လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ကျော်က "ဒုတိယ မြောက် သူရိယဝါရမန်" ဘုရင်ကြီးသည် နိဗ္ဗာန် ဘုံကို မြေပြင် ပေါ်တွင် တည်ဆောက်ရန် ကြိုးစားခဲ့သည်။

မအောင်မြင်ခဲ့ပေ။ သို့သော် ယခု ကမ္ဘောဒီးယား ဟုခေါ်ဆိိုသော အရပ်တွင် ထိုစဉ်က ပြည်သူလူထု တို့ တည်ဆောက်ခဲ့သည့် "အန်ကောဝပ်" ဘုရားကျောင်း သည်ကား အံ့သြဖွယ် ကောင်းခဲ့သည်။

"အန်ကောဝပ်" ဘုရားကျောင်းမှာ ယနေ့ခေတ် အထိပင် ဗိသုကာပိုင်းဆိုင်ရာ အောင်မြင်မှု တစ်ခု အဖြစ် အသိအမှတ်ပြုခံနေရဆဲ ဖြစ်သည်။ အကြောင်းမှာ အဆောက်အဦး ကို အဆက်များမပါဘဲ တစ်ခုလျှင် ပေါင် ၈၀၀၀ အထိလေးသော ကျောက်တုံးကြီးများနှင့် ဆောက်လုပ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

"အန်ကောဝပ်" ဘုရားကျောင်း ကို ၁၁၅၀ ခုနှစ်ဝန်းကျင် တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ အင်္ဂတေ လုံးဝမသုံးဘဲ တည်ဆောက်ခဲ့ကြသည်။ အလေးချိန်၊ ဖိအားတိို့ဖြင့် ထိန်းချုပ်ထားသည်။ ပရိ၀ုဏ် ဧရိယာ မှာ အကြမ်းအားဖြင့် ၁ စတုရန်းမိုင် ခန့်ကျယ်ဝန်းသည်။

သဲကျောက်တို့ တွင်ထွင်းထားသော ဟိန္ဒူဂန္တဝင် ပုဂ္ဂိုလ် များနှင့် ခမာစစ်ပွဲ ရှုမြင်ကွင်းများမှာ ကမ္ဘာ့အကောင်းဆုံးလက်ရာများဖြစ်ကြသည်။ တစ်ခေတ် တစ်ခါ က ကျော်ကြားခဲ့သော ခမာအင်ပါယာကို ၁၄၃၀ ခုနှစ်တွင် ယိုးဒယားတပ်များက ကျူးကျော်တိုက်ခိုက်မှုကြောင့် ပြိုကွဲ ခဲ့ရသည်။

နှစ်စဉ် "အန်ကောဝပ်" ဘုရားကျောင်းသို့ ခရီးသွားများ၊ ဘုရားဖူးများ များစွာလာရောက်ကြသည်။ "အန်ကောဝပ်" ဘုရားကျောင်း ဟာ ကမ္ဘာ့ အံ့ဖွယ်ဖြစ်သည်သာမက ကမ္ဘောဒီးယား နိုင်ငံ ရဲ့ အထိမ်းအမှတ်ပြယုဂ်လည်းဖြစ်သည်။

လက်ရာမြောက်လှတဲ့ ဗိသုကာ အနုပညာများကြောင့် နှစ်စဉ် သွားရောက်လေ့လာသူများ၊ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။