေမှာ ဆေးခြောက်စျေးကွက် ရှိနေခဲ့ပါတယ်။ ထိုင်းနိုင်ငံ အစိုးရကတော့ ဆေးခြောက်ကို အပျော်သုံးစွဲဖို့ထက် ဆေးကုသတဲ့နေရာမှာ အများအပြား သုံးသွဲဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=360,q=100/32/32e5275d473ea00489cab8ad866f611c53882163.jpg

Ref : https://www.theguardian.com/world/2022/apr/05/thailand-dreams-of-high-end-cannabis-tourism-after-marijuana-is-legalised

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T