သင့်အိမ်ထဲက လွှင့်ပစ်သင့်တဲ့ အရာများ.......

//s9.kh1.co/23/232c508615de9891282584fe243c54d8aff1eb9d.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-ပြီ-၂၀၂၂ ၈pm · လွန်ခဲ့သော ၃ နှစ် က

သင့်အိမ်ထဲက လွှင့်ပစ်သင့်တဲ့ အရာများ.......

သင့်ရဲ့ နေအိမ်မှာ စီးပွားရေး ၊ လူမှုရေး ၊ အချစ်ရေး ဒါမှမဟုတ် မမြင်အပ်တဲ့ နာနာဘဝတွေရဲ့ ခြောက်လှန့်မှု စတဲ့ ဖြစ်ရပ်မျိုးတွေကို ကြုံတွေ့နေရရင်တော့ သင်နေထိုင်တဲ့ နေအိမ် ၊ အခန်းတွေမှာ ကံဆိုးခြင်းတွေကို ဖိတ်ခေါ်နေတဲ့ သတိမထားမိတဲ့ အရာတွေရှိနေပြီဆိုတာပါ။ သင်ပြုလုပ်ထားတဲ့ အရာတွေက ကံကောင်းခြင်းတွေကို ပိတ်ပင်သွားသလို တစ်ခါတရံ အသက်အန္တရယ် ရင်ဆိုင်ကြုံတွေ့ရတဲ့အထိပါ ဖြစ်ပေါ်လာတတ်ပါတယ်။

ရှေးအစဉ်အဆက်က လူကြီးတွေပြောလေ့ရှိတဲ့ ဆိုရိုးစကားလည်း ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ယနေ့ထိအကျုံးဝင်နေသေးတဲ့ “ဈေးသုံးလည်းမကြွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့” ဆိုတဲ့ စကားပါ။သင့်အနေနဲ့ ကံဆိုးခြင်းတွေနဲ ကြုံတွေ့နေရရင်

တော့ နေအိမ် ၊ အခန်းတွေမှာ ဖော်ပြပေးမယ့်

အရာတွေရှိလားဆိုတာကို အမြန်ဆုံး စစ်ဆေးဖို့လိုအပ်ပါတယ်။

(၁) အိမ်ထဲမှာ ထီးကိုဖွင့်ထားခြင်း

https://s9.kh1.co/__image/w=500,h=328,q=100/f3/f3870340e625564323c73efebdc793512bf5c1eb.jpg

ဒါကတော့ လူတိုင်းနီးပါး မိုးတွင်းကလာတွေမှာ သတိမထားမိဘဲ လုပ်တတ်တဲ့အရာတစ်ခုပါ။ မိုးရွာထဲကနေပြန်လာရင် အိမ်ထဲတွေမှာ ထီးကိုဖွင့်ပြီး အခြောက်ခံကြပါတယ်။ ဒီလိုထီးဖွင့်ထားခြင်းဟာ ပစ္စည်းရေရှည်ခံဖို့အတွက် လုပ်တာဖြစ်ပေမယ့် ရှေးလူကြီးရဲ့ ဆိုရိုးစကားမှာတော့ လာဘ်လာဘ ပိတ်တတ်ခြင်းအပြင် မကောင်းတဲ့အရာတွေ ဝင်လာတတ်တယ်လို့ ဆိုပါတယ်။

(၂) ကျိုးပဲ့ပျက်စီးနေတဲ့နာရီ/ ကွဲအပ်နေတဲ့ မှန်များ

https://s9.kh1.co/__image/w=500,h=375,q=100/1f/1fb25ce9ad7c11d5f0a321a66d48c4d257a41efe.jpg

သင့်ရဲ့ နေအိမ်အတွင်းမှာ အသုံးမပြုတော့တဲ့ နာရီ (ဒါမှမဟုတ်) ကျိုးပဲ့ပျက်စီးနေတဲ့နာရီများ နှင့် ကွဲနေတဲ့ မှန်များကို မထားသင့်ပါဘူး။

ဒီလိုအရာတွေအိမ်ထဲမှာ ရှိနေခြင်းကလည်း  သင့်ရဲ့ဘဝမှာအဆင်မပြေမှုတွေကို ပိုပြီးကြုံရတတ်ပါတယ်။

(၃) လူသေဆုံးခြင်းနဲ့ ပတ်သက်တဲ့ ရုပ်ပုံ၊ ပန်ချီးကားများ

https://s9.kh1.co/__image/w=600,h=600,q=100/08/08779dcaf1500af65898424aff654c1b7d939d11.jpg

တချို့သူတွေဟာ သက်ဝင်လှုပ်ရှားပြီး အနုပညာဆန်လွန်းတဲ့ သေဆုံးခြင်းနဲ့ပတ်သက်တဲ့ ပန်းချီကားများ၊ ရုပ်ပုံများကို ဝယ်ယူပြီး နေအိမ်မှာ ထားတတ်ကြပါတယ်။  ဒီလိုပုံတွေကို အိမ်ထဲမှာထားခြင်းကလည်း မကောင်းတဲ့အရာတွေကိုဖြစ်ပေါ်စေပါတယ်။ ရုပ်ပုံများကို ဝယ်ယူပြီး နေအိမ်မှာ ထားတတ်ကြပါတယ်။  ဒီလိုပုံတွေကို အိမ်ထဲမှာထားခြင်းကလည်း မကောင်းတဲ့အရာတွေကိုဖြစ်ပေါ်စေပါတယ်။

(၄) ကန္တာရဆူးပင်များ စိုက်ပျိုးထားခြင်း

https://s9.kh1.co/__image/w=204,h=247,q=100/de/def62adc66d7e8488c5994de7d94a3ce4dca7a76.jfif

အလွန်များပြားလှတဲ့ အဆူးတွေပါရှိတဲ့

ကန္တာရဆူးပင်တွေဟာ ယနေ့ခေတ်မှာ အလှအပင်တစ်မျိုးအဖြစ် နေအိမ်တွေမှာ စိုက်ပျိုးကြပါတယ်။ ချစ်စရာ အလှအပင်လေးတွေဖြစ်ပေမယ့် သင့်ကိုကံဆိုးခြင်းတွေကို ဖိတ်ခေါ်လာပေးမယ့် အပင်ဖြစ်တာကြောင့်  အိမ်ထဲမှာမစိုက်ထားင့်တဲ့ အပင်ဖြစ်ပါတယ်။

(၅) ခြောက်သွေ့ သေဆုံးသွားတဲ့အပင်

https://s9.kh1.co/__image/w=500,h=332,q=100/d5/d5225a232a89b05a40e1cfe85e514bd7e0decc62.jpg

သင့်ရဲ့ အိမ်ထဲမှာ  အလှစိုက်ထားတဲ့ အပင်များခြောက်သွေ့ သေဆုံးသွားခြင်း (သို့မဟုတ်) ပန်းအိုးတွေမှာ ညှိုးနေတဲ့ အပင်တွေကို မလဲ မလွှတ်ပစ်ဘဲ ထားခြင်းကလည်း သင်နဲ့သင့်အိမ်သားတွေအတွက်  ကံဆိုးခြင်းတွေဖြစ်လာစေပါတယ်။

(၆) ဒိတ်အောက်နေတဲ့ ပြက္ခဒိန်

https://s9.kh1.co/__image/w=600,h=751,q=100/fb/fb553823a65dcc6b29dc2cccf5cf8f0ae33ebbf4.png

 နှစ်ကုန်ပြီးဒိတ်အောက်သွားတဲ့ ပြက္ခဒိန်ဟောင်း တွေကို သင့်ရဲ့ နေအိမ်မှာ ဆက်လက်ချိတ်ဆွဲ ထားတာကလည်း အိမ်လာဘ်လာဘပိတ်ပြီး အသက်တောင် တိုနိုင်တယ်လို့ရှေးလူကြီးတွေက ဆိုကြပါတယ်။ ဒီလိုဖော်ပြပေးတဲ့ အရာတွေကို  သင့်အိမ်မှာ မထားရှိဖို့ကိုလည်း သတိထားသင့်ပါတယ်။ တကယ်လို့ ရှိနေခဲ့ရင်လည်း အမြန်ဆုံး ဖယ်ရှား လွှင့်ပစ်ကြဖို့ အကြံပြုလိုက်ရပါတယ်။

Photo Credit - From Google / Getty Image Source - "ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ

မြန်မာ့ဗဟုသုတ ၁၀၀ စားအုပ်"

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T